Saturday, August 15, 2009

နအဖ တရားသူကြီးတွေနဲ့  ရှေ့ နေတွေကို ဥရောပ သမဂ္ဂမှ လူဆိုးစာရင်းသွင်း။

ဥရောပ သမဂ္ဂကနေ ဒေါ်အောင်ဆန်းစုကြည်အား မတရား စီရင်ချက်ချမှတ်ခဲ့ကြတဲ့ တရားသူကြီး နှစ်ဦး ဖြစ်တဲ့ ဦးသောင်းညွန့် နဲ့  ဦးညီညီစိုး၊ တရားလို ရှေ့နေဖြစ်တဲ့ ဦးမြင့်ကြိုင်တို့ ကို အရေးယူ ဒဏ်ခတ်တဲ့အနေနဲ့  နအဖဘက်တော်သားများ စာရင်းထဲမှာ ထပ်ထည့်လိုက်ပါတယ်။
























မှားယွင်းနေတဲ့ နအဖတရားစီရင်ရေးကို သိမြင်ပါရက်နဲ့  မိမိတို့ ရဲ့  ကိုယ်ကျိုးအတွက်သာ ရှေ့ ရှူပြီး နအဖအလိုကျ ပြည်သူလူထုအပေါ်မှာ မတရားဆက်ဆံနေကြတဲ့ နအဖဘက်တော်သား (မ) တရားသူကြီးများနဲ့  ရှေ့ နေ (ပြည်သူ့ အတွက် နောက်၌သာ နေသော နောက်နေ) တွေကို ဥရောပသမဂ္ဂ ဒဏ်ခတ်ရုံသာမက ပြည်သူတစ်ရပ်လုံးကရော ဒဏ်ခတ်ခြင်းကို ခံရမှာပါ။
















ယခုထိတိုင်အောင် နောင်တ တရားမရသေးဘဲ နအဖမိစ္ဆာဒိဌိနဲ့ အလိုကျသာ လိုက်လုပ်နေဦးမယ်ဆိုရင် ယခုဘ၀သာမက နောင်ဘ၀အဆက်ဆက်အတိုင်းမှာလည်း အများတကာကနေ အနိုင်ကျင့်ခြင်းကို တစ်လှည့်ပြန်ခံကြရမယ့်သူတွေ ဖြစ်မှာပါ။

No comments: