ခလရ (၈၃) မှ တပ်ရင်းမှူးနှင့် ဗိုလ်ဇော်မင်းအောင်တို့ ၏ လုပ်ရပ်များ။
မကွေးတိုင်း၊ မကွေးမြို့နယ်၊ မိချောင်းရဲမှ တပ်မ(၈၈) လက်အောက်ခံ ခလရ (၈၃) မှ တပ်ရင်းမှူးသည် မိမိရာထူးတိုးမြင့်ရေး၊ မိမိဝင်ငွေရရှိရေးကို ဦးတည်ကာ တပ်မှာရှိသော ရဲမေစစ်သည်များကို အနားမပေးဘဲ လမ်းကျောက်ခင်းရန်ပြင်ဆင်နေသော ကျောက်များကို မိမိမှ တာဝန်ယူကာ ခေါင်းပုံဖြတ်ပြီး ရဲမေများ ကျောက်လုပ်ကိုင်နေရကြောင်း ၊ မလုပ်လဲမနေရဲ ဖြစ်ကြောင်း လုပ်ပြန်သော်လည်း ရသင့်သလောက်မရကြောင်း ရဲမေများမှ စိတ်ပျက်ဖွယ်ရာ များကို ပြောကြားခဲ့ပါသည်။
ခလရ(၈၃) မှ တပ်ရင်းမှူး သည် ဗိုလ်အဆင့်ရှိသော ဗိုလ်ဇော်မင်းအောင် နှင့် စစ်သည် ၃ ယောက်ကိုလဲ မကွေးမြို့နယ်ထဲမှာရှိသော တည်ပင်ကန်ကျေးရွာ၊ အင်းဦးကျေးရွာ၊ ပေပင်စမ်းကျေးရွာများသို့ သွားရောက်ကာ ဥက္ကဌများကို လူသစ်တောင်းခံခဲ့ပါသည်။ ဥက္ကဌ မှလည်း ရပ်ရွာအချင်းချင်းမို့ မည်သူ့ကို ပေးရမည်ကို မသိသောကြောင့် ည ၉ နာရီကျော်အပြင်ထွက်သော ကာလသားလူပျိုများကို ခေါ်သွားရန် မှာထားခဲ့ပါသည်။ ကာလသားများမှာလည်း လွတ်လပ်မှုမရှိသောကြောင့် မိမိရပ်ရွာသည် အမှောင်နယ်မြေသို့ ဘယ်လိုရောက်သွားသည်ကို ဘယ်လိုစရမလဲ မသိသောကြောင့် အလွန် စိတ်ညစ်နေရပါသည်။
ဗိုလ်ဇော်မင်းအောင်သည် ပခုံးမှာ အပွင့်တင်တာကို ဗန်းပြကာ အာဏာပြနေပါတယ်။ ရွာတွေမှာဆိုရင် စာရင်းငှါးများသည် ဧည့်စာရင်းမတိုင်ကြဘဲ ထုံးတန်းစဉ်လာအရ မိမိ မိဘ မောင်နှမသားချင်းများအပေါ် လုပ်ကိုင်နေတာ မိရိုးဖလာ အတိုင်းကပါပဲဗျာ. ဒါကို အခွင့်ကောင်းယူပြီး ဧည့်စရင်းမတိုင်တာကို စစ်တပ်ထဲစွဲထည့်ခံရသူတွေများပြားနေပါသည်။
တပ်မတော်နှင့်ပြည်သူတွေ လက်တွဲကြမယ်ဆိုတာ ဒါကိုပြောတာလားဗျာ.. အင်းဦးကျေးရွာမှ ကလေးများကိုလဲ ထိုးကြိပ် ကလေးတွေက ကြောက်အောင်ချောက်တော့ စစ်တပ်ထဲကို မ၀င်ချင်ဝင်ချင် ၀င်ခဲ့ရတာတွေ ၅ ယောက်လောက် ရှိသားပါပီဗျာ.. ဘီဘီစီမှ သတင်းထောက်များ ကျနော်ပြောတာမယုံရင် ကိုယ်တိုင် သတင်းသွားယူလို့ရပါတယ် ..
မိဘများကလည်း ကိုယ့်သားကို စစ်တပ်ထဲ မ၀င်စေချင်တော့ ၁ ယောက် ကို ငွေ ၅ သောင်းနဲ့ သွားရွေးရတာတွေလည်းရှိခဲ့ပါတယ်ဗျာ .. ခလရ (၈၃) မှ စစ်သည်များသည်လည်း တပ်ရင်းမှူးမှ မြှောက်ပေးထားသလား သိတော့ပါဘူး ..
တပ်အရှေ့ဘက်မှာရှိသော မိချောင်းရဲ သို့ ဈေးဝယ်သွားသော လမ်းမှလည်း ဖြတ်မသွားရဲလောက်အောင် မိန်းခလေးတွေ မုဒိန်းကျင့်ခံရတာ ခဏ ခဏပါပဲဗျာ .... ကျနော် ကျိမ်ပြောရဲပါတယ် ဒီအဖြစ်ပျက်တွေဟာ အမှန်တွေချည်းပါပဲဗျာ ..
(သတင်းပေးပို့ သူ - ကိုကို)။
No comments:
Post a Comment