အဆိုတော် ဂျီင်္တုန်းကိုကြတော့ လက်အုပ်ချီထားတဲ့ပုံကြောင့်တဲ့ အကြောင်းပြခဲ့တယ်။
လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်က မြရိပ်ညိုမှာ ကျင်းပခဲ့တဲ့ စတိတ်ရှိုးမှာ အဆိုတော် ဂျီတုန်းက သီချင်းဆိုရင်း အင်္ကျီချွတ်ကာ နောက်ကျောရှိ ဘုရားရှိခိုးသည့်ပုံ ဆေးမင်ကြောင်ကို ပြသခဲ့သောကြောင့် စောင့်ကြပ်နေကြတဲ့ လုံထိန်းများနှင့် ကြံ့ဖွံ့များက အတင်းအကျပ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာကြောင့် ပရိသတ်နဲ့  နအဖလက်ပါးစေ လုံထိန်းများအကြား ခိုက်ရန် ဖြစ်ပွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကို သုံးသပ်ကြည့်တော့ ရွှေဝါရောင်တော်လှန်ရေးကြောင့် နအဖဟာ ဘုရား သံဃာတော်တွေသာမက ဗုဒ္ဒဘာသာအပါအ၀င် ဘာသာပေါင်းစုံကို စော်ကားနှိမ်နင်းလိုတဲ့ အဓမ္မစိတ်တွေ ပြင်းထန်းနေတာကြောင့် သာမန်လက်အုပ်ချီနေတဲ့ပုံကိုတောင် မမြင်ရဲ မကြည့်ရဲလောက်အောင်ဖြစ်နေခဲ့တာကြောင့် အဆိုတော် ဂျီတုန်းကို စင်ပေါ်ကနေ အတင်းကာရော ဆွဲချပြီး ဖမ်းဆီးထိန်းသိမ်း ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
တကယ်တမ်းမှာ လက်အုပ်ချီနေတဲ့ပုံဟာ ဘာသာရေးအရဘဲကြည့်ကြည့် နိုင်ငံရေးဘက်ကဘဲကြည့်ကြည့် ဘာမှ ထိခိုက်နစ်နာတာ မရှိပါဖူး။ လက်အုပ်ချီတဲ့ပုံကြောင့် ဖမ်းဆီးတယ်ဆိုရင် နအဖသန်းရွှေတို့ ဗိုလ်ချူပ်တွေက ရှိခိုးခံချင်လို့  စိတ်ထဲမပါဘဲ လက်အုပ်လေးတွေချီနေကြတဲ့သူတွေကိုတော့ ကြည့်ပြီး နအဖတွေ ၀မ်းသာအားရနဲ့  ပီတိဖြစ်နေပါလား။
အခုလို မနေ့ က ရန်ကုန်မြို့  မဟာဗန္ဓုလ လမ်းပေါ်ရှိ ကုန်ဈေးတန်းနားမှာ နိုင်ငံခြားသူ တစ်ယောက်က ဗုဒ္ဓရုပ်ပုံတော် ဆေးမင်ကြောင်ပုံနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ လျှောက်သွားနေတာကြတော့၊ နေရာတကာမှာ အချိန်ပြည့် မျက်လုံးဒေါက်ထောက်ကြည့်နေကြတဲ့ နအဖလက်ပါးစေတွေ ဘယ်ရောက်နေပါကြပါလိမ့်။
ဒီအဖြစ်အပျက်တွေကို နှိုင်းယှဉ်ကြည့်ရင် နအဖနဲ့  လက်ပါးစေတွေဟာ ဘယ်အကြောင်းအရာမှာဘဲဖြစ်ဖြစ် ပြည်သူတွေအပေါ်မှာ တမင်သက်သက် နိုင်ထက်စီးနင်းလုပ်နေတာ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့  ရိုသေကိုင်းရှိုင်းရာ ဘာသာတရားတွေအပေါ်မှာ လုံးဝ အလေးအနက်မထားဘဲ ဟန်ပြသက်သက်သာ ရှိနေတာ၊ အာဏာရူးတွေပီပီ အာဏာမြဲဖို့ အတွက်သာ ပြည်သူတွေအပေါ် ဥပဒေကင်းမဲ့စွာနဲ့ မထင်ထင်သလို ဖမ်းဆီးခေါ်ဆောင် စစ်ဆေးထိန်းသိမ်းတာ အစရှိတဲ့ အကြမ်းဖက်မှုများကို ပြုလုပ်နေကြတာကို ထင်ထင်ရှားရှား ပြသနေပါတယ်။
ဒီတော့ နအဖနဲ့  လက်ပါးစေတွေဟာ အကြမ်းဘက်သမား ရိုင်းစိုင်း ရမ်ကားသူတွေ မိစ္ဆာဓိဌိတွေသာ ဖြစ်ပါကြောင်း၊ ဒီမိစ္ဆာဒိဌိတွေကို လုံးဝ ယုံကြည်မှုမထားဘဲ ရှင်းထုတ်ဖယ်ရှားပစ်မှာသာ ပြည်သူတွေဘ၀ လုံခြုံစိတ်ချ အေးချမ်းသာယာမှာ ဖြစ်ပါတယ်။
No comments:
Post a Comment