Monday, October 12, 2009

နအဖ အာဏာရူးကြီး သန်းရွှေပုံ ကာတွန်းထဲမှ ပုံရိပ်လွှာများ။


















(ယခုဖေါ်ပြထားသော ကာတွန်းပုံအား အကျယ်ချဲ့ ကြည့်ရှူပါက မြန်မာပြည်မှ ရဟန်းရှင်လူ ပြည်သူအပေါင်းရဲ့  ပုံရိပ်လွှာတွေကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်)။

ဒီကာတွန်းပုံကို သေသေချာချာ ကြည့်ရင် နအဖ အာဏာရူးကြီးသန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးတွေကြောင့် ရဟန်းရှင်လူ ပြည်သူအပေါင်းရဲ့  ဘ၀တွေ သေကျေပျက်စီး ဆင်းရဲဒုက္ခရောက်နေကြတာကို ဖေါ်ကျူးထားတာ တွေ့ ရပါလိမ့်မယ်။

ရင်ဘတ်က တံဆိပ်ပါ အရောင်မျိုးစုံနဲ့  လူပုံတွေကတော့ တိုင်းရင်သားတွေကို ရည်စူးထားသလို၊ လည်ပင်းအောက် နေရာက ပုံကတော့ သပိတ်ကို ကိုင်ထားတဲ့ သံဃာတော်ပုံကို ဖေါ်ကျူးထားတယ်လို့  ယူဆရပါတယ်။

ညာဘက်လက်အောက် အရိုးခေါင်းပုံအပွင့်အောက်က ပုံကတော့ ဘ၀တွေ ငတ်ပြတ်ဆင်းရဲလွန်းလို့  တောင်းရမ်းစားသောက်နေရတဲ့ ကလေးသူငယ်တစ်ယောက်ပုံသဏ္ဍန်အဖြစ် တွေ့ ရပြီး၊ ဦးထုပ်ရဲ့  ထိပ်ဆုံးမှာ ဖေါ်ပြထားတဲ့ အမျိုးသမီးပုံကတော့ နေအိမ်အကျယ်ချူပ် ကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပုံရိပ်လွှာသဏ္ဍန် ဖြစ်ပြီး ပြည်သူပြည်သားတွေရဲ့  ဘ၀တွေကို စာနာထောက်ထားနေတဲ့ အမူအယာလို့ ယူဆရပါတယ်။

မျက်နှာမှာဖေါ်ပြထားတဲ့ ပုံတွေကတော့ ဘ၀ဒုက္ခ အဖုံဖုံကို ခံစားနေကြရတဲ့ ပြည်သူတွေကို ရည်စူးထားတယ်လို့  ထင်မြင်ရပြီး၊ လက်မြောက်ထားတဲ့ ညာဘက်လက်ရဲ့  အင်္ကျီပေါ်မှာ မတ်တပ်ရပ်တန်းစီနေတဲ့ ပုံတွေကတော့ အာဏာရူးတွေရဲ့  ခုတုံးလုပ် အသုံးချခံနေရတဲ့ တပ်မတော်သားတွေပုံသဏ္ဍန်ဖြစ်ပြီး၊ လက်ချောင်းထိပ်လေးတွေမှာ ပါးစပ်ဟ စကားပြောနေတဲ့ပုံတွေကတော့ အာဏာရူးနအဖ ဗိုလ်ချူပ်ရူးကြီးတွေကနေ လက်သပ်မွေးထားတဲ့ နအဖဘက်တော်သား ပြည်သူ့ သစ္စာဖောက်လောက်ကောင်တွေလို့  ယူဆရပါတယ်။

ဘယ်ဘက်ပုခုံးးပေါ်က အရိုးခေါင်းအောက်မှာရှိတဲ့ ပန်းပွားကျနေတဲ့ပုံနဲ့  ညာဘက်ရင်ဘတ်ပေါ်က တံဆိပ်တွေကတော့ လူသေအခေါင်းပုံတွေ ဖြစ်ပါတယ်။ ရဟန်းရှင်လူ ပြည်သူလူထုကို သတ်ဖြတ်ပြီး အာဏာသက်ဆိုးရှည်ဖို့ အတွက် မိစ္တာဒိဌိဖြစ်နေကြတဲ့ နအဖ သန်းရွေနဲ့  ဗိုလ်ချူပ်ကြီးများရဲ့  ယုတ်မာပက်စက်မှုကို ဖေါ်ကျူးထားတာ ဖြစ်တယ်လို့  ယုံကြည်ရပါတယ်။

ဒီ နအဖခေါင်းဆောင်ကြီး သန်းရွှေရဲ့  ကာတွန်းပုံကို ယခုလို ပုံရိပ်လေးများ ထည့်သွင်းပြီး အဓိပ္ပါယ်အပြည့်နဲ့  ရေးဆွဲဖေါ်ပြတဲ့သူကတော့ သြစတြေလျ နိုင်ငံသား Mr. Alan Moir ဖြစ်ပြီး၊ ကုလသမဂ္ဂက ချီးမြှင့်တဲ့ “Winner 2nd Prize United Nations 'Political Cartoon of the Year 2004” ကို ရရှိခဲ့သူ ဖြစ်ပါတယ်။
























ယခုလို နအဖခေါင်းဆောင်ကြီး သန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးများရဲ့ ပုံစံ ကာတွန်းအား အောက်တိုဘာလ (၆) ရက်နေ့ ထုတ် The Age သတင်းစာထဲမှာ ပီပီပြင်ပြင် ရေးဆွဲတင်ပြတဲ့ Mr. Alan Moir အား အထူးကျေးဇူးတင်ရှိပါတယ်။ ဒီကာတွန်းပုံ ပေးပို့ လာတဲ့ သြစတြေလျနိုင်ငံမှ မိတ်ဆွေတစ်ဦးအားလည်း ကျေးဇူးတင်ရှိပါတယ်။

ဒီ နအဖခေါင်းဆောင်ကြီး သန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးများရဲ့ ပုံ ကာတွန်းအား ရောင်စုံဓါတ်ပုံနဲ့  ထုတ်ပြီး မြန်မာပြည်အတွင်းမှာ ဖြန့် ချီမယ်ဆိုရင် လူကြိုက်များတဲ့ ကာတွန်းပုံ တစ်ပုံ ဖြစ်မှာ ဖြစ်သလို၊ နအဖခေါင်းဆောင်ကြီး သန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးများထံကိုလည်း လက်ဆောင်အဖြစ် ပေးပို့ သင့်တယ်လို့  ယုံကြည်မိပါတယ်။

No comments: