ကလိမ်ကကျစ် ကကြိုးဆွဲနေတဲ့ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းနဲ့  မလွန်ဆန်ရဲဘဲ လိုရာကြိုးဆွဲကနေရတဲ့ အောင်ဆန်းဦး။
ဒေါ်အောင်ဆန်းစုကြည်ကို အနှောင့်အယှက်ပေးနေတဲ့ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းအကြောင်းပြောရရင် အောင်ဆန်းဦးတို့ ရဲ့  နေအိမ်ဟာ အမေရိကန်နိုင်ငံ ဆန်ဒီဂို (San Diego)၊ ကယ်လီဖိုးနီးယားပြည်နယ် (California) မှာ ရှိပါတယ်။ အမေရိကန်နိုင်ငံသား ခံယူထားကြတဲ့ အောင်ဆန်းဦးတို့ ဟာ မြန်မာပြည်ကို သွားရောက်လည်ပတ်ပြီး အာဏာရူးနအဖတွေနဲ့  ဆက်ဆံရေး ပြုလုပ်ကြပါတယ်။ အောင်ဆန်းဦးရဲ့  မိန်းမ လဲ့လဲ့နွယ်သိန်းဟာ စာရေးဆရာမ မေတ္တာဦး အမည်ခံ ခရီးသွားဆောင်းပါးတွေ ရေးနေတဲ့သူဖြစ်ပါတယ်။ အောင်ဆန်းဦးနဲ့ လဲ့လဲ့နွယ်သိန်းတို့ ဟာ နအဖအာဏာရူးတွေနဲ့  ဆက်ဆံရေးပြုလုပ်ပြီး ကိုယ်ကျိုးစီးပွားရေးတွေ တည်ဆောက်နေကြပါတယ်။ အာဏာရူး နအဖကလည်း အောင်ဆန်းဦး လဲ့လဲ့နွယ်သိန်းတို့ ကို အဆောက်အဦးလုပ်ပိုင်ခွင့်တွေ ပေးပြီး နိုင်ငံရေးမှာ အသုံးချတာ လုပ်နေပါတယ်။
အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ အနေနဲ့  မိမိကိုယ်ကျိုးစီးပွားရေးအတွက် လုပ်နေရုံတင် မဟုတ်ဘဲ၊ နအဖအလိုကျတင်မဟုတ်ဘဲ ကိုယ်ကိုတိုင်ကပါ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့ အနှောင့်အယှက်ပေးတာတွေ လုပ်နေရတာလည်းဆိုရင် အောင်ဆန်းဦးရဲ့  မိန်းမ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းကြောင့် အစပြုတယ် ဆိုရပါလိမ့်မယ်။
လဲ့လဲ့နွယ်သိန်းဟာ မြန်မာပြည်ကို သွားရောက်လည်ပတ်စဉ်မှာ အကြားအမြင်ဗေဒင်ဆရာတစ်ဦးဆီကို သွားရောက်ပြီး “သူမရဲ့ ယောင်္ကျား အောင်ဆန်းဦးအနေနဲ့  မြန်မာပြည်ရဲ့  ၀န်ကြီးချူပ် ဖြစ်ဖို့  ရှိပါသလား” လို့  မေးမြန်းခဲ့ပါတယ်။ အောင်ဆန်းဦးကို ၀န်ကြီးချူပ်ဖြစ်စေလိုတာထက် လဲ့လဲ့နွယ်သိန်းဟာ မြန်မာနိုင်ငံရဲ့  ၀န်ကြီးချူပ်ကတော် သမတကတော် ဖြစ်လိုနေတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့  First Lady လိုမျိုး မြန်မာနိုင်ငံရဲ့  first lady အဖြစ် စိတ်ကူးယဉ် ရူးသွပ်နေသူဖြစ်ပါတယ်။
လဲ့လဲ့နွယ်သိန်းဟာ ဗိုလ်ချူပ်အောင်ဆန်း သမီး ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ မနာလိုစိတ်တွေ များပြားနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဘ၀ ပျက်စီးရေးအတွက် ဖျက်လို့ ဖျက်ဆီးနဲ့ ယုတ်မာသော ကလီကမာ ဥာဏ်နီဥာဏ်နက်နဲ့  လုပ်ကြံနေတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့ အတွက် ပထမဦးဆုံး စတင်တာကတော့ ယောင်္ကျားဖြစ်သူ အောင်ဆန်းဦးကို အသုံးချတာဘဲ ဖြစ်ပါတယ်။ လဲ့လဲ့နွယ်သိန်းဟာ အောင်ဆန်းဦးအပေါ် အကြပ်ကိုင် အနိုင်ယူထားတဲ့အချက်တွေကို ခုတုံးလုပ်ပြီး အောင်ဆန်းဦးကို ရုပ်သေးရုပ်တစ်ရုပ်လို ကြိုးဆွဲကစေခဲ့ပါတယ်။
