ရခိုင်ပြည်နယ် မင်းပြားမြို.သားတစ်ဦးထံမှ ရင်ဖွင့်တိုင်ကြားလာသော အကြောင်းအရာ။

ကျွန်တော်ဟာ ရခိုင်ပြည်နယ် မင်းပြားမြို.သား တစ်ယောက်ပါ။ အားကိုးစွာဖြင့် ရင်ဖွင့်ချင်တဲ့အကြောင်းကတော့ ကျွန်တော်တို.ဟာ ရခိုင်မျိုးနွယ်စုဝင် (မာရမကြီး) လူမျိုးပါ။ ကျွန်တော်တို. လူမျိုးဟာ ဗုဒ္ဓဘာသာဝင်တွေပါ။ မြန်မာနိုင်ငံသားစီစစ်ရေး ကဒ်ပြားရရှိထားသူတွေပါ။ ကျွန်တော်တို. လူမျိုးဟာ မင်းပြားမြို.မှာ အလွှန်ဆင်းရဲနွမ်းပါးကြပါတယ်။
ဒါကြောင့် ထိုင်း၊ မလေးရှား အစရှိတဲ့နိုင်ငံတွေမှာ ပတ်စပို. (သို.) အောက်လမ်းနှင့် သွားရောက် အလုပ်လုပ် ကြပါတယ်။တခြားနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ရတဲ့ အခြေအနေကို အသိဆုံးပါ။ တချို.ဆိုရင် ထောင်ထဲမှာ တချို.ဆိုရင် အလုပ်မရှိနဲ. ရွာလည်နေတာပါ။ ယခုလို ဆိုးရွားနေချိန်မှာ မင်းပြားမြို့ မှ ဋ္ဌာနဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (စ.ပ.ခ) ဆိုလား (စ.ယ.ခ) ဆိုလား၊ တစ်ချို.က အထူးစစ်ထောက်လှမ်းရေးဟု ဆိုသော အဖွဲ့အစည်းတစ်ခုမှ တခြားနိုင်ငံတွေ သွားရောက် အလုပ်လုပ်ကိုင်နေတဲ. သူတွေရဲ့ သား၊မယား၊ မိဘတွေဆီကနေ အချုပ်ထဲ ထည်.မယ်၊ လက်ထိပ်ခတ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်ကာ ယင်းမိသားစုများထံမှ ငွေငါးသောင်း၊ တစ်သိန်း အစရှိသဖြင့် တောင်းယူနေပါတယ်။
ဘယ်ဋ္ဌာနကို သွားရောက်တိုင်ကြားရမလဲဆိုတာလည်း မသိပါဘူးခင်ဗျာ။ တော်ကြာသွားတိုင်လိုက်ရင် သူတို.ပါ ငွေလိုက်တောင်းမည်ကိုလည်း စိုးရိမ်နေရပါတယ်။ ထို.ကြောင့်သက်ဆိုင်ရာမှ သိရှိစေရန်နှင့် ဆက်လက်ပြီး တောင်းခံခြင်းမပြုစေရန် ရင်ဖွင့်လိုက်ရပါတယ်ခင်ဗျာ။
လေးစားစွာဖြင့် -
ရခိုင်ပြည်နယ် မင်းပြားမြို.သားတစ်ဦး။
No comments:
Post a Comment