Monday, January 4, 2010

အမျိုသားဒီမိုကရေစီအဖွဲ့ ချူပ်ရုံး၌ (၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပမှု သတင်းနှင့် ဓါတ်ပုံများ။

(၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအား အမျိုသားဒီမိုကရေစီအဖွဲ့ ချူပ်ရုံးတွင် ယနေ့  မနက် (၉) နာရီမှာ စတင်ပါတယ်။

"လွတ်လပ်မှု့ရှိမှ ဒီမိုကရေစီ ရရှိမည်" ဆိုသည့် ခေါင်းစဉ် နဲ့ စကားရည်လုပွဲ ကျင်းပပါတယ်။ အဆိုပါ စကားရည်လုပွဲ၏ ဗိုလ်လုပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ရန်ကုန်တိုင်း (က) အသင်းမှ အဆိုတင်သွင်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ပဲခူးတိုင်းမှ အချေ ချေပပါတယ်။

လွတ်လပ်ရေးကြိုးပမ်းမှု သရုပ်ဖေါ်ပြဇာတ်၊ အမျိုးသားအက အစရှိတဲ့ ဖျော်ဖြေရေးများ ပါဝင်ပါတယ်။ အဆိုပါ ဖြော်ဖြေခဲ့သော သရုပ်ဖေါ်ပြဇာတ်၏ ပြဇာတ်ခေါင်းစဉ်အား ကြွရောက်လာခဲ့ကြတဲ့ ပြည်သူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အဖွဲ့ဝင်များ ပရိတ်သတ်များမှ သတ်မှတ်ရမှာဖြစ်ပြီး ပြဇာတ်နှင့် ကိုက်ညီတဲ့ ခေါင်းစဉ်ကို ရွေးချယ်ပီး ဆုပေးမှာ ဖြစ်ပါတယ်။ ထိုဆုကို ဇန်န၀ါရီလ (၆) ရက်နေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရုံးတွင် ကြေညာမှာ ဖြစ်ပါတယ်။

ထိုနောက့် ဆုပေးပွဲ ကျင်းပပါတယ်။ စကားရည်လုပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (ပဲခူးတိုင်း) မှ ပထမ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (ရန်ကုန်တိုင်း) မှ ဒုတိယ၊ နောက် နှစ်သိမ့်ဆုများလည်း ချီးမြှင့်ပါတယ်။

ဆက်လက်၍ ဖြော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ခြင်း ၊ အိုးစည်နှင့် အကသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းများ ပြုလုပ်၍ အခမ်းအနားကို ညနေ (၃) နာရီ ခန့်တွင် အောင်မြင်စွာ ရုတ်သိမ်းလိုက်ပါတယ်။

ဓါတ်ပုံများအား ကြည့်ရှူနိုင်ပါတယ်။

No comments: