Thursday, April 15, 2010

နေပြည်တော်က သင်္ကြန်မဏ္ဍပ်များနဲ့ ဖြော်ဖြေမှုများ နအဖကိုယ်တိုင်က ထုတ်ထားတဲ့ စည်းကမ်းများနဲ့ မညီပါ။ နအဖတွေ ပြောထားတဲ့အတိုင်း ဖမ်းပါ ဒဏ်ရိုက်ပါဗျို့ ။

နအဖတွေက စည်ကမ်းတွေ ထုတ်လိုက်တာ။ သင်္ကြန်မဏ္ဍပ်တွေကို မြန်မာ့ရိုးရာသင်္ကြန်ကို ဖော်ကျူးတဲ့ မြန်မာ့ပန်းချီတွေ ပုံတွေ စာသားတွေနဲ့  ပြင်ဆင်ရမယ်၊ မြန်မာ့ရိုးရာသင်္ကြန်ကို ထိခိုက်စေတဲ့ ၀တ်စားဆင်ယင်မှုတွေ မ၀တ်ဆင်ရဖူး စသဖြင့် ၂၀၁၀ သင်္ကြန်အတွက် သတ်မှတ်ချက်တွေ ဖေါ်ပြလိုက်တာ။

မြန်မာရိုးရာယဉ်ကျေးမှုနဲ့  မအပ်စပ်သော ၀တ်စားဆင်ယင်ပြီး ဖြော်ဖြေမှု ကခုန်မှု သရုပ်ပျက်မှုများကို လုံးဝ ခွင့်မပြုဖူး၊ သင်္ကြန်မဏ္ဍပ်အမည်ကို မြန်မာဆန်ဆန်ပေးရန် စသဖြင့် စည်းကမ်းချက်များ (၃၉) ချက်တောင် နအဖက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စည်းကမ်းချက်တွေ မလိုက်နာတဲ့သူတိုင်းကို ဖမ်းမယ်၊ စည်းကမ်း မလိုက်နာတဲ့ သင်္ကြန်မဏ္ဍပ်တွေကို ဒဏ်ငွေရိုက်မယ်ဆိုပြီးလည်း နအဖက ပြောဆိုထားပါတယ်။

တက်ာတမ်း ဒီစည်းကမ်းတွေကို မလိုက်နာကြတာ ဘယ်သူတွေလည်းဆိုတာ သိရအောင် အောက်ဖေါ်ပြပါ နေပြည်တော်က သင်္ကြန်ပုံရိပ်လွှာတွေက သက်သေပြနေပါတယ်။






























MAX ဆိုတဲ့အမည်နဲ့ သင်္ကြန်မဏ္ဍပ်ဟာ Max Myanmar Group of Companies က ဖြစ်ပြီး ပိုင်ရှင်ဖြစ်သူ ဇော်ဇော်က နအဖ သန်းရွှေတို့ နဲ့  ပလဲပနံသင့်သူ ဖြစ်တယ်။



မြတ်တော်ဝင်ဟိုတယ်မိသားစု သင်္ကြန်မဏ္ဍပ်ဟာလည်း နအဖတွေ အမြဲတမ်း နိုင်ငံတော်ဧည့်ခံကျွေးမွေးပွဲတွေလုပ်နေတဲ့ မြတ်တော်ဝင်ဟိုတယ်က ဖြစ်ပါတယ်။




























The Hotel Amara အမရဟိုတယ်ဟာလည်း နေပြည်တော်က ဟိုတယ်ကြီးတစ်ခု ဖြစ်ပါတယ်။

“ခေါင်ကစပြီး မိုးမလုံ” ဆိုတဲ့ မြန်မာစကားအဆိုလိုဘဲ နအဖတွေ လေလုံးထွားထွားနဲ့  ခြိမ်းလားခြောက်လားနဲ့  ထုတ်တဲ့ စည်းကမ်းချက်တွေ တကယ်တမ်း မလိုက်နာကြတာ နအဖခေါင်းဆောင်ပိုင်းနဲ့  ၄င်းတို့ ရဲ့  အပေါင်းအပါ စီးပွားရေးသောင်းကျန်းသူ အတ္တသမားကြီးတွေသာ ဖြစ်ကြပါတယ်။ နအဖခေါင်းဆောင်ပိုင်းရဲ့  မိသားစုတွေဘဲ ဖြစ်ကြပါတယ်။

နအဖတွေ ထုတ်ပြန်ထားတဲ့ သင်္ကြန်စည်းကမ်းချက် (၃၉) ချက်ကို ဖောက်ဖျက်ကျူးလွန်နေသူတွေကို ဖမ်းမယ်၊ စည်းကမ်းနဲ့  မညီညွတ်တဲ့ သင်္ကြန်မဏ္ဍပ်တွေကို ဒဏ်ငွေတပ်မယ်ဆို။ ဒါဆိုရင် နေပြည်တော်က MAX သင်္ကြန်မဏ္ဍပ်ရယ်၊ မြတ်တော်ဝင်ဟိုတယ်မိသားစု သင်္ကြန်မဏ္ဍပ်ရယ်၊ The Hotel Amara သင်္ကြန်မဏ္ဍပ်ရယ်ကို ပြည်သူတွေ သိရအောင် ဒဏ်ငွေရိုက်ပြပါ။ အဲ့ဒီသင်္ကြန်မဏ္ဍပ်ပိုင်ရှင်တွေကို ဖမ်းပြပါ။ အဲ့ဒီသင်္ကြန်မဏ္ဍပ်တွေမှာ စကပ်တိုတို ဘောင်းဘီတိုရှည်တွေနဲ့  ဖြော်ဖြေနေသူတွေကို ဖမ်းပြပါ။

ဒါဆိုရင် နအဖတွေက ထုတ်ပြန်ကြေညာတဲ့ စည်းကမ်းဥပဒေတွေကို နအဖခေါင်းဆောင်ကြီးတွေကအစ လိုက်နာမှုရှိတယ်ဆိုတာ လက်တွေ့  ပြပါ။ ခေါင်က စပြီး မိုးလုံကြောင်းလေး ပြဖူးတယ်ရှိအောင် ပြပါလို့  ပြောလိုက်ရပါတယ်။

No comments: