Monday, September 28, 2009

အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ၏ ရွှေဝါရောင်နှစ်ပတ်လည် လှုပ်ရှားမှု။

















အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ မှ စက်တင်ဘာလ (၂၇) ရွှေဝါရောင်နှစ်ပတ်လည်နေ့တွင် မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနား၊ ကလေး ၊ လားရှိုး၊ ပင်လုံနှင့် ရွှေဘို မြို့များတွင် ၄” x ၆” အရွယ်အစားရှိ ဒေါ်အောင်ဆန်စုကြည်ပုံပါ ပို့စကဒ် အစောင်ရေ (၁၀၀၀) ကျော်အား ဖြန့်ဝေသည့် လှုပ်ရှားမှုအား ပြုလုပ်ခဲ့ကြပါသည်။

ထိုလှုပ်ရှားမှု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသားတော် အရှင်သူမြတ်များ သွေမြေ ကျခဲ့သော ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကို ဦးညွတ် အလေးပြုသည့် အနေဖြင့် လည်းကောင်း ၊ သံဃာတော်များ ဦးဆောင်ပြီးပြုလုပ်မည့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇျန ကံဆောင် သပိတ်ကြီးမှတဆင့် အမျိုးသားလွတ်မြောက်ရေး လုပ်ရှားမှုကြီးကို ထောက်ခံသောအားဖြင့် လည်းကောင်း ပြုလုပ်ခြင်း ဖြစ်ပါသည်။

ထို့အပြင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇျန ကံဆောင် သပိတ်ကြီးမှတဆင့် အမျိုးသား လွတ်မြောက်ရေး လုပ်ရှားမှုကြီးတွင် အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ သံဃာတော် အရှင် မြတ်များ နှင့် အတူ လက်တွဲပြီး အောင်ပွဲရသည်အထိ စစ်အစိုးရအား တိုက်ပွဲဝင် သွားမည်ဖြစ်ပါသည်။

အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ။

No comments: