Wednesday, December 30, 2009

အင်္ကျီမပါဘဲ မန္တလေးမှာ ဖျော်ဖြေခဲ့တဲ့ ထွန်းထွန်း။

ဒီဇင်ဘာလ (၁၃) ရက်နေ့က မန္တလေး ဆီဒိုးနားဟိုတယ်မှာ KOSE အလှကုန်က ကျင်းပပေးခဲ့တဲ့ Nice to Meet You ဖျော်ဖြေပွဲမှာ ပါဝင်ခဲ့တဲ့ အဆိုတော် ထွန်းထွန်း Exmaplz ရဲ့ အင်္ကျီမ၀တ် ဖျော်ဖြေခဲ့တဲ့ ဖျော်ဖြေမှု စတိုင် အသစ်တဲ့ဗျား။
























ဒီပွဲမှာ သဇင်၊ ယုန်လေး၊ ဂျောက်ဂျက် နှင့် အေသင်ချိုဆွေ တို့ပါ ဖျော်ဖြေ ခဲ့ကြပါတယ်။ ဒါရိုက်တာညိုမင်းလွင်ရဲ့ AREAX Entertainment ရဲ့ တင်ဆက်မှုတွေ၊ မိုးကုတ်ပေါက်ပေါက်ရဲ့ မော်ဒယ်လေးတွေ အကကိုလည်း တွေ့ ရတယ်။

ထွန်းထွန်းက Male Stripper ပုံမျိုးနဲ့ ဖျော်ဖြေသွားတာပါ။ အ၀တ်အစားတွေကို ဖြေးဖြေးချင်း ချွတ်ပြတဲ့ ပုံစံပါ။ ဒါမျိုးဆိုတာ အနောက်နိုင်ငံတွေမှာ လိင်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ထုတ်ပြတဲ့ မိန်းကလေးတွေသာကြည့်တဲ့ ယောင်္ကျားပွဲတွေမှာသာ ညဘက် လိင်ပြပွဲကလပ်တွေ လုပ်ပြတာပါ။ ဒီလိုဟာမျိုးတွေကို အတုခိုးပြီး တစ်ကိုယ်လုံး မဟုတ်တာတောင် အပေါ်ပိုင်း အင်္ကျီချွတ်ပြီး ဒီလိုဟန်နဲ့  ဖေါ်ပြတာကိုကလည်း မြန်မာယဉ်ကျေးမှုနဲ့  မသင့်တော်ပါ။
















ထွန်းထွန်းရဲ့ အပေါ်ပိုင်း ကိုယ်တုံးလုံး ဖျော်ဖြေမှု စတိုင်အသစ်ကို ပရိသတ်ကြီးကြည့်ရင် ဒါဟာ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတော်ကြီးရှိ မြန်မာလူမျိုးနဲ့ ဘာသာယဉ်ကျေးမှုတွေကို ဖျက်ဆီးမှူကြီးတစ်ခုပါပဲ။ ယနေ့ခေတ်ရေစီးချောင်းကတော့ အတော်ရင်လေးစရာပါဘဲဗျာ။

နောက် ကပြနေတဲ့ မိန်ကလေးတွေလည်း ရင်တွေ လှုပ်ပြ တင်တွေလှုပ်ပြ တိုတိုနံ့ နံ့ လေးတွေ ၀တ်ပြီး ကပြနဲ့  ဒါတွေဟာ လူတကာမြင်ကွင်းမှာ မလုပ်ပြသင့်ပါ။ မိဘမောင်ဘွားညီအကိုမောင်နှမတွေအနေနဲ့  ဘယ်လိုမျက်နှာထားပြီး ကြည့်ကြမလည်း၊ အသက်အရွယ်အပြည့်သေးတဲ့ ကလေးသူငယ်တွေ အရွယ်ရောက်ခါစ အပျိုပေါက် လူပျိုပေါက်တွေအတွက် လိုက်ပြီး အတုခိုး ပျက်စီးစေဖို့  ဖြစ်နေပါတယ်။

ဖျော်ဖြေနေစဉ်မှာလည်း တက်ရောက်လာသော လူကြီးလူကောင်းတွေကို ဂရုစိုက်ရကောင်းမှန်း မသိတဲ့ ယနေ့ခေတ် အဆိုတော်တွေကို မြန်မာနိုင်ငံရှိ အနုပညာလောက အသိုင်းအ၀ိုင်းမှလည်းး ဒီလိုဘဲ လက်ပိုက်ကြည့်မနေသင့်ပါ။ နအဖ လက်ထက်မှာ ခေတ်ပျက် အကျင့်ပျက်နဲ့ ပျက်ဆီးနေပြီးဆိုတာကိုတော့ နအဖ စစ်ဗိုလ်ချုပ်ကြီးတွေ ဒီအတိုင်းဘဲ ကြည်နေကြတော့မှာလား?။

ဒါကြောင့် ဟိရီ,သြတ္တပဆိုတဲ့တရားနဲ့ ကိုယ်လူမျိုး ကိုယ့်ဘာသာ ကိုယ့်အသိုင်းအ၀ိုင်း ပတ်ဝန်းကျင် ကိုယ့်ယဉ်ကျေးမှုတွေကို ယနေ့ ခေတ် အဆိုတော်တွေအားလုံး လေးစားဖို့ သင့်ကြောင်း ရေးသားတင်ပြရင်း ယနေ့ခေတ်ကမ္ဘာကြီးဟာလည်း ရွာကြီးသဖွယ် ဖြစ်နေပြီဖြစ်သောကြောင့် ပြည်တွင်း ပြည်ပမှ အမိမြန်မာပြည် လွတ်မြောက်ရေး တိုက်ပွဲဝင်နေကြကုန်သော မီဒီယာများသို့ သိစေရန် ရေးသားတင်ပြလိုက်ပါတယ် ခင်ဗျား။

နအဖ ဗိုလ်ချူပ်ကြီးများဟာ တိုင်းပြည်နဲ့  လူမျိုး ဂုဏ်သိက္ခကျစေမယ့်၊ မြန်မာယဉ်ကျေးမှု ကွယ်ပျောက်ပျက်စီးစေမယ့် လုပ်ရပ်တွေကို မသိကျိုးကျင်ပြုကာ အားပေးအားမြှောက်ပြုနေပြီး ၄င်းတို့  အာဏာသက်ဆိုးရှည်ရေးအတွက်သာ အလေးထားနေတာကြောင့် အဓိကတရားခံ အဖျက်သမားတွေဟာ နအဖဗိုလ်ချူပ်ကြီးများသာ ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

(ရေးသားသူ - thu အား ကျေးဇူးတင်ရှိပါသည်)။
























(နအဖက အဆိုတော် ဂျီတုန်းကိုကြတော့ လက်အုပ်ချီ ရှိခိုးနေတဲ့ ဆေးမင်ကြောင်ပုံကို အင်္ကျီနောက်ကျော လှန်ရုံလှန်ပြပြီး ပြခဲ့တာကြတော့ အတင်းအဓမ္မ စင်ပေါ်ကနေဆွဲချပြီး ဖမ်းဆီးတာ လုပ်ခဲ့တယ်၊ အခု ထွန်းထွန်းလို အင်္ကျီတစ်ခုလုံး ချွတ်ကတာ၊ မိန်ကလေးတွေ အောက်မှာတိုတို အပေါ်မှာ ဟိုက်ဟိုက်တွေကြတော့ ကြည့်ကောင်းလို့  မတားမြစ်ဘဲ ခွင့်ပြုထားသတဲ့လား။ နအဖရဲ့  ဥပဒေက ဒီလိုဘဲလားဗျာ။ လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲပြီးရင် နအဖတွေနဲ့  နောက်အာဏာရှင်အသစ်တွေ ပိုဆိုးမှာမို့  တိုင်းပြည်အတွက် ပိုရင်လေးစရာပါဘဲ)။

No comments: