Thursday, December 3, 2009

မိုးလုံးပြည်မုသာဝါဒများနဲ့  အယုံသွင်းပြောဆိုနေသော နအဖဗိုလ်ချူပ်များ။ ခင်ညွှန့် လို နောက်တစ်ယောက်လာပြန်ချီသေး။

နောက်တစ်ခါ လာပြန်ချီသေးလို့  ပြောရမှာပါ။ ယခင်ကလည်း ခင်ညွှန့် ကနေ ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်ကြီး ဗိုလ်ချူပ်ကြီးမြကို ရန်ကုန်မှာ ခေါ်ယူတွေ့ ဆုံပြီး Gentleman Agreement ဆိုပြီး ပါးစပ်ဖြားမှာသာ ရှိတဲ့ စကားလုံးတွေနဲ့  ရိုးသားတဲ့ တိုင်းရင်းသားတွေကို လိမ်လည်လှည့်ဖြားခဲ့ပါတယ်။ ခင်ညွှန့် ရဲ့  ဒီလိုတွေ့ ဆုံဆွေးနွေးမှုနောက်ပိုင်းမှာ ခင်ညွှန့် နဲ့ အတူ ပျေက်ကွယ်သွားပြီး တိုင်းရင်းသားတွေအချင်းချင်း သွေးကွဲကြရတဲ့ အဖြစ်သာ ဖြစ်ခဲ့ရပါတယ်။

ယခုလည်း ခင်ညွှန့် ပုံစံမျိုး ချိုးလာကြပြန်ပြီ။ မုသားစကားတွေနဲ့  ထပ်လိမ်နေကြပြန်ပြီ။ ယုံလို့  ပုံအပ်ရင်တော့ ဘ၀တွေ ဆုံးရှုံးကုန်ကြဦးမှာပါ။ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးတွေရဲ့  မူလရုပ်ပုံလွှာကို ကြည့်ချင်ရင် စကားလုံးတွေအပေါ်မှာ မကြည့်ဘဲ နအဖဗိုလ်ချူပ်တွေ လုပ်ဆောင်ခဲ့သမျှ ဆိုးရွားလှတဲ့ လုပ်ရပ်တွေကို အစဉ်မပြတ် ဆက်စပ်ပြီး သုံးသပ်ကြည့်ဖို့ သတိပေးလိုက်ရပါတယ်။



တစ်ပါတီအာဏာရှင် နေ၀င်းလက်ထက်ကတည်းက တိုင်းရင်းသားအချင်းချင်း သွေးခွဲရေးနဲ့  တော်လှန်ရေးအင်အားစုများအကြား သပ်လျှိုရေး လမ်းစဉ်ကို ကျင့်သုံးခဲ့တာပါ။ ပြည်တွင်းငြိမ်းချမ်းရေးခေါ်ဆိုပြီး တွေ့ ဆုံစကားပြောခဲ့တယ်။ လက်နက်တွေ ချခိုင်းပြီး ရုပ်သိမ်းခဲ့တယ်။ လက်နက်မဲ့သွားတဲ့အခါ အင်အားတွေပြိုကွဲသွားတဲ့အခါ အာဏာရှင်တွေဟာ သူတို့ ရဲ့  ဘီလူးရုပ် ထုတ်ပြပြီး အလိုကျ လုပ်တော့တာပါဘဲ။

ဒီလိုဘဲ ခင်ညွှန့် လည်း ဒီလိုတွေ့ ဆုံဆွေးနွေးပြီး အချိုသပ်ကာ မက်လုံးပေးကာ အပျော့နည်းနဲ့  လုပ်ခဲ့တယ်။ ယခုလည်း နအဖဗိုလ်ချူပ်တွေ ဒီအတိုင်း ဆက်လုပ်နေတယ်။

ယုံလို့ ပုံအပ်ရင်တော့ ကိုယ့်ရဲ့ တိုင်းရင်းသားပြည်သူတွေဘဲ ထိခိုက်နစ်နာဆုံးရှုံးရမှာပါ။

စစ်မှန်တဲ့ တွေ့ ဆုံးဆွေးနွေးမှုဆိုတာ ဒီလို မုသာဝါဒတွေနဲ့  တွေ့ ဆုံပြောတာ မဟုတ်ကြောင်း ဖေါ်ပြလိုက်ပါတယ်။

No comments: