နေကြာပန်းနဲ့  မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  မြန်မာပြည် ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုအား ထောက်ခံသောအားဖြင့် ပြည်တွင်း ပြည်ပ၌ နေကြာပန်းများ စိုက်ပျိုး၍ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများအား ချိတ်ဆွဲဖေါ်ပြပေးကြပါရန်။
နေကြာပန်းဟာ သက်တမ်းကြာမြင့်စွာ လန်းဆန်းတဲ့ပန်းဖြစ်သလို ငြိမ်ချမ်းရေးသင်္ကေတပန်းတစ်မျိုးအဖြစ်လည်း အသွင်ဆောင်ပါတယ်။ နေကြာပန်းကို နိုင်ငံတကာ နိုင်ငံအသီးသီးမှာ အတော်များများ စိုက်ပျိုးကြပါတယ်။ မြန်မာပြည်သူများရဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကမ္ဘာတစ်ဝှမ်းက ကမ္ဘာ့ပြည်သူတော်တော်များများက သိကြပါတယ်။
မြန်မာပြည်သူများ အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးနဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးတဲ့အနေနဲ့  မြန်မာပြည်တွင်းမှာရော ပြည်ပမှာရော မိမိတို့  အိမ်ခြံဝင်းများအတွင်းမှာ နေကြာပန်းများ စိုက်ပျိုးပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများ ချိတ်ဆွဲကြပေးဖို့  (သို့ ) ပြည်တွင်းမှသူများ မိမိအိမ်ခြံဝန်းအတွင်းမှာ ပြုလုပ်ရန် အခက်အခဲရှိပါက နေကြာပန်းပွင့်များရှိရာ နေရာများမှာ ပြုလုပ်ကြဖို့  တိုက်တွန်းလိုပါတယ်။
ဒီလှုပ်ရှားမှုကို ဆောင်ရွက်အကောင်အထည်ဖေါ်ရင်းနဲ့  နအဖက အကြံအဖန်ပြုမယ့် ၂၀၁၀ ရွေးကောက်ပွဲအချိန်ကာလ ဒီနှစ်မှာ မြန်မာပြည်သူတစ်ရပ်လုံးက ရွေးချယ်တင်မြှောက်ပေးခဲ့တဲ့ မြန်မာနိုင်ငံရဲ့  တရားဝင် လူထုအသိအမှတ်ပြုခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်ဆိုတာ မြန်မာပြည်တွင်းရော ကမ္ဘာ့ပြည်သူများကပါ မမေ့မလျော့ သိရှိစေရန် ဆောင်ရွက်ကြပါစို့ ။
ဒီလှုပ်ရှားမှုကို အကောင်အထည်ဖေါ်ဆောင်ရွက်မှုအား http://sunflowerforsuu.com/ မှာ ဖေါ်ပြထားပါတယ်။
No comments:
Post a Comment