တိုင်းပြည်နဲ့  လူမျိုးကို တကယ် ချစ်တယ်ဆိုရင် လက်တွေ့ ကျကျ တကယ် ချစ်နိုင်ကြပါစေ။

မည်သည့်အချစ်တွင်မဆို စွမ်းအားတစ်ခု ရှိသည်ကို လူတိုင်း လက်ခံပေလိမ့်မည်။ ထိုစွမ်းအား၏ လှုံ့ဆော်မှုကြောင့်သာ မည်သို့မည်ပုံလုပ်ဆောင်ရမည့် အကြောင်းအရာ ဆက်တိုက်ဖြစ်ပေါ်လာစမြဲ ဖြစ်သည်။
ငယ်စဉ်ကလေးဘ၀မှ စ၍ လူငယ်ဘ၀ ၊ လူကြီးဘ၀ ၊ သေဆုံး သည့်တိုင် မိမိတို့ ပြုမူလုပ်ဆောင်ချက်များကို လေ့လာကြည့်ပါက ထိုအချက် သိသာထင်ရှားစွာ မြင်နိုင်ပါသည်။ မိဘနေရာသို့ ရောက်လျှင် ပို၍ပင် သိသာသည်ကို မည်သူမှ မငြင်းနိုင်ပေ။
၅၂၈ အချစ်သော်လည်းကောင်း၊ ၁၅၀၀ အချစ်သော်လည်းကောင်း၊ ဂရုဏာ အချစ်သော်လည်းကောင်း၊ တိုင်းပြည်နှင့် ပည်သူလူထူကို ချစ်သော အချစ်သော်လည်းကောင်း စသည့် မည်သည့် အချစ်တွင်မဆို ထိုအချစ်၏ စေ့ဆော်မူ့ကြောင့် အက်ရှင် (Action) ဆိုသော လုပ်ဆောင်မူ တစ်ခု ကပ်ပါလာစမြဲပင် ဖြစ်သည်။ စိတ်ထဲမှာဘဲထားသော အချစ်၊ ပါးစပ်ကဘဲ ပြောနေသော အချစ်ကား အချစ်စစ် မဖြစ်နိုင်ပေ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသော “The Voice of Hope” စာအုပ်တွင် အောက်ဖေါ်ပြပါအတိုင်း ပြောဆိုရေးသားထားပါသည်။
“Love is an action, not just a mind state,” “It is not enough to just sit there and send Thoughts of loving-kindness. One must put that love into action”
(Page No. 12., AUNG SAN SUU KYI, ‘THE VOICE OF HOPE’)
မည်သည့် အချစ်တွင်မဆို အက်ရှင် (Action) ပါသည်ကို ၂၀၀၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးက သက်သေပြခဲ့ပြီး ဖြစ်လေသည်။
အကြောင်းအမျိုးကြောင့် မိဘဖြစ်စေ၊ သားသမီးဖြစ်စေ၊ ညီအကိုမောင်နှမ၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေ သူငယ်ချင်းများ အဝေးတစ်နေရာ ရောက်လျင့်ကား မိမိတို့၏ အချစ်ကိုပြရာတွင်မိမိတို့တတ်နိုင်သော ဆေးဝါး၊ အသုံးအဆောင်၊ ငွေကြေး စသည့်ကဲ့ သို့သော အရာဝတ္ထုများကို ပို့ခြင်းဖြင့် ပြသကြသည်။ ထိုအရာအားလုံးမှာ အက်ရှင် (Action) ပါသော အချစ်ဆိုသည်ကို မည်သူမှ မငြင်းနိုင်ပေ။
ပြည်ပတွင် ရောက်နေသော လူတော်တော်များများမှ ဤကဲ့သို့သော အသံများကို အများဆုံး ကြားရပါသည်။ “ငါတို့လည်း ကိုယ့် မြန်မာနိုင်ငံကို အရမ်းချစ်ပါတယ် …. ဘာမှ မှ မတတ်နိုင်တာဘဲ” ဟု ပြောဆိုကြပါသည်။
ကိုယ့်မြန်မာနိုင်ငံကို ချစ်သော အဝေးရောက် ပြည်သူများ၊ အမျိုးကို ချစ်သော မြန်မာများ ကျွန်ုပ်တို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အထက်ဖေါ်ပြပါ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို သေချာ နားလည်ပြီး အက်ရှင် (Action) ပါသော အချစ်ဖြင့် တိုင်းပြည်နှင့် လူမျိုးအပေါ် အမှန်တကယ် လက်တွေ့ ကျကျ ချစ်နိုင်ကြပါစေ။
(ရေးသားသူ - တိမ်တိုက်) ။
No comments:
Post a Comment