နအဖ ရွှေမန်းရဲ့  ညီ ဗိုက်ကြီး အောင်မြင့်။
နအဖ ဗိုလ်ချုပ်ကြီးသူရရွှေမန်းရဲ့ ညီ ဦးအောင်မြင့်ဆိုတာ ပဲနွယ်ကုန်းမြို့ပေါ်မှာ ရှိပါတယ်။ ရွှေမန်းရဲ့ မိခင်လည်း အဲဒီမြို့မှာပဲ လုံခြုံရေး အစောင့်အရှောက်တွေနဲ့ နေပါတယ်။
ရွှေမန်းရဲ့ ညီဖြစ်တာနဲ့တင် ဒေသခံ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက ကြောက်ရွံ့ လေးစား နေရပါတယ်။ ဗိုက်ကြီးအောင်မြင့်လို့ အဲဒီ ဒေသခံတွေ အကြား သိသူများပါတယ်။ အင်မတန် ဗိုက်ပူ ၀ဖြိုးပြီး ရိုင်းစိုင်း ရက်စက်စွာနဲ့ တပည့် လူမိုက်တွေ အများကြီး မွေးပြီး အင်မတန် စီးပွားရေး သောင်းကျန်းသူ ဖြစ်ပါတယ်။
ဥပဒေ အထက်မှာ နေပြီး မတရားတာ မှန်သမျှ အကုန်လုပ်သူဖြစ်လို့ လူမုန်းများပါတယ်။ ပဲနွယ်ကုန်း တမြို့လုံးက သတ်ချင်နေတဲ့ ဗိုက်ကြီး အောင်မြင့်ရဲ့ ငွေကြေး ချမ်းသာချက်ကတော့ ပြောမကုန်ပါ။ မဆလ ခေတ်က ဆောက်လုပ်ခဲ့တဲ့ ပြည်သူပိုင် စပါးလှောင် ဂိုဒေါင်ကြီးတွေဟာ အခုချိန်မှာတော့ ဗိုက်ကြီးအောင်မြင့် လက်ဝယ်ကို ရောက်ရှိပြီး နယ်ကထွက်တဲ့ စပါးအများစုကို သူသာလျှင် ပိုင်ဆိုင် သိုလှောင်နိုင်သူ ဖြစ်လာပါတော့တယ်။
ပဲနွယ်ကုန်းမြို့လမ်းမပေါ်မှာ လက်ညှိုးထိုး မလွဲတဲ့ လုပ်ငန်းတွေ ပိုင်ဆိုင်မှုတွေ သယ်ပို့ လုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။ သစ်ခိုးထုတ်တဲ့ လုပ်ငန်းကို သူ့နာမည်နဲ့ ထင်သလို ခုတ်လှဲ ခဲ့တာကြောင့်လည်း အနောက်ပိုင်း ရိုးမတကြော တောင်ကတုံး ဖြစ်ခဲ့ရတာပါ။
ရွှေမန်းရဲ့ အဖေဖြစ်သူဟာလည်း လူမိုက်ကြီးတဦး လက်ရဲ ဇက်ရဲရှိတဲ့ လူသတ်သမား တဦးဖြစ်တယ်လို့ ဒေသခံ သက်ကြီးပိုင်း အဆိုအရ သိရပါတယ်။ ဒီတော့ လူမိုက် ဥာဏ်မဲ့ ကိုယ်ကျိုးရှာ မျိုးရိုးကနေ ဆင်းသက်လာပြီး အာဏာရလာတဲ့ မန်းမျိုးဆက်တွေဟာ ဒီနေ့လို စစ်အာဏာရှင် ဖက်ဆစ် ပဒေသရာဇစ်စနစ် ခေတ်ကောင်းနေခိုက်မှာတော့ ထင်ရာစိုင်း ရိုင်းစိုင်း ယုတ်မာခွင့် ရနေအုန်းမှာ ဖြစ်ပါတယ်။ ဆက်လက် ယုတ်မာနေအုံးမှာ ဖြစ်တယ်။
အခု လောလောဆည်ဆည် စစ်ဘက်က ခင်းကျင်းနေတဲ့ နိုင်ငံရေး ခင်းကျင်းနေပုံကို သုံးသပ်ရရင် တိုးနိုင်မန်းလို လူမျိုးတွေဟာ ဖခင်တွေရဲ့ ကြိုးကိုင်မှုနဲ့ နိုင်ငံရေး အာဏာကို တဖက်လှည့် ရယူအုံးမယ့် အခြေအနေ ဖြစ်ပါတယ်။
ဒီတော့ တပ်တွင်းက ညီနောင် အရာရှိ စစ်သည်တွေ အမြင်မှန်ဖို့လိုပါတယ်။ စစ်ရေး သုံးသပ်ချက် တွက်ချက်တတ်ဖို့ လိုပါတယ်။ မကြာခင်အတွင်း ပြည်သူလူထုနဲ့ မိမိတို့ စစ်သားဘ၀ နိုင်ငံ့လက်တွေ့ဘ၀ကို ခံစားသိမြင်တဲ့ မျိုးချစ်စစ်သားတွေရဲ့ စစ်ရေးအမြင်နဲ့ အာဏာရှင် စနစ် ဖယ်ရှားရေး လုပ်ဆောင်ချက်တွေ စတင်ဖို့လိုပါပြီ။
ကျနော်တို့လို အကြောင်းအမျိုးမျိုးကြောင့် တပ်မတော်က နှုတ်ထွက်လာခဲ့တဲ့ စစ်သားဟောင်းတွေ ပြည်တွင်းမှာ အဆင်သင့် ရှိနေပါတယ်။ ပြည်သူလူထုနဲ့ တတန်းတစားထဲ နေထိုင်နေတဲ့ ကျနော်တို့ စစ်မှုထမ်းဟောင်းတွေ ပြည်သူ့ဆန္ဒကို အနီးစပ်ဆုံး သိရှိကြပါတယ်။
ရေပျက် မီးမမှန် အာဏာပိုင်တွေ နှိပ်စက်မှုကို လူးလှိမ့်ခံနေရတဲ့ အင်မတန် ဆင်းရဲသူ မြန်မာပြည်သူ လူထုကြီးဟာ လက်ရှိ စစ်တပ်တွင်းက မျိုးချစ်စစ်သားတွေရဲ့ ဖေါက်ထွက်လာမှုကို မျှော်လင့် ကြိုဆိုနေကြပါတယ်။
No comments:
Post a Comment