Tuesday, September 1, 2009

ဆရာတို့ ရဲ့ အနစ်နာ၊ ၀ါသနာ၊ စေတနာဆိုတဲ့ နာ (၃) နာတွေ ပျောက်နေကြပါလား။

ကျွန်တော်တို.သည် အမျိုးသားစီမံခန့်ခွဲမှုနည်းပညာကောလိပ် (ဗိုလ်တထောင်) {ယခင်ဗိုလ်တထောင်ကောလိပ် (ခ) လုပ်သားကောလိပ်} မှ ကျောင်းသားများ ဖြစ်ကြပါသည်။

ကျွန်တော်တို့သည် ဒီပလိုမာအတန်းတက်သူများ ဖြစ်ကြပါသည်။ ယင်းကောလိပ်သည် အစိုးရ၏ ပညာရေးဝန်ကြီးဌာနမှ ဦးစီးကာ WINNER ပညာရေးဝန်ဆောင်မှုအဖွဲ.အစည်း နှင့် ပူးပေါင်း၍ ဒီပလိုမာအတန်းများဖြစ်သော DICT, DHE, DSE, DNE အတန်းများကို ဖွင့်လှစ်သင်ကြားလျက် ရှိပါသည် ။ သင်တန်းကာလမှာ တစ်နှစ်ဖြစ်ပြီး သင်တန်းပြီးလျှင် Project တစ်ခု တင်ပြပြီးမှသာ ဒီပလိုမာကို လက်ခံရရှိပါသည်။ ယင်းဒီပလိုမာသည် ပြည်တွင်း၌ အလုပ်အကိုင်ကောင်းများရရှိရန် အခွင့်အလမ်းများစွာ ရှိပါသည်။

ကျွန်တော်တို့ ပြောကြားလိုသောကိစ္စမှာ Project နှင့်ပက်သက်၍ ဖြစ်ပါသည်။ ယင်း Project ကို ကိုင်တွယ်ဦးစီးသော ဆရာတစ်ဦး ဖြစ်ပါသည်။ ၎င်း Project လုပ်ရာတွင် ကျောင်းသားအများစုလုပ်သော Project ပယ်ချခြင်း ခံရပါသည်။

အကြောင်းမှာ ယင်းဆရာသည် ၎င်းနှင့် သိသောသူများ၊ ယင်းကို လာဘ်လာဘထိုး၍ ကန်တော့သော ကျောင်းသား/ ကျောင်းသူများ ၊ နအဖနှင့် သက်ဆိုင်သောသူများ၏ Project ကို အသိအမှတ်ပြုပေးခြင်း ဖြစ်သည်။ ယင်း မကျေနပ်သောသူများဆိုပါက Project မည်သို့ပင် ကောင်းစေကာမူ အကြောင်းအမျိုးမျိုးပြကာ ပယ်ချလေ့ရှိသည်။

နှစ်စဉ် ကျွန်တော်တို့ ကောလိပ်တွင် ဒီပလိုမာရသောသူမှာ လက်ချိုး၍ ရေတွက်လို့ပင် ရရှိသည်။ အတန်းတစ်တန်းလျှင် ကျောင်းသား / ကျောင်းသူအယောက် (၄၀) တက်ပါက (၄) (၅) ယောက်သာ ဒီပလိုမာ ရရှိသည်။ ထိုရရှိသောသူများမှာ နအဖနှင့် ပက်သက်သောသူများ၊ ယင်းဆရာကို လာဘ်ထိုးသောသူများသာ ဖြစ်လေ့ရှိပါသည်။

၎င်းဆရာသည် သူ၏လုပ်ပိုင်ခွင့်အာဏာမှ အခွင့်အရေးများစွာယူကာ ကျောင်းသားကျောင်းသူများကို အလွန်အမင်းအနိုင်ကျင့်လျက် ရှိပါသည်။ ယင်းဆရာသည် ကြံ့ ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးအသင်းဝင်တစ်ဦး ဖြစ်ကြောင်းလည်း သိရှိရသည်။

ထိုအကြောင်းကို ကျောင်းသားအများစုက မကျေမနပ်ဖြစ်ကာ ကျွန်တော်တို့က ဦးစီး၍ ယခုကဲ့
သို့တင်ပြပေးခြင်း ဖြစ်ပါသည်။ ကျောင်းသားအများစုမှာ အချိန်ကုန်၊ လူပင်ပန်းဖြစ်ကာ ထိုကောလိပ်မှ နောက်ဆုံးတွင် ဘာမျှမရရှိလိုက်ပါ။

ယင်း မတရားမှုကို မကျေနပ်သောကြောင့် ယခုလိုသတင်းပေးတိုင်ကြားခြင်း ဖြစ်ပါသည်။

(အမျိုးသားစီမံခန့်ခွဲမှုနည်းပညာကောလိပ် ကျောင်းသူကျောင်းသားများ)။

No comments: