သြဂုတ်လ (၁၁) နော် (သို့ မဟုတ်) ပြည်သူနဲ့  အမေ့ အနာဂတ် သတ်ရဲသတ်ကြည့်လေ။
+TO+BULLY++THAN+SHWE+.+.+.+.+..jpg)
ရှစ်လေးလုံး မြင်တိုင်း ခြောက်
စစ်ခွေးတို့ ဥာဉ်အတိုင်း ကြောက်၊
ကြောက်ကာ ဒူးတွေ တုန်
စေါက်အာဏာရူးတွေ ဖြုံ၊
အပြစ်မဲ့ အမေနဲ့  ပြည်သူကို မတရားမဲ
စစ်ခွေးဥပဒေ ခွေးအကျင့်နဲ့  အစဉ်သာချဲ၊
ရက်တွေ့ ရွှေ့ ကာ အချိန်တွေစွဲ
အရှိန်တွေ ၀ဲသွားမယ်တော့ မထင်လေနဲ့ 
သြဂုတ်လ (၁၁) နော်။
စစ်ခွေးချူပ်တွေ ရှင်းစွာ သိဖို့ က
အမေဟာ - လူထုခေါင်းဆောင် အသဲနှလုံး
ပြည်သူ့ လမ်းပြကြယ် လူထုအနာဂတ်
ဒါတွေကို ဘာနဲ့ မှ ပြတ်သွားအောင် မဖြတ်နိုင်ဖူး မှတ်၊
အမေရဲ့  ရိုးသားဖြူစင်တဲ့ စွမ်းအားတွေကို ခွေးကျင့်ခွေးကြံနဲ့  သတ်ဖို့  ကြိုးစားတဲ့နေ့ 
အဲ့ဒီနေ့  - အမေက ဖြူစင်စွာ ချစ်ပြီး
အမေ့ကို ဖြူစင်စွာ ချစ်ကြတဲ့ ဒို့ ပြည်သူတွေအကြောင်း
စစ်ခွေးအပေါင်း ကောင်းကောင်း သိစေရမယ်
သြဂုတ် (၁၁) နော်။ ။
အမိမြေအတွက် ဖြူစင်သောစိတ်ရင်းဖြင့် <ချွန်မြစေ>
(စစ်ခွေး = တပ်မတော်အား ခုတုံးလုပ် တန်ဆာခံလုပ်ကာ ကိုယ်ကျိုးရှာနေကြသော နအဖနှင့် လက်ပါးစေများ)။
(အီးမေးလ်မှ ရရှိလာမှုအား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါတယ်)။
No comments:
Post a Comment