Sunday, May 9, 2010

ရိုင်းစိုင်းသော ရန်ကုန်မြို့ တော်ဝန် အောင်သိန်းလင်းတို့  မိသားစုဝင်များအကြောင်း။






























































ရန်ကုန်မြို့ တော်ဝန် အောင်သိန်းလင်း မိသားစုဝင်တွေ ဆွေမျိုးသားချင်းတွေ အကြောင်း မဖေါ်ပြခင်မှယ အောင်သိန်းလင်းပြောခဲ့တဲ့ မိုက်မိုက်ရိုင်းရိုင်းစကားတွေကို အရင်ပြန်ဖေါ်ပြပါရစေ။

ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ စည်ပင်သာယာဝန်ထမ်းတွေကို ပြောခဲ့တဲ့ မိုက်ရိုင်းသောစကားဖြစ်တဲ့ - `ဒီနေ့ စည်ပင်ရုံးမှာ ရှိကြတဲ့ အရာရှိတွေနဲ့ ၀န်ထမ်းအားလုံးကို ကျုပ်ပြောမယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲထည့်ရမယ်ဆိုတာ သိကြလား´´ (မည်သူမှ မဖြေဆိုပါ) `` ခင်ဗျားတို့ သိကြလား။ ခင်ဗျားတို့အားလုံး ခြင်္သေ့ကို မဲထည့်ရမယ်။ ခြင်္သေ့ကို မဲထည့်မှ ခင်ဗျားတို့၊ ခင်ဗျားတို့ရဲ့ မိန်းမတွေ၊ သားသမီးဆွေမျိုးတွေ ကောင်းစားမယ်။ ဘယ်သူ့ကို ထည့်မှာလဲ ခြင်္သေ့နဲ့ ခွပ်ဒေါင်း ဘယ်သူ့ကို ထည့်မှာလဲ´´ (မည်သူမှ မဖြေဆိုပါ) `` ခင်ဗျားတို့ ခြင်္သေ့နဲ့ ဒေါင်းမှာ ခြင်္သေ့ကိုပဲ မဲထည့်ရမယ်။ မသေမချင်း မှတ်ထားကြပါ။ ဒီရွေးကောက်ပွဲမှာ ခင်ဗျားတို့ ခြင်္သေ့ကို မဲမထည့်လို့ ဟိုကောင်မ နိုင်သွားရင် ခင်ဗျားတို့ ဘာဖြစ်သွားမလဲ သိလား´´ ( ၄င်းမှ အမျိုးသမီးဝန်ထမ်းများကို အစည်းအဝေးခန်းပြင်သို့ ထွက်ခိုင်းသည်။) ထို့နောက် `` ဒေါင်းနိုင်သွားရင် ဒီကို အမေရိကန်ကောင်တွေ ရောက်လာလိမ့်မယ်။ ပြီးရင် ဒီကောင်တွေက အလကားနေကြမှာ မဟုတ်ဘူး။ ခင်ဗျားတို့ မအေတွေ၊ မိန်းမတွေ၊ နှမတွေ၊ သမီးတွေ တက်လုပ်ကြမှာ ခင်ဗျားတို့ အလုပ်ခံချင်ရင် ဒေါင်းကို မဲပေးကြ ကျုပ် တစ်ခုထပ်ပြောမယ်။ ခင်ဗျားတို့ စည်ပင်ကလူတွေအားလုံး ခြင်္သေ့ကို မဲမထည့်ရင် ဘယ်လိုအရေးယူမလဲဆိုတာ တွေ့ရမယ်။ ခင်ဗျားတို့အားလုံး ကျုပ်တို့ကိုပဲ မဲထည့်ကို ထည့်ရမယ်။´´

ဒါကတော့ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းရဲ့  ၀န်ထမ်းများအား ခြိမ်းခြောက် အကျပ်ကိုင်သော စစ်အာဏာရှင် စကားပင် ဖြစ်ပါတယ်။

ဒီလို ပြည်သူတွေကို ၀န်ထမ်းတွေကို ရိုင်းစိုင်းစွာ ပြောခဲ့တဲ့ အောင်သိန်းလင်းဟာ သူရဲ့  မိသားစု မိန်းမတွေ သမီးတွေ သားတွေ တူတွေ တူမတွေ ထိခိုက်နစ်နာမှာကြတော့ ကြောက်ရွံ့ ပြီး အတော့်ကို ကိုယ်ချင်းစာတရား လုံးဝမရှိတဲ့ သူပါ။

ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ သမီးအမည်ခံ တူမ စုမျိုးသွယ်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိနဂါဝမြို့နယ်ရှိ Tokyo Kaiyo တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားနေကြောင်း သိရှိရပါတယ်။ (ဂျပန်နိုင်ငံ ပညာတော်သင်နေတဲ့ စုမျိုးသွယ်ဟာ အရှိန်အ၀ါပိုကောင်းအောင်ဆိုပြီး တူမဆိုတာထက် အောင်သိန်းလင်း သမီးလို့ ပြောနေတာ ဖြစ်ပါတယ်)။






























































































































နအဖ ရန်ကုန်မြို့ တော်ဝန် အောင်သိန်းလင်းဟာ ပြည်သူတွေထဲကကနေ စေလွှတ်သင့်တဲ့ ပညာတတ်တွေကို ချန်လှပ်ထားပြီး တူမ ဖြစ်သူ စုမျိုးသွယ်ကို မွေးမြုရေးနဲ့  ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချူပ်မောင်မောင်သိန်းလက်မှတ်နဲ့  ဂျပန်နိုင်ငံကို ပညာတော်သင်အဖြစ် ကိုယ်ကျိုးအခွင့်အရေးယူကာ စေလွှတ်ခဲ့ပါတယ်။

ဒီလိုမျိုး နအဖဗိုလ်ချူပ်အသိုင်းအ၀ိုင်းဟာ နိုင်ငံတကာက ပေးလာတဲ့ ပညာရေးအခွင့်အရေးတွေကို သူတို့ ရဲ့  သားသမီးတွေ တူ တူမတွေကိုသာ စေလွှတ်ပညာသင်ကြားခိုင်းစေတာဟာ နိုင်ငံတကာအစိုးရနဲ့ အသိုင်းအ၀ိုင်းကို ပုံမှားရိုက် လိမ်လည်လှည့်ဖြားရုံသာမက မြန်မာပြည်သူရင်သွေးတွေထဲက အမှန်တကယ် ထူးချွန်တတ်ကျွမ်းသူတွေ ရသင့်ရထိုက်တဲ့ ပညာရေးဆိုင်ရာ အခွင့်အရေးတွေကို ခိုးယူအသုံးချလိုက်တာဘဲ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ မြန်မာမျိုးချစ်များဟာ ဒီနအဖဗိုလ်ချူပ်ကြီးများ အသိုင်းအ၀ိုင်းရဲ့  သားသမီးတွေ နိုင်ငံတကာမှာ အမည်တွေ လိမ်ပြ ပြည်သူ့ ဝန်ထမ်း အရပ်သား ဟန်ဆောင်ပြကာ ပညာလာသင်နေကြတာတွေ စီးပွားရေးလာလုပ်နေကြတာတွေကို အမှန်အတိုင်းဖေါ်ထုတ်ပြီး သက်ဆိုင်ရာ နိုင်ငံတကာအစိုးရ သိအောင် သက်သေအထောက်အထားများနဲ့  တိုင်ကြားသင့်ပါတယ်။ သို့ မှသာလျှင် သာမန်ပြည်သူတွေထဲက ပြည်သူ့ ရင်သွေး ပညာထူးချွန်သူများ ရသင်ရထိုက်တဲ့ အခွင့်အရေးတွေကို နအဖဗိုလ်ချူပ်ကြီးများရဲ့  သားသမီးတွေ လိမ်လည်အခွင့်အရေး ယူမရမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ တော်ဝန် အောင်သိန်းလင်းဟာ ရန်ကုန်မြို့ နေ ပြည်သူပြည်သားတွေကို ဂုတ်သွေးစုတ်နေကာ ရန်ကုန်မြို့ ရဲ့  လုပ်ငန်းကြီးတွေ ပြည်သူပိုင်ပစ္စည်းတွေကို လက်ဝါးကြီးအုပ် အမြတ်ထုတ်ကာ မတရားသော နည်းများနဲ့  ချမ်းသာကြွယ်ဝနေသူပါ။ ဒီလို မတရားချမ်းသာကြွယ်ဝနေတဲ့ နအဖဗိုလ်ချူပ်ကြီးများကဲ့သို့  အောင်သိန်းလင်းဟာလည်း သူရဲ့  မိသားစု ကြီးပွားချမ်းသာရေးကိုသာ အဓိကထားသူဖြစ်ပါတယ်။ အောက်ဖေါ်ပြပါပုံမှာဆိုရင် အောင်သိန်းလင်း မတရားကြီးပွားနေတဲ့အတွက်ကြောင့် အောင်သိန်းလင်းရဲ့  မိသားစုဝင်တွေဟာ ငွေပုံပေါ်မှာ ဘယ်လောက် စည်းစိမ်ယစ်မူးနေကြလည်းဆိုတာ သိသာပါတယ်။

























































အောင်သိန်းလင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့ မိသားစု ဆွေမျိုးသားချင်း ပုံတွေပါ။














































































































































































































































































































ပြည်သူပြည်သားတွေကို ဂုတ်သွေးစုတ်နေတဲ့၊ ရန်ကုန်ုမြို့ ကြီးကို လက်ဝါးကြီးအုပ်ပြီး ချယ်လှယ်နေတဲ့၊ မတရားသော လဘ်စားမှုများနဲ့  ကြီးပွားချမ်းသာနေတဲ့ ရန်ကုန်မြို့ တော်ဝန် အောင်သိန်းလင်းဟာ နအဖတို့ ရဲ့  ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ပါဝင်ပြီး အုပ်စိုးဦးမယ်ဆိုရင်တော့ ရန်ကုန်မြို့ နေသူတွေဘ၀ကတော့ နင်းပြားဘ၀ထက် ပိုဆိုးမှာ ဗေဒင်ဆရာ မေးနေစရာတောင် မလိုတော့ဖူး။

No comments: