ကမ်းလင့်မယ့်လက်များဖြင့် လက်ကမ်းလို့ကူပါ။
၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့ နှင့် ၃ ရက်နေ့တို့တွင် ဝင်ရောက်တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းကြောင့် ဆိုးရွားစွာ ပျက်စီးရသည့် နာဂစ် ဒုက္ခသည်များသည် ယနေ့အချိန်ထိ ပြန်လည် နလန်မထူနိုင်သေးကြောင်း သိရပါသည်။ ထိုနာဂစ်ဆိုင်ကလုန်း ရိုက်ခက်မှုကြောင့် အနည်းဆုံး လူတစ်သိန်းသုံးသောင်း (၁၃၀,၀၀၀) ခန့်သေဆုံးပြီး ထောင်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့သည်ဟု wiki-မြန်မာတွင် ဖော်ပြထားသည်။
၂၀၀၈ ခုနှစ် နာဂစ်ဖြစ်ပြီးနောက်ပိုင်း စေတနာ့ဝန်ထမ်း အလုပ်သမားများ အများအပြားပေါ်ထွက်လာသလို အမြတ်ထုတ်သူများလည်း ရှိခဲ့သည်။ စစ်အုပ်စုအနေနဲ့ ပြည်သူများမည်သို့ပင် ဒုက္ခရောက်နေပါစေ လစ်လှူရှုဝံ့တယ်ဆိုတာ နာဂစ်ဒဏ်သင့်နေသည့်ကြားမှ ၂၀၀၈ ခုနှစ် အခြေခံမူကြမ်းကို မရမက ရေးဆွဲသွားတာကို ကြည့်ရင် သိနိုင်ပါသည်။ အမြတ်ထုတ်သူများနှင့် စစ်အုပ်စု၏ လစ်လှူရှုမှုများကြောင့် နာဂစ် ဒုက္ခသည်များမှာ ယနေ့တိုင် ပြန်လည်နလန်မထူနိုင်သေးခြင်းဖြစ်ကြောင်း သိရပါသည်။
နာဂစ် ဒုက္ခသည်များ ပြန်လည်နလန်ထူလာနိုင်ရေးအတွက် စာဖတ်သူ၏ အကူအညီများ လိုအပ်နေပါသည်။ ထိုကြောင့် မိမိတို့တက်နိုင်သည့်ဘက်မှ မိမိတို့၏ အဆက်အသွယ်များနှင့် ဆက်သွယ်ကာ ကမ်းလင့်မယ့်လက်များဖြင့် လက်ကမ်းလို့ကူပါရန် မေတ္တာရပ်ခံ တိုက်တွန်းလိုက်ရပါသည်။
(ပေးပို့ လာသော ဖြိုးဝေ http://www.phyowai-myanmar.co.cc အား အထူးလေးစား ကျေးဇူးတင်ရှိပါသည်)။
No comments:
Post a Comment