Sunday, May 30, 2010

မေလ (၃၀) ရက်၊ ဒီပဲယင်းအရေးအခင်း (၇) နှစ်ပြည့် နှစ်ပတ်လည်နေ့ တွင် ရန်ကုန်မြို့အတွင်း နေရာအနှံ့အပြား၌ လုံခြုံရေးတင်းကျပ်။

ယနေ့  မေလ (၃၀) ရက်၊ ဒီပဲယင်းအရေးအခင်း (၇) နှစ်ပြည့် နှစ်ပတ်လည်နေ့ တွင် ရန်ကုန်မြို့အတွင်း နေရာအနှံ့အပြား၌ လုံခြုံရေးတင်းကျပ်ထားတာကို တွေ့ မြင်ရပါသည်။

















လွန်ခဲ့သော (၇) နှစ်ခန့်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၄င်းဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များကို လုပ်ကြံသတ်ဖြတ်ရန်အတွက် နအဖ၏ လက်ကိုင်တုတ်တစ်ချောင်းဖြစ်သော ဗိုလ်ချုပ်စိုးဝင်းမှ ချေမှုန်းသုတ်သင်စစ်ဆင်ရေးတစ်ရပ်ကို ရေးဆွဲကာ မုံရွာမြို့  ပုလဲအကျဉ်းထောင်ရဲဘက်စခန်းမှ ရဲဘက်အကျဉ်းသားများနှင့် စွမ်းအားရှင်များကို စေလွှတ်ပြီး လုပ်ကြံသတ်ဖြတ်စေခိုင်းခဲ့သည်။

၎င်းဒီပဲယင်းအရေးအခင်းတွင် နအဖစစ်အစိုးရ၏ လက်အောက်ခံစွမ်းအားရှင် များ၊ အကျဉ်းထောင်မှ လူမိုက်များ၊ ရဲများနှင့် စစ်သားများ၏ လက်ချက်ဖြင့် ရဟန်းရှင်လူပြည်သူ အယောက် (၈၀) ကျော် ကျဆုံးခဲ့ရပါသည်။ ဒီပဲယင်းအရေးအခင်းအား ဦးစီးဆောင်ရွက်လုပ်ကြံခဲ့သော နအဖ၏ လက်ကိုင်တုတ် လူ့ငရဲသား ဗိုလ်ချုပ်စိုးဝင်းသည်လည်း ၄င်းပြုခဲ့သော အကုသိုလ်အကျိုးတရားများကို ယခု ငရဲကြီးရှစ်ထပ် အ၀ီစိတွင် ချိုးကပ်လျှက် သွေးကြွေးများ ပြန်လည်ပေးဆပ်နေရပါသည်။
































၂၀၀၇ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) တွင်လည်း ရဟန်းရှင်လူပြည်သူအများကို ထပ်မံ လုပ်ကြံ သတ်ဖြတ်ခဲ့သော နအဖခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့် အပေါင်းအပါတစ်စုတို့သည်လည်း မကြာတော့သော အချိန်ကာလတွင် ငရဲကြီးရှစ်ထပ်အ၀ီစိသို့ ချိုးကပ်ရန်အတွက် ထွက်ခွာသွားကြပါတော့မည်ဖြစ်ကြောင်း အသိပေးတင်ပြလိုက်ရပါသည်။

လေးစားဦးညွှတ်လျှက် -

ရဲရဲတောက် ဘားမားပါပါရာဇီ (Burma Paparazi)။

No comments: