တန်ဆောင်တိုင်လပြည့် နေ့  သစ်သီးဝလံကပ်တာ ဗိုလ်ချူပ်အောင်ဆန်းပုံပါတာနဲ့  ဖင်တုန်အောင် ကြောက်ရသလား နအဖရယ်။
တန်ဆောင်တိုင်လပြည့် နေ့ တွင် သန်လျင်မြို့ နယ် ကျိုက်ခေါက်ဘုရား၌ အင်္ဂါအသင်းမှ သစ်သီးဆွမ်းတင်ရာတွင် ပုံဖော်ထားသော သစ်သီးဝလံများ ဖြစ်ပါတယ်။
သစ်သီးဝလံများထဲတွင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံအား ဖရဲသီးတွင် ထွင်းပြီး သစ်သီးဆွမ်း တင်ခဲ့ကြပါတယ်။ ၂၀၁၀ ခုနှစ် ပုံကိုလည်း ဆီမီးထွန်းကြောင်း သိရှိရပါတယ်။ အဆိုပါ ဗိုလ်ချူပ်အောင်ဆန်းပုံ ပါဝင်မှုကြောင့် အင်္ဂါအသင်းမှ တာဝန်ရှိသူများကို နအဖမှ (၂) ရက် ခေါ်စစ်ကြောင်း သိရှိရပါတယ်။ နအဖ စရဖ နဲ့  SB ခရက အဖွဲ့ များက ခေါ်ယူစစ်ဆေးတာဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံ ထွင်းထားတဲ့ သစ်သီးအား နအဖမှ ချက်ချင်း စွန့်ခိုင်းကြောင်း သိရှိရပါတယ်။
နအဖအနေနဲ့  အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဖခင်ကြီး မြန်မာ့တပ်မတော်၏ ဖခင်ရင်း ဗိုလ်ချုပ်အောင်ဆန်းပုံအား ယခုကဲ့သို့  ကြောက်လန့် နေခြင်းမှာ သန်းရွှေဦးဆောင်သော ဗိုလ်ချူပ်ကြီးများ၏ မဟုတ်မမှန်လုပ်ရပ်များကြောင့် ဆင်ဖြူ့ မျက်နှာ ဆင်မဲမကြည့်ဝံ့ ဆိုသလို ဗိုလ်ချူပ်အောင်ဆန်း၏ အမည် ပုံရိပ် ဘ၀အကြောင်းများကို မကြားရဲ မမြင်ရဲသောကြောင့် ဖြစ်ပါတယ်။
No comments:
Post a Comment