မြို့ တော်ရန်ကုန်မှာ ရွှေထက်တန်ဖိုးကြီးတဲ့ ရွှေမိုးရွာလေပြီ။

ယနေ့ မေလ ၁၇ ရက် နေ့ နံနက် ၁၀း ၃၅ အချိန်ခန့်တွင် လူအများ တောင့်တလျှက်ရှိသော မိုးမင်းကြီးသည် ရုတ်တရက် မိုးတိမ်များ မည်းမှောင်လာပြီး အင်အားပြင်းထန်စွာဖြင့် သဲသဲမဲမဲ ရွာသွန်းပါတော့သည်။
.
မိုးရွာသွန်းမှုကြောင့် အချိန်ကြာမြင့်စွာ နှိပ်စက်ခဲ့သော အပူဒဏ်သည်လည်း လျော့ပါးသွားခဲ့ပါသည်။ ရန်ကုန်မြို့ ထဲရှိ လမ်းမများပေါ်တွင်လည်း ရန်ကုန်စည်ပင်သာယာရေးကော်မတီ၏ ပြည်သူများအပေါ်ထားရှိသော စေတနာကြောင့် ကျွပ်ကျွပ်အိတ်နှင့် အမှိုက်များသည် ဧရာဝတီမြစ်အတွင်း ခုတ်မောင်းသွားလာနေသော သင်္ဘောများကဲ့သို့ ပေါလောမျောပါ ခရီးနှင်နေကြပါသည်။
ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းသဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်အရွေးခံမည်ဟု ကြုံးဝါးထားသော (လမ်းတစ်ဝက်တစ်ပျက်ခင်း အောင်သိန်းလင်း) သည်လည်း သူ၏ လက်အောက်ခံ စည်ပင်ဝန်ထမ်းများအား ရေစီးရေလာကောင်းမွန်ရေး ၊ အမှိုက်သရိုက်ရှင်းလင်းသိမ်းဆည်းရေးများကို (လုံးဝ) မညွှန်ကြားသေးပါကြောင်း သတင်းရရှိပါသည်။
လေးစားဦးညွှတ်လျှက် -
ဘားမားပါပါရာဇီ။
ရန်ကုန်တစ်မြို့လုံးအနှံ့ အင်းစိန်၊ မင်္ဂလာဒုံ၊ လသာ၊ လမ်းမတော်၊ ပန်းပဲတန်း၊ ကျောက်တံတား၊ မြောက်ဥက္ကလာ၊ ကြည့်မြင်တိုင်၊ ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ တာမွေ နေရာတော်တ်ာစုံစုံမှာ မိုးရွာပါတယ်။
No comments:
Post a Comment