Tuesday, January 5, 2010

နအဖရဲ့  ကျက်သရေယုတ်တဲ့ သမိုင်းဖြောက်ဖျက်နေတဲ့ အနှစ်သာရမဲ့ ၀ါဒဖြန့် ပုံရိပ်တွေပါတဲ့ လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်းတွေ။

ဒီမှာ ကြည့်ပါ။ နအဖက ထုတ်တဲ့ ဒီနှစ် လွတ်လပ်ရေးနေ့  အထိမ်းအမှတ် တံဆိပ်ခေါင်းတဲ့။


















မြန်မာနိုင်ငံကို အုပ်ချူပ်ခဲ့တဲ့ တိုင်းတစ်ပါးသားကတောင်မှ မြန်မာပြည်လွတ်လပ်ရေးနေ့ နဲ့  ပတ်သက်ပြီး ထုတ်ဝေတဲ့ တံဆိပ်ခေါင်းတွေမှာ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု ပုံရိပ်တွေ ထည့်ထားပေးခဲ့သေးတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာစ ကာလကနေ ပြောရရင် အာဏာရူးနေ၀င်းအုပ်စိုးခဲ့တဲ့ မဆလခေတ်မှာတောင် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ အထိမ်းအမှတ်တံဆိပ်ခေါင်းတွေမှာ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု ပုံရိပ်တွေ ပါဝင်ခဲ့သေးတယ်။












































































ယခု မြန်မာပြည်က နအဖကတော့ အာဏာရူးများပီပီ မြန်မာနိုင်ငံရဲ့  အရေးကြီး သမိုင်းမှတ်တမ်းတွေကို ဖျောက်ဖျက်ပစ်ရုံသာမကာ အဆိုပါ မြန်မာနိုင်ငံရဲ့ သမိုင်းမှတ်တမ်းတွေ သမိုင်းဝင်နေ့ တွေကို ခုတုံးလုပ် ဘန်းပြပြီး အာဏာရူးတွေရဲ့  ၀ါဒဖြန့် ချီရေးပုံရိပ်တွေကိုသာ အမြဲထည့်သွင်းနေတာ ရိုင်းစိုင်းလွန်းပါတယ်။ ဘယ်နေရာမှာဘဲကြည့်ကြည့် နအဖရဲ့  ၀ါဒဖြန့် ပုံတွေချည်းဘဲ မြင်နေတွေ့ နေရတယ်။

ဒီနှစ် ထုတ်တဲ့ နအဖရဲ့  (၆၂) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တံဆိပ်ခေါင်းကို ကြည့်ပါ။ နအဖတွေ သက်ဦးဆံပိုင်ဘုရင်စနစ်ကို နောက်ပြန်ဆွဲသွားနေတဲ့ ဘုရင်ရူး ရူးနေကြတဲ့အတွက် ဆောက်ထားတဲ့ နန်းတော်ဆံဆံအဆောက်အဦးပုံရိပ်တွေကို ထည့်ထားတယ်။


















ဘယ်မှာလည်း လွတ်လပ်ရေးရဖို့ အတွက် သက်စွန့် ကြိုးစားပေးခဲ့ကြတဲ့ လွတ်လပ်ရေးဖခင်ကြီးတွေဖြစ်တဲ့ ဗိုလ်ချူပ်အောင်ဆန်းနဲ့  အမျိုးသားခေါင်းဆောင်ကြီးများရဲ့  ပုံရိပ်တွေ၊ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ ပါဝင်ခဲ့ကြတဲ့ ရဟန်းရှင်လူပြည်သူအပေါင်းတို့ ရဲ့  ပုံရိပ်တွေ။ ဘယ်မှာလည်း။

ဘယ်မှာလည်း မော်ကွန်းဝင် လွတ်လပ်ရေးကျောက်တိုင် ပုံရိပ်တွေ။ ဘယ်မှာလည်း။

ဘယ်မှာလည်း လွတ်လပ်ရေးနေ့  ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့ က ပထမဦးဆုံးသော လွတ်လပ်ရေးနေ့  ကျင်းပတဲ့ သမိုင်းပုံရိပ်တွေ။ ဘယ်မှာလည်း။

နအဖဟာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်တံဆိပ်ခေါင်းကို ဒီနှစ်မှ ဒီလိုထုတ်တာ မဟုတ်ဖူး။ နှစ်တိုင်း သူတို့ ရဲ့  ၀ါဒဖြန့် ပုံရိပ်တွေနဲ့ သာ ထုတ်လာနေတာ ကြာပြီ။ နန်းဆံဆံအဆောက်အဦးပုံတွေ၊ ရှေးဘုရင်တွေရဲ့  ရုပ်ထုပုံရိပ်တွေနဲ့သာ နေရာတိုင်းမှာ ထည့်သွင်းဖေါ်ပြနေတာက မြန်မာနိုင်ငံရဲ့  အဓိက သမိုင်းဝင်မှတ်တမ်းတွေ ဘာမှ မကျန်သလောက် ဖြစ်နေပါပြီ။




























































ဒီ နအဖတွေရဲ့  ကျက်သရေယုတ်တဲ့ သမိုင်းဖြောက်ဖျက်နေတဲ့ အနှစ်သာရမဲ့ ၀ါဒဖြန့် ပုံရိပ်တွေပါတဲ့ ဒီလို နအဖတံဆိပ်ခေါင်းတွေကို မီးရှို့ ဖျက်ဆီးပစ်ဖို့ သာ ရှိတော့တယ်။

No comments: