သတင်းစာထဲ မီးညွှန့် အစောကြီး ကျိုးသွားတယ်။ ရေလှူတာ ကြံ့ ဖွတ်လို့  ပြောကြသူတွေ အခု မင်္ဂလာဈေး မီးလောင်တာကရော ကြံ့ ဖွတ်လို့  ပြောပါလား။
နအဖရဲ့  ၀ါဒဖြန့်  လိမ်ညာသတင်းစာကတော့ ထုံးစံအတိုင်းဘဲ ပေါ်တင်ကြီးကို လိမ်လိုက်ပြန်ပြီ။
မင်္ဂလာဈေး မီးစလောင်တာ နံနက် (၈) နာရီခွဲခန့် ကနေ လောင်နေတာ ည (၄) နာရီကျော်လောက်ထိပါ။ ဒါကို နအဖသတင်းစာထဲမှာ နေ့ လည် (၂) နာရီခန့် မှာ မီးညွှန့် ကျိုးသွားတယ်ဆိုပြီး မီးလောင်ကျွမ်းမှု စုစုပေါင်းကြာချိန်ကို ဖုံးကွယ်လိမ်ညာထားတယ်။ မြန်မာနိုင်ငံမှာ မီးလောင်ကျွမ်းမှုအကြာဆုံးလို့  ပြောရတဲ့ မင်္ဂလာဈေးမီးလောင်တာ ဘယ်လောက်ကြာလည်းဆိုတာ ပြည်သူတွေ သိကြပါတယ်။
ဒီလောက်အကြာကြီး လောင်ကျွမ်းနေတာကို အမှန်အတိုင်း ဖေါ်ပြရမှာပေါ့။ လိမ်ညာဖုံးကွယ်ရအောင် နအဖတွေ မီးလောင်ကျွမ်းမှု လျင်မြန်စွာ မထိန်းချူပ်နိုင်တဲ့ အကြောင်းရင်းတွေဖြစ်တဲ့ ခေတ်မှီမီးသတ်ကားတွေ မရှိတာ၊ ရေလုံလောက်မှု မရှိတာ၊ မီးသတ်ပညာရပ်တွေ မတိုးတက်သေးတာ စတဲ့ နအဖရဲ့  စီမံညံ့ဖြင်းမှုကို လူသိမှာ ရှက်နေလို့ နဲ့ တူတယ်၊ အမှန်အတိုင်း မပြောရဲတာ။
နအဖပြောတဲ့ နေ့ လည် (၂) နာရီခန့် မှာ မီးညွှန့် ကျိုးမကျိုးက ညဘက်မှာ မီးလောင်နေဆဲ မင်္ဂလာဈေးမီးလောင်မှု ဓါတ်ပုံက သက်သေတစ်ခုပါ။
ရေငတ်ပြတ်မှုကြောင့် ပြည်သူတွေက ရေလှူကြတာကို အတင်းကြံ့ ဖွတ်အလံထောင်ချိတ်ခိုင်းတဲ့ နာမည်ဝင်ခံလိုကြတဲ့ ကြံ့ ဖွတ်တွေ အခု မင်္ဂလာဈေးမီးလောင်တော့ သိန်းစိန်ကအစ ကြံ့ ဖွတ်တွေ ပျောက်နေပါလား။ ပြည်သူအချင်းချင်း ရေလှူတာကိုကြတော့ ငါတို့  ကြံ့ ဖွတ်တွေ လှူတာကွလို့  ကြွေးကြော်လိုတဲ့သူတွေ အခု မင်္ဂလာဈေးမီးလောင်တာ ဒို့ ကြောင့်ဆိုပြီး ကြံ့ ဖွတ်အလံမထောင်ကြတော့ဖူးလား မေးလိုက်ချင်ပါတယ်။
သတင်းစာထဲမှာ မင်္ဂလာဈေးမီးလောင်ကျွမ်းမှုသတင်းအတိုလေး (သတင်းထည့်တယ်ဆိုရုံလောက်လေး) ထည့်ထားတဲ့ ကပ်ရက်ဘေးနားမှာ ရေးထားတာလည်း ဟာသပါဘဲ။ ဘာတဲ့ - “မီးကို သတိ မြဲထားရှိ၊ စောင့်ကြည့်နေပါ သင့်ဝန်တာ” တဲ့။ ပြောထားတဲ့အတိုင်း မီးလောင်ရင် တာဝန်က နအဖတာဝန် မဟုတ်ပါ။ သင့်တာဝန်ဘဲ ဖြစ်ပါသတဲ့ဗျာ။ စောင့်ကြည့်ပါ မီးကို ဘယ်လို ငြိမ်းသတ်ရမယ် ဆိုတာ မပါပါဖူး။
No comments:
Post a Comment