Saturday, August 8, 2009

၈၈၈၈ ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်။
















၁၉၈၈ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့  ညက ရန်ကုန်မြို့ တော်ခန်းမရှေ့ မှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသော ကျောင်းသားလူငယ် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့  ဖြစ်ပါတယ်။

လက်နက်ကိုင် တပ်ဆင်ထားတဲ့ အာဏာရှင်လက်ပါးစေတွေရဲ့  ရှေ့ မှောက်မှာ ရဲရဲဝန့် ဝန့်  အံတုပြီး အမိမြန်မာပြည်နဲ့  ပြည်သူပြည်သားတွေ လွတ်လပ်ဖို့  ငြိမ်းချမ်းဖို့ အတွက် ပေးဆပ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဒီဓါတ်ပုံပါ အခြေအနေ မကြာခင်အချိန်လေးမှာ ရက်စက်ရိုင်းစိုင်းယုတ်မာကြတဲ့ အာဏာရှင်တွေနဲ့  လက်ပါးစေတွေကြောင့် ပြည်သူပေါင်းမြောက်မြားစွာ ဆုံးရှုံးခဲ့ကြရပါတယ်။

သို့သော်လည်း ၈၈၈၈ ရဲ့  စိတ်ဓါတ်နဲ့  ရဲဝန့် တဲ့သွေး၊ ယုံကြည်ချက် ခိုင်မာမှုနဲ့  ရှင်သန်နေဆဲ မျိုးဆက်တို့ ဟာ ယနေ့ ထိတိုင် ကမ္ဘာတည်သည့်တိုင် လုံးဝဥဿုံ မပျောက်ကွယ် မပျက်စီးဘဲ ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအတွင်းမှာ ပါဝင်ခဲ့သူအပေါင်းနဲ့  အသက်ပေး စွန့် လွှတ်ခဲ့ကြတဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်းအား အလေးအနက် ဦးညွှတ် ဂုဏ်ပြုလိုက်ပါတယ်။

No comments: