Tuesday, December 8, 2009

အင်္ဂါဝတ်ပြုဆုတောင်းမိသားစုများအား အထူးလေးစား ဂုဏ်ပြုပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
























မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အင်္ဂါဒေါင့်ရင်ပြင်ပေါ်တွင် အင်္ဂါနေ့ တိုင်း စဉ်ဆက်မပြတ် ယခုအခါတွင် (၂၈၂) ကြိမ်ပြည့်ပြီး ဆက်လက် ၀တ်ပြုဆုတောင်းမှုပြုလုပ်နေကြသော အင်္ဂါဝတ်ပြုဆုတောင်းမိသားစုများ၏ အဖွဲ့ ဝင်များအား အာဏာရှင်နအဖမှ မတရားဖမ်းဆီးထားလျက်ရှိပါသည်။

အာဏာရှင် နအဖ၏ မတရားဖမ်းဆီးနှောင့်ယှက်ခံနေရသည့်ကြားမှ တိုင်းပြည်နှင့်လူမျိုးအတွက် ရဲရဲဝန့် ဝန့်  ဆုတောင်းလှုပ်ရှားမှုပြုလုပ်နေသော အင်္ဂါဝတ်ပြုဆုတောင်းမိသားစုများနှင့် ဖမ်းဆီးခံနေရသူများအား အထူးလေးစား ဂုဏ်ပြုပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

(ဆုတောင်းရုံမျှကို အကြောက်ကြီး ကြောက်နေသော နအဖရဲ့  အကြောက်တရားကို ပေါ်လွင်စေပါတယ်)။

No comments: