Wednesday, May 19, 2010

နောင်တစ်ခေတ်၏ သားကောင်းရတနာ မျိုးဆက်သစ်ကလေးသူငယ်များအတွက် -

နာရေးကူညီမှုအသင်း (ရန်ကုန်) သည် နာရေးကိစ္စ အ၀၀တို့ကို ယခု မေလအတွင်း အပူရှိန်ကြောင့် သေဆုံးမှုဦးရေ (၈၀) ဦးခန့်ကို နေ့စဉ် ပို့ဆောင်သဂြိုင်္လ် ပေးနေရသလို၊ သုခကုသိုလ်ဖြစ်ဆေးခန်းမှလည်း နေ့စဉ် လူနာပေါင်း (၂၀၀) ဦးခန့်ကို အခမဲ့ ဆေးဝါးကုသပေးလျှက်ရှိပါသည်။

ထို့အပြင် မျိုးဆက်သစ်လူငယ်များအား ရည်စူးပြီး သုခအလင်း စာကြည့်တိုက်ကိုလည်း ဖွင့်လှစ် ထားရှိပါသည်။

မျိုးဆက်သစ်ကလေးငယ်များ ပညာရေး တိုးတတ်စေရန် ရည်ရွယ်ပြီး အင်္ဂလိပ်စာ အခြေခံသင်တန်းကိုလည်း အပါတ်စဉ် (စနေ၊ တနင်္ဂနွေ) နေ့တိုင်း သင်ကြားပေးလျှက် ရှိပါသည်။

ယနေ့ ၁၉ - ၅ - ၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းအား ထပ်မံ ဖွင့်လှစ် သင်ကြားပေးခဲ့ပါသည်။



















သင်တန်းဖွင့်ရခြင်း ရည်ရွယ်ချက်မှာ -

- ကလေးသူငယ်များအား လူတော်လူကောင်း ကလေးများအဖြစ် ပညာတော်ပြီး အကျင့်စာရိတ္တ ကောင်းမွန်လာရန်၊ ကိုယ်ချင်းစာနာစိတ်ဖြင့် မတရားမှု မှန်သမျှကို မပြုကျင့်မိရန်၊ ဗုဒ္ဓဘာသာဝင် ကောင်းများအဖြစ် လူ့အဖွဲ့အစည်းအတွင်း မြင့်မြတ်စင်ကြယ်စွာ နေထိုင်ပြီး ပရဟိတ စိတ်ဓါတ်များ ကိန်းအောင်းလာစေရန်၊

- ကလေးသူငယ်များအား ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ပြီး ရေသောက်မြစ်များကို ရှင်သန်လာအောင် စတင်ပြုစု ဖန်တီး ပေးခြင်းဖြစ်သည်။



















ယင်း သင်တန်းတွင် ဗုဒ္ဓဖြစ်စဉ် ဗုဒ္ဓ၀င်၊ (၃၈)ဖြာ မင်္ဂလာတရားတော်၊ ပြည်သူ့နီတိ ယဉ်ကျေးလိမ္မာ ကဗျာများ၊ ပျော်ရွှင်စရာ ကျန်းမာရေးလေ့ကျင့်ခန်း စသည်တို့ကို သင်ကြားပို့သလျှက်ရှိပါသည်။

ယနေ့ ကလေးသူငယ်များကို ပျိုးထောင်ပေးနေခြင်းသည် အနာဂတ်နိုင်ငံတော်ကို တည်ထောင်နေခြင်းပင် ဖြစ်သည်။

သင်တန်းဆရာများမှာ ဒေါ်သန်းမြင့်အောင်၊ ဦးဝင်းမိုးသန့်၊ ဒေါ်ဧရာမောင်မောင်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) လုပ်အားပေး လူငယ်များ ဖြစ်ကြသည်။







































































ထပ်မံပြီး ၂၆.၅.၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းနှင့် တွဲဖက်ပြီး ကလေးသူငယ်များအား ပန်းချီ ပညာရှင်ကြီးများမှ ပန်းချီသင်တန်း ထပ်မံ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပါသည်။

ထို့အပြင် ၈.၆.၂၀၁၀ (အင်္ဂါ)နေ့မှ စတင်ပြီး အပါတ်စဉ် (အင်္ဂါ၊ ဗုဒ္ဓဟူး) နေ့တိုင်းတွင် တရုတ်ဘာသာ ပညာရှင်မှ စိတ်ဝင်စားသူ ပညာလိုလားသူ လူကြီး လူငယ်မရွေး မည်သူမဆိုကို တရုတ်စကားပြော သင်တန်းအား အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ကိုကျော်သူ။

No comments: