Wednesday, October 21, 2009

အဆိပ်ပင်ရေလောင်းနေတဲ့ Jetstar လေကြောင်းလိုင်းအား မြန်မာအမျိုးသားရေးစိတ်ဓါတ်ဖြင့် သပိတ်မှောက်ရှုတ်ချကြပါစို့ ။












Myanmar Airways International (MAI) နဲ့  စာချူပ်ချူပ်ပြီး စင်ကာပူကနေ ရန်ကုန်ကို ပျံသန်းနေတဲ့ JetStar လေကြောင်းလိုင်းဟာ မြန်မာပြည်သူတွေအပေါ်မှာ ညာဉ်းပမ်းနှိပ်စက်သတ်ဖြတ်နေတဲ့ နအဖ အာဏာရှင် သက်ဆိုးရှည်ဖို့ အတွက် အထောက်အပံ့ပြုနေပါတယ်။

















ဒီ JetStar လေကြောင်းလိုင်းကြောင့် အမေရိကန်ဒေါ်လာငွေ ၂.၈ ဘီလီယန်းကို နအဖက ရရှိနေပါတယ်။ JetStar ကြောင့် ရရှိတဲ့ငွေတွေကို နအဖဟာ စစ်အသုံးစရိတ်တွေမှာ သုံးစွဲပြီး မြန်မာပြည်သူလူထုအပေါ် လူ့ အခွင့်အရေးတွေ ဆက်လက်ချိုးဖောက်ဖို့ ပံ့ပိုးပေးနေတာကြောင့် JetStar လေကြောင်းလိုင်းဟာ ကိုယ်ကျိုးစီးပွားအတွက်သာကြည့်ပြီး နအဖအာဏာရူးတွေကို အဆိပ်ပင် ရေလောင်းပေးနေပါတယ်။





















ဒီအတွက် မြန်မာပြည်သူလူထုကို ထိခိုက်နစ်နာစေတဲ့ ဒီ JetStar လို နိုင်ငံတကာ စီးပွားရေးကိုယ်ကျိုးရှာလုပ်ငန်းတွေကို မြန်မာပြည်သူတွေအနေနဲ့  အမျိုးသားရေးစိတ်ဓါတ်ရှိရှိနဲ့  သပိတ်မှောက် ကန့် ကွက်ရှုတ်ချကြဖို့  တိုက်တွန်းလိုက်ရပါတယ်။

နိုင်ငံတကာရောက် အထူးသဖြင့် အာရှနိုင်ငံများမှာ ရောက်ရှိနေထိုင်ကြတဲ့ မျိုးချစ်မြန်မာများအနေနဲ့ လည်း မိမိတို့  တိုင်းပြည်နဲ့ လူမျိုး ပိုမိုဒုက္ခရောက်ရှိစေမယ့်အရေး လစ်လျူမရှူဘဲ၊ နအဖအာဏာရှင် သက်ဆိုးရှည်ရေးကို ပံ့ပိုးပေးနေသော JetStar လေကြောင်းလိုင်းအပါအ၀င် ကိုယ်ကျိုးရှာစီးပွားရေးလုပ်ငန်းများကို အမျိုးသားရေးစိတ်ဓါတ်ဖြင့် သပိတ်မှောက်ဆန့် ကျင်ရှုတ်ချကြဖို့  တိုက်တွန်းလိုက်ရပါတယ်။

No comments: