Friday, April 30, 2010

ဖွတ်ကြီး သိန်းစိန်ရယ်လို့  အမည်တွင်စေသောဝ်။

နအဖရဲ့  ကိုယ်ဖာသာ ဆင်ထားပြီး ကိုယ့်ဖာသာ ရွေးမယ့် ၂၀၁၀ ရွေးကောက်ပွဲကတော့ သိန်းစိန်က ကြံ့ ဖွတ်ပါတီ ခေါင်းဆောင်အဖြစ်၊ ဗိုလ်ချူပ်ကြီးများကလည်း ယူနီဖောင်းချွတ် အရပ်သားပါတီတွေထဲပါ၊ ယူနီဖောင်းဝတ်နေဆဲတွေကလည်း ၂၅% ဘက်ကနေ ၀င်ရောက် ကျန်တဲ့သူတွေကလည်း ၇၅% ဘက်ကလည်း အမည်ခံ လှည့်ဝင်၊ သူတို့ ရဲ့  စီးပွားရေသမားကြီးတွေကလည်း မြို့  နယ်တွေအဆင့်ကနေ နိုင်ငံအဆင့်အထိ အမတ်လောင်းတွေ လုပ်ကြနဲ့  - ပေါ်တင်ကြီး ဖြစ်နေပါပြီ။





ကဲ ဒီတော့ နအဖတို့ ရဲ့  ၂၀၁၀ ရွေးကောက်ပွဲက ဘာလည်းဆိုတာ လယ်ပြင်မှာ ဆင်သွားသလို အထင်းသားကြီး ရှင်းနေပါတယ်။ အခုကတော့ အကွက်တွေ ဆင်ထားပြီး ဆင်တင်မက ကြံ့ တွေရော ဖွတ်တွေရော ဖားတွေရော ပုတ်သင်ညိုတွေရော တိရိစ္ဆာန်ပေါင်းစုံဟာ မြန်မာပြည်သူပြည်သားတွေရဲ့  အသွေးအသားတွေကို ၀ါးမြိုဖို့ အတွက် သိသိသာသာကြီး ပြင်ဆင်နေကြပါပြီ။

မြန်မာပြည်သူပြည်သားတွေ လှည်းနေလှေအောင်း မြင်းစောင်းမကျန် မြို့ အသီသီး နယ်အသီးသီးက ဒီ တိရိစ္ဆာန်တွေကို ရန်ငါ ပြတ်စွာနဲ့  အချိန်မီ ရှင်းလင်းသုတ်သင်ကြဖို့  သင့်ပါပြီ။

No comments: