Tuesday, January 19, 2010

ထိုင်းနိုင်ငံရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် မြန်မာဒုက္ခသည်များ ဆန္ဒပြ။ မြန်မာနိုင်ငံမှာ နအဖ အသုံးမကျတော့ ပြည်သူတွေ နေရာတိုင်းမှာ ဒုက္ခရောက်ကြရတယ်။

ယနေ့  (၁၉၊ ၁၊ ၂၀၁၀) ရက်နေ့ နေလည် (၁) နာရီခန့်တွင် ထိုင်းနိုင်ငံရှိ နို့ဖိုးဒုက္ခသည်စခန်း UNHCR ရုံးရှေ့တွင် တတိယနိုင်ငံသို့  ထွက်ခွာခွင့် မရသေးဘဲ အချိန်ကြာမြင့်စွာ နေထိုင်နေကြရသော မြန်မာဒုက္ခသည်များ၊ တတိယနိုင်ငံသို့  ထွက်ခွာခွင့် ငြင်းပယ်ခံရသော မြန်မာဒုက္ခသည်များနှင့် တတိယနိုင်ငံထွက်ခွာရေးနှင့် ပတ်သက်၍ ကြန့်ကြာစွာ စောင့်ဆိုင်းနေကြရသော မြန်မာဒုက္ခသည်များမှ ဆန္ဒပြခဲ့ကြကြောင်း သိရှိရပါသည်။



သတင်းရရှိသည့် အချိန် (၂) နာရီ (၄၀) မိနစ်အထိ ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြနေကြဆဲ ဖြစ်ကြောင်း သိရှိရပါသည်။

UNHCR တာဝန်ရှိသူ ဘရာရမ်မှ ဒုက္ခသည်များ၏ ကိုယ်စားလှယ်တဦးစီကို ခေါ်ယူဆွေးနွေးနေသော်လည်း တိကျသည့် အဖြေတခုမျှ မရရှိသေးကြောင်း သိရှိရပါသည်။

နို့ဖိုးဒုက္ခသည်စခန်းမ၏ ထိုင်းနိုင်ငံသား လုံခြုံရေးအရာရှိမှ UNHCR နှင့် ဆန္ဒပြသူများကြားတွင် ညှိနှိုင်းဖြေရှင်းပေးလျှက် ရှိနေကြောင်းနှင့် အဆိုပါ မြန်မာဒုက္ခသည်များ ဆန္ဒပြမှုနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းနိုင်သော ဖုန်းနံပတ်များမှာ ၀၅၅၅၇၇၃၈၆၊ ၀၅၅၅၇၇၃၈၉ နှင့် ၀၅၅၅၇၇၃၂၆ ဖြစ်ကြောင်း သိရှိရပြီး အဆိုပါ ဒုက္ခသည်စခန်းအတွင်းမှ ဆိုင်ဖုန်းဖြစ်ပြီး ကိုလှအေးနှင့် အခြားသက်ဆိုင်ရာ ဆန္ဒပြမှုတွင်ပါဝင်သူတဦးဦးကို ခေါ်ပေးပါရန် ပြောကြားနိုင်ကြောင်း ဖေါ်ပြထားပါသည်။

ယခုထပ်မံသိရှိရသော သတင်းအရ အဆိုပါဖုန်းများကို အဆက်အသွယ်ဖြတ်ထားကြောင်း သိရှိရပါသည်။

အဆိုပါ နိုဖိုးဒုက္ခသည်စခန်းအတွင်း ဆန္ဒပြနေကြသော မြန်မာဒုက္ခသည်များထဲမှ အချို့ သောသူများ၏ ပြောဆိုချက်များကို ယခုလို နားထောင်နိုင်ပါသည်။

http://d.yimg.com/kq/groups/13584194/2121430321/name/EC%2Ewav

http://d.yimg.com/kq/groups/13584194/786882795/name/HA%2Ewav

http://d.yimg.com/kq/groups/13584194/40044633/name/PP%2Ewav

http://d.yimg.com/kq/groups/13584194/1974946115/name/TRANS%2Ewav

http://d.yimg.com/kq/groups/13584194/703199388/name/TT%2Ewav

http://d.yimg.com/kq/groups/13584194/662933025/name/TZ%2Ewav

http://d.yimg.com/kq/groups/13584194/1753182515/name/WN%2Ewav

http://d.yimg.com/kq/groups/13584194/1783869079/name/Ym%2Ewav

No comments: