နအဖအာဏာရူးတွေရဲ့  စည်းစိမ်ခံ အဆောက်အဦးများထဲက နေပြည်တော် လွှတ်တော်အဆောက်အဦး။
နအဖတွေရဲ့  နေပြည်တော် လွှတ်တော်အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းကို ACE ဆောက်လုပ်ရေးကုမ္ပဏီကနေ တာဝန်ယူ ဆောက်လုပ်နေတာ ဖြစ်ပါတယ်။
ဒီနှစ် နှစ်လယ်လောက်မှာ ပြီးစီးတော့မယ်လို့  သိရပါတယ်။ ၂၀၀၂ ခုနှစ်ကတည်းကနေ စဆောက်ခဲ့တာ ဖြစ်ပြီး သမ္မတ နားနေဆောင်၊ ဒုတိယသမ္မတ နားနေဆောင်၊ ဝန်ကြီးချုပ်အတွက် အဆောင်၊ ပြည်ထောင်စုလွှတ်တော် အဆောင်၊ အမျိုးသားလွှတ်တော် အဆောင်၊ ပြည်နယ်နှင့် တိုင်းအလိုက် အဆောင်၊ ပင်မ အဆောင်၊ အစည်းအဝေး ခန်းမဆောင်၊ ဧည့်ကြိုဆောင်၊ စားသောက်ဆောင် အစရှိတဲ့ အဆောက်အအုံ (၃၁) လုံး ပါဝင်တယ်လို့  သိရပါတယ်။ ဒီအဆောက်အဦးတွေကို နန်းဆံဆံဆောက်ထားပေမယ့် အဆောင်အမည်တွေကိုကြတော့ အင်္ဂလိပ်အက္ခရာ A ကနေ J အထိ ခေါ်ဝေါ်ထားပါတယ်။ အနိမ့်ဆုံး တစ်ထပ်ဆောင်မှ အမြင့်ဆုံး လေးထပ်ဆောင်အထိ ပါရှိကြောင်း၊ လွှတ်တော် အဆောက်အအုံ A, B, D, J အဆောင်များမှာ လေးထပ်အဆောင်များဖြစ်ပြီး အမြင့်ဆုံးအဆောင် မှာ ၅ဝ ပေ ၈ လက်မ ရှိကြောင်း သိရှိရပါတယ်။
နအဖဟာ ဒီလိုအဆောက်အဦးတွေကို နေပြည်တော်မှာ နန်းဆံဆံနဲ့  အကုန်အကျမြောက်မြားစွာ တည်ဆောက်ထားပါတယ်။ ဒီအဆောက်အဦးတွေမှာ စစ်ယူနီဖောင်းကနေ အရပ်ဝတ်ပြောင်းလဲပြီး ဟန်ဆောင်အုပ်ချူပ်မယ့် အာဏာရူးအစိုးရသစ်နဲ့  တိုင်းပြည်ကို ဆက်လက်ဖိနှိပ်ချူပ်ဖို့  စီစဉ်နေတာ ဖြစ်ပါတယ်။
ပြည်သူတွေကတော့ ရေမလာ မီးမလာ နေ့ စဉ်နဲ့ အမျှ စားဝတ်နေရေး ငတ်ပြတ်ဆင်းရဲနေချိန်မှာ နအဖအာဏာရူးတွေကတော့ ငွေမြောက်မြားစွာအကုန်ကျခံပြီး သူတို့ ရဲ့  စည်းစိမ်ခံ အဆောက်အဦးတွေကို တည်ဆောက်နေတာ ဖြစ်ပါတယ်။
(သတင်းဓါတ်ပုံ - KSL) ။
No comments:
Post a Comment