အောင်ဆန်းဦးဟာ ညီမရင်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖခင်ဖြစ်သူ ဗိုလ်ချူပ်အောင်ဆန်း မိခင်ဖြစ်သူ ဒေါ်ခင်ကြည်တို့ ရဲ့  မျက်နှာကိုမှ မထောက်ဘဲ မိန်းမယုတ်ဖြစ်သူ လဲ့လဲ့နွယ်သိန်းရဲ့  ပြောဆိုခိုင်းစေသမျှကိုသာ နာခံပြီး တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ကိုယ်ကျိုးမဘက်ဘဲ စွန့် လွှတ်အနစ်နာခံမှုပေါင်းများစွာနဲ့  ကြိုးစားဆောင်ရွက်ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကိုရင်းဖြစ်သူကိုယ်တိုင်က မညှာမတာ ဖျက်လို့ ဖျက်ဆီးလုပ်ရက်ခြင်းဘဲ ဖြစ်ပါတယ်။
လဲ့လဲ့နွယ်သိန်းဟာ အောင်ဆန်းဦးနဲ့  မရယူခင်မှာ ယောင်္ကျားရှိခဲ့ဖူးသူဖြစ်ပါတယ်။ လည်ပတ်လွန်းတဲ့ လဲ့လဲ့နွယ်သိန်းဟာ ဂုဏ်ပကာသနတွေ မက်မောသူဖြစ်ပြီး ကိုယ်ကျိုးအတ္တကြီးမားသူဖြစ်တဲ့အလျောက် အောင်ဆန်းဦးကို အရယူခဲ့သူ ဖြစ်ပါတယ်။ အောင်ဆန်းဦးအနေနဲ့  လဲ့လဲ့နွယ်သိန်းရဲ့  ချယ်လှယ်မှုကို မလွန်ဆန်ရဲတာရော ကျန်းမာရေးမကောင်းမွန်မှုများအရရော မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  စီစဉ်ဆောင်ရွက်မှုတွေအရ နောက်ဆုံးမှာ နအဖအဏာရူးတွေနဲ့  ဆက်ဆံပါတော့တယ်။
အောင်ဆန်းဦးဟာ မွေးသဖခင် ဗိုလ်ချူပ်အောင်ဆန်းရဲ့  ဂုဏ်သိက္ခာကိုမှ မထောက် မိန်းမယုတ်တစ်ဦးရဲ့  လိုရာကြိုးဆွဲကခံနေတာဟာ အောင်ဆန်းဦးအနေနဲ့  ရှက်ဖို့  အလွန်ကောင်းပါတယ်။ အောင်ဆန်းဦးအနေနဲ့  မည်သို့ သော အကြပ်ကိုင်မှုအရဖြစ်စေ အကြောင်းပြချက်အရဖြစ်စေ ကျန်းမာရေးအရဖြစ်စေ ဆင်ခြေပေးအကြောင်းမပြဘဲ မိမိရဲ့  အမိအဘဂုဏ်သိက္ခာ ကိုယ်ရဲ့  ဂုဏ်သိက္ခာကို ထိန်းသိန်းစောင့်ရှောက်တဲ့ အမျိုးသားကောင်းတစ်ယောက်အနေနဲ့  ခံယူခဲ့သင့်တာပါ။
အောင်ဆန်းဦးအနေနဲ့  အသက်ကြီးပြီး နောင်တရရမယ့်အစား မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  ကြိုးကိုင် ချုပ်ကိုင်မှုတွေကို မလွန်ဆန်ရဲဘဲ အောင်ဆန်းဦးအမည် အသုံးချတာကို ဆက်လက်ခံနေပြီး အဖေ ဗိုလ်ချုပ် (ဦး) အောင်ဆန်း၊ အမေ ဒေါ်ခင်ကြည်တို့ မျက်နှာကို သားရင်းဖြစ်သူကိုယ်တိုင်က အိုးမည်းသုတ် ဖျက်ဆီးပစ်နေပါတယ်။
အောင်ဆန်းဦးအနေနဲ့  အမှန်တကယ်လုပ်သင့်ခဲ့တာက တိုင်းပြည်နဲ့ လူမျိုးမျက်နှာထောက်ပြီး မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  မဟုတ်မမှန်လုပ်ရပ်တွေကို ထုတ်ဖေါ်ပြောဆိုခဲ့ရမှာပါ။ ညီမရင်း ဖြစ်သူဒေါ်အောင်ဆန်းစုကြည်အပေါ် အကိုရင်းဖြစ်သူကိုယ်တိုင်က ရဲရဲရင့်ရင့်နဲ့  အကာအကွယ်ပေး စောင့်ရှောက်မှုတွေ ပြုလုပ်ဆောင်ရွက်ခဲ့ရမှာပါ။
ယခုကတော့ အောင်ဆန်းဦးဟာ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  မျက်နှာတစ်မျက်နှာထဲကြည့်ပြီး မလွန်ဆန်နိုင်တာတွေ ကျန်းမာရေးမကောင်းတာတွေ အကြောင်းပြပြီး မိမိရဲ့  ဂုဏ်သိက္ခာကို မိမိကိုယ်တိုင် အဖတ်ဆည်မရအောင် ကျဆင်းစေခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ထိုက်တန်တဲ့ တုန့် ပြန်မှုတွေကို ပြည်သူတွေကနေ ပေးမှာ ဖြစ်ပါတယ်။ အောင်ဆန်းဦးအနေနဲ့  အချိန်မီ ပြန်လည်အဖတ်ဆည်ချင်တယ်ဆိုရင်တော့ အောင်ဆန်းဦး ဘာလုပ်သင့်သလည်းဆိုတာ အောင်ဆန်းဦး သိမှာပါ။
ဒီလိုမှ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်လက်နှောင့်ယှတ်နေဦးမယ်၊ နအဖအာဏာရူးတွေနဲ့  ဆက်လက်ဆက်ဆံနေဦးမယ်ဆိုရင်တော့ အောင်ဆန်းဦးဟာ အမျိုးသားသစ္စာဖောက်၊ မိဘဂုဏ်ကျေးဇူးအပေါ် သစ္စာဖောက်၊ သွေးသားညီမအရင်းအပေါ် သစ္စာဖောက်သူ ဆက်လက်ဖြစ်နေမှာဖြစ်ပြီး လူသေပြီးနောက်တောင် နာမည်ပျက်နဲ့  သစ္စာဖောက် အောင်ဆန်းဦးအနေနဲ့  သမိုင်းမှာ ဖျက်မရတဲ့ အမည်းစက် တင်ကျန်နေမှာ ဖြစ်ပါတယ်။
ဒီလို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖြစ်သာမက ကမ္ဘာ့တစ်ဝှန်းလုံးက နိုင်ငံတကာအစိုးရများကိုယ်တိုင်ကပါ ဂုဏ်ပြုချီးကျူးထားခြင်းကို ခံရတဲ့ နိုဘယ်ငြိမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အကို ဖြစ်သူ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကနေ နေအိမ်ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဆိုမှုပြုလုပ်နေတာဟာ သာမန် မိသားစုအရေးပြဿနာမဟုတ်ဘဲ မြန်မာပြည် ဒီမိုကရေရရှိရေးကို အနှောင့်အယှက်ပေးနေတာ ဖြစ်တဲ့အတွက် အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းဟာ အမျိုးသားသစ္စာဖောက်တွေ ဖြစ်နေပါပြီ။
ထို့ အတူ အမေရိကန်နိုင်ငံကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်လွတ်မြောက်ရေးကြိုးပမ်းမှုကို ပံ့ပိုးအားပေးနေမှုကို အမေရိကန်နိုင်ငံသားခံယူထားကြသူများဖြစ်တဲ့ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ က ဆန့် ကျင်နေတာ ဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံသားတစ်ဦးအနေနဲ့  အမေရိကန်နိုင်ငံအပေါ် သစ္စာဖောက်တာလည်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံကနေ စီးပွားရေးပိတ်ဆို့ ထားတဲ့ အာဏာရူးနအဖတွေနဲ့  ပြောင်ပြောင်တင်းတင်း စီးပွားရေး ဆက်ဆံမှုတွေ တိုက်ရိုက် သွားရောက်ပြုလုပ်နေပြီး ရရှိနေတဲ့ ငွေကြေးဥစ္စာပိုင်ဆိုင်မှုတွေအားလုံးကို အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ဟာ အမေရိကန်နိုင်ငံမှာ ပြန်လည်သုံးစွဲနေတာ ဖြစ်တဲ့အတွက် အမေရိကန်အစိုးရအနေနဲ့ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကို အမေရိကန်နိုင်ငံဥပဒေများအရ အရေးယူသင့်နေပါပြီ။
ဒီကိစ္စကို အမေရိကန်နိုင်ငံမှာ ရောက်ရှိနေထိုင်နေကြတဲ့ မျိုးချစ်မြန်မာများအနေနဲ့  ဖေါ်ထုတ်တင်ပြပြီး အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ရဲ့  ပိုင်ဆိုင်မှုတွေ အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားမှုတွေကို စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ပေးဖို့  တရားဝင် တောင်းဆိုသင့်ပါတယ်။
မြန်မာပြည်တွင်းမှာ ရှိကြတဲ့ မြန်မာပြည်သူလူထုအနေနဲ့ လည်း အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကို ရှုတ်ချကန့် ကွက်မှုတွေ၊ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ လို အမျိုးသားသစ္စာဖောက်တွေရဲ့  ယုတ်မာတဲ့လုပ်ရပ်တွေကို တားဆီးဟန့် တားမှုတွေ ပြုလုပ်သင့်ပြီး မြန်မာပြည်သူပြည်သားများ လွတ်မြောက်ရေးလမ်းခရီးမှာ ခလုတ် စူးငြောင့်လို ဒုက္ခပေးနေတဲ့သူတွေကို ဒီအတိုင်း လက်ပိုက်ကြည့်ကာ ခွင့်လွတ်နေရမယ့် အချိန် မဟုတ်တော့ပါဖူး။
ဒီလို စူးငြောင့် ခလုပ်ကန်သင်းတွေကို မဖယ်ရှားဘဲ လစ်လျူရှုထားမယ်ဆိုရင် အဆိုပါ အမျိုးသားသစ္စာဖောက်များဟာ တဖြည်းဖြည်းနဲ့  ပိုမို အတင့်ရဲလာပြီး ပြည်သူလူထုရဲ့  အကျိုးကို နစ်နာထိခိုက်စေတဲ့လုပ်ရပ်များ ပိုမိုလုပ်လာရုံသာမက အာဏာရူးနအဖတွေကို ထောက်ပံ့ပေးနေတဲ့ နအဖလက်ပါးစေ အကြီးစားလက်ရုံးများဖြစ်လာပြီး သူတို့ ကိုယ်တိုင် အာဏာရှင်များသဇွယ်ဖြစ်လာတာမို့  တိုင်းပြည်ရဲ့  လူမျိုး အနာဂတ်အတွက် အထူးရင်လေးစရာ ဖြစ်နေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖျက်ဆီးနေခြင်းဟာ မြန်မာပြည်သူလူထုရဲ့  ခေါင်းဆောင်ကို လုပ်ကြံဖျက်ဆီးတာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့  အနာဂတ်ကို လုပ်ကြံဖျက်ဆီးတာ ဖြစ်ပါတယ်။ ဒီအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေနဲ့  လူထုခေါင်းဆောင်ရဲ့  ဘ၀လုံခြုံမှုကို အကာအကွယ်ပေးစောင့်ရှောက်ကြရမှာဖြစ်သလို အနှောင့်အယှက်ပြုသူတွေကို ဖယ်ရှားပစ်ရမှာ အရေးကြီးဆုံး အမျိုးသားရေးတာဝန်တစ်ရပ်လို့  ခံယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment