Friday, April 16, 2010

နေပြည်တော်က နအဖသင်္ကြန်ပွဲ မျောက်ပွဲပမာ လူတွေ ၀ိုင်းအုံကြည့်တာလောက်ဘဲ ဖြစ်နေတော့ ရန်ကုန် ကန်တော်ကြီးသင်္ကြန်ကို မရှူစိမ့်ပြီပေါ့။

နေပြည်တော်က ဒီသင်္ကြန်မဏ္ဍပ်မှာ နအဖ ဒုခေါင်းဆောင်ကြီး မောင်အေးနဲ့  အပေါင်းအပါတွေ ရောက်လာတဲ့အထဲက ကတော်တစ်ချို့  ကို တွေ့ မြင်ရတာ ဖြစ်ပါတယ်။



















နေပြည်တော်က ဒီသင်္ကြန်မဏ္ဍပ်မှာ နအဖ ဒုခေါင်းဆောင်ကြီး မောင်အေးနဲ့  အပေါင်းအပါ ကတော်တွေ လာကြည့်လို့  တွေ့ ရတဲ့ လုံခြုံရေးရဲကားတစ်စီးပုံ ဖြစ်ပါတယ်။



















နအဖတွေရဲ့  နေပြည်တော်သင်္ကြန်မှာ သာမန်ပြည်သူလူထုတွေက လမ်းဘေးကနေ မတ်တပ်ကလေးတွေ ရပ်ပြီး ငုတ်တုတ်ထိုင်ပြီး ကြည့်နေကြရတဲ့ အခြေအနေလေးပါ။



















နအဖတွေရဲ့  နေပြည်တော်သင်္ကြန်ဟာ ဘယ်လောက်ခြောက်သွေ့ လှလည်းဆိုတာ တွေ့ မြင်ရမှာပါ။ ရေပက်တဲ့သူတွေကလည်း နအဖအသိုင်းအ၀ိုင်းနဲ့  နီးစပ်သူတွေ ရေပက်ခံထွက်သူတွေကလည်း နအဖအသိုင်းအ၀ိုင်းနဲ့  နီးစပ်သူတွေလောက်သာ ကျိုးတိုးကြဲတဲ့နဲ့  ရှိနေတာ ဖြစ်ပါတယ်။ နအဖအာဏာရူးအသိုင်းအ၀ိုင်းတွေ ဖြစ်ပျက်နေတာကို မျောက်ပွဲလိုဘဲ မမြင်ဖူးလို့  ၀ိုင်းအုံပြီး ကြည့်နေကြတာကတော့ သာမန်ပြည်သူတွေပါဘဲ။ နေပြည်တော်က မြန်မာပြည်သူတွေအတွက် သင်္ကြန်မှ မဟုတ်တာ။



















နအဖတွေ ထုတ်ပြန်ကြေညာထာတဲ့ သင်္ကြန်စည်းကမ်း (၃၉) ချက်ကို လိုက်နာမှု အလျင်းမရှိကြတာကတော့ နေပြည်တော်က နအဖသင်္ကြန်မဏ္ဍပ်တွေပေါ်ကသူတွေပါဘဲ။ ဘယ်သူတွေ ဖြစ်လည်းဆိုတာ မေးရင်တော့ နအဖနဲ့  အသိုင်းအ၀ိုင်းကသူတွေပေါ့။ မြန်မာရိုးရာ အတာသင်္ကြန်ယဉ်ကျေးမှုနဲ့  မကိုက်ညီတာ နေပြည်တော်က နအဖတွေ ပါးစပ်ပိတ် အ နေကြပါလား။ ဘောင်းဘီရှည် စကပ်တိုတွေ ဒေါက်မြင့်ဖိနပ်တွေနဲ့  ကျပ်ကျပ်ထုတ်ထုတ် ၀တ်ထားပြီး စင်ပေါ်တက်နွဲနေတာကို အဲ့ဒီ အမျိုးသမီးတွေနောက်ပိုင်းကို နောက်ပိုင်း စင်အောက်ဘက်က ထိုင်ကြည့်နေကြသူတွေကတော့ နအဖတစ်သိုက်ပါဘဲ။ (ဒီပုံကို ပုံကြီးချဲ့ ကြည့်ရင် တွေ့ မြင် ရပါလိမ့်မယ်)။



















ရှေ့ ကဖုံး နောက်ကပေါ်ဆိုတာ ဒါမျိုးထင်ပါရဲ့ ။ လမ်းမအောက်ဘက်က ကြည့်ရင်တော့ ရေပိုက်လေးတွေ ကိုင်ပြီး မဏ္ဍပ်ပေါ်ကနေ ယဉ်ယဉ်ကျေးကျေးလေး ရေပက်နေကြတယ်ပေါ့။ မဏ္ဍပ်အပေါ်ဘက်ရဲ့ အနောက်က ကြည့်ရင်တော့ ဘောင်းဘီတိုရှည် စကပ်တိုပေါင်ပေါ်တွေနဲ့  နအဖတို့ ရဲ့  မြန်မာရိုးရာဖျက် သင်္ကြန်ပျက်ကြီး ဖြစ်နေပါတော့တယ်။



















နအဖအာဏာရူးတွေနဲ့  နီးစပ်ရင် မျက်နှာကောင်းရတယ် အခွင့်ထူးတွေရတယ်ဆိုပြီး နေပြည်တော် နအဖသင်္ကြန်မှာ သွားရောက်ပေါင်းဖက်နေတဲ့သူတွေထဲက ဟော့ဒီမှာလည်း တွေ့ ရပါတယ်။



















ဒီဟာကတော့ ပြည်သူတွေ ဆူပူရင် လှုပ်ရှားမှုတွေ လုပ်ရင် ရိုက်နှက်ဖို့  ခါးကြားထဲမှာ အဆင့်သင့်ထဲထားသူတစ်ဦးကလည်း နေပြည်တော် နအဖသင်္ကြန်မှာ ဒီလိုပါတဲ့။



















ဒီဖေါ်ပြပါ ဓါတ်ပုံတွေကို ကြည့်ရင်တော့ နေပြည်တော် နအဖသင်္ကြန်ဟာ မြန်မာ့ရိုးရာ အတာသင်္ကြန် ယဉ်ကျေးမှုအစဉ်အလာနဲ့  သွေဖီဖောက်ပြန်နေတယ်၊ နအဖတွေ ကိုယ်ကိုတိုင်က ထုတ်ပြန်ထားတဲ့ သင်္ကြန်စည်းကမ်းချက်တွေကို နအဖတွေ ကိုယ်တိုင် ဖောက်ဖျက်နေတယ်၊ နေပြည်တော် နအဖသင်္ကြန်ဟာ ဒေသခံပြည်သူလူထုအတွက်တောင် မဟုတ်ဘဲ နအဖအသိုင်းအ၀ိုင်းတွေသာ ပျော်ပါး မြူးထကဲကြတဲ့ သီးသန့် အပျော်ပွဲသာ ဖြစ်နေတယ်။

မြန်မာရိုးရာသင်္ကြန် အနှစ်သာရ လုံးဝမရှိဘဲ ခြောက်သွေ့ လွန်းတဲ့ အနေအထားဖြစ်နေလို့  အင်မတန်မှ စည်ကားသာယာလှတဲ့ ပြည်သူတွေအများစု ပျော်ရွှင်ခဲ့ကြတဲ့ ရန်ကုန် ကန်တော်ကြီးက အတာသင်္ကြန်ပွဲတော်ကို နအဖတွေ မရှူစိမ့်နိုင်အောင် မနာလိုဖြစ်နေကြတယ်ဆိုတာ အများသူငှာတို့  သုံးသပ်မိကြမှာပါ။

No comments: