Sunday, August 16, 2009

နစ်နေမန်း၏ စီဘောက်လင့်ခ် (http://www.niknayman.cbox.ws) အား တိုက်ခိုက်ခြင်း။

http://www.cbox.ws နှင့် http://www.niknayman.cbox.ws တို့ အား ဖျက်ဆီးလိုသူများမှ မနေ့ ညက ၀င်ရောက်တိုက်ခိုက်ခဲ့ပါသည်။


















ထိုသို့ တိုက်ခိုက်မှုမှာ ခေတ္တခဏသာမျှသာ ကြာမြင့်ခဲ့ပါသည်။ အဆိုပါ စီဘောက်များနေရာတွင် “67” အမည်ခံ စီဘောက်မှ အစားထိုးဝင်ရောက်တိုက်ခိုက်မှုအား တွေ့ ရှိရပါသည်။


















ထိုသို့  စီဘောက်များ (တိုက်ရိုက်လင့်ခ်) တိုက်ခိုက်ခံခဲ့ရသော်လည်း မူလအင်တာနက် ဘလော့စာမျက်နှာ၊ ၄င်းအတွင်းတွင်ရှိသော စီဘောက်နှင့် မူလ စီဘောက်ထိန်းချူပ်ရာနေရာများကို ထိခိုက်မှု မရှိခဲ့သောကြောင့် စီဘောက်များ ပြန်လည်ကောင်းမွန်ခဲ့ပါသည်။

အဆိုပါ “67” အမည်ခံ စီဘောက်နှင့် ဖျက်ဆီးမှုပြုလုပ်သူအား စုံစမ်းဖေါ်ထုတ်လျက်ရှိပါသည်။

နစ်နေမန်း၏ ဘလော့များ၊ အီးမေးလ်များနှင့် စီဘောက် ဗဟိုထိန်းချူပ်မှုနေရာများအား လုံးဝ ထိခိုက်မှု မရှိကြောင်း မိတ်ဆွေများအား အသိပေးအပ်ပါသည်။

လေးစားလျက် -

နစ်နေမန်း။

No comments: