Monday, June 7, 2010

မှတ်ပုံတင် နိုင်ငံရေးပါတီများ နှုတ်ငုံပိတ် ဥပုသ်စောင့်နေကြပါဗျို့ ။



































မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့  ပါတီဝက်ဘ်ဆိုဒ် (Internet Site) များ လွှင့်တင်မယ်ဆိုရင်၊ နိုင်ငံရေးပါတီထုတ်ဝေစာများ ပုံနှိပ်ထုတ်ဝေမယ်ဆိုရင် လိုက်နာရမယ့် စည်းကမ်း (၁၁) ချက်ထဲမှာ တပ်မတော်အား ထိခိုက်ပုတ်ခတ်သွေးခွဲမှု မပြုရခြင်းနဲ့  နအဖ အဆင့်ဆင့်နဲ့  နိုင်ငံတော်အစိုးရကို ဆန့် ကျင်ခြင်း မပြုရဆိုတာ ပါတယ်တဲ့ဗျာ။

နိုင်ငံရေးပါတီလုပ်ပါပြီဆိုမှ မကောင်းတဲ့ အစိုးရပိုင်းဆိုင်ရာ ပြောဆိုဆောင်ရွက်ချက်တွေကို ထောက်ပြမယ်၊ ဝေဖန်မယ်၊ အကြံပြုမယ်၊ ကန့် ကွက်ဖို့ လိုရင် ကန့် ကွက်မယ် လုပ်ရမှာပေါ့။ ဒါ နိုင်ငံရေးပါတီတစ်ခုရဲ့  တိုင်းပြည်အကျိုးကို ရှေ့ ရှူပြီး လုပ်ကြရမယ့် အဓိက အလုပ်တွေဘဲ။

တပ်မတော်ဆိုတာ တကယ်တမ်းမှာ တိုင်းပြည်အစိုးရအဖွဲ့ ရဲ့  ကာကွယ်ရေးဝန်ကြီး လက်အောက်မှာသာ ရှိရတာပါ။ အစိုးရအဖွဲ့ ဝင် ကာကွယ်ရေးဝန်ကြီးရဲ့  လုပ်ရပ်မှားယွင်းနေမယ်ဆိုရင် ကာကွယ်ရေးဝန်ကြီးကအစ အောက်ခြေ တပ်မတော်သားတစ်ယောက်ရဲ့  လုပ်ရပ်အထိ ထောက်ပြဝေဖန်သုံးသပ်ခွင့် ရှိကို ရှိရမှာ ဖြစ်တယ်။ ဒီလို ရှိမှသာလျှင် အမှားကို အမှားတိုင်း သိနိုင်ကြမလို အမှန်ကို ပြင်နိုင်ကြမှာ ဖြစ်တယ်။ ငါ ကာကွယ်ရေးဝန်ကြီးဘဲ လုပ်ချင်တာလုပ်မယ်၊ ငါ စစ်ဗိုလ်ချူပ်ဘဲ လုပ်ချင်ရာ လုပ်မယ်ဆိုတာ အခု နအဖ၀န်ကြီးတွေ ဗိုလ်ချူပ်တွေ လုပ်နေသလို ဖြစ်နေဦးမှာပေါ့။ ဝေဖန်သုံးသပ် ထောက်ပြတာကို သွေးခွဲစကားပြောတာလို့  ပြောတာဟာ မဟုတ်မမှန်တွေလုပ်ထားလို့  လုပ်နေလို့  အကြောက်ကြီး ကြောက်ပြီး ဖုံးကွယ်နေတာဘဲ။

နအဖ အဆင့်ဆင့်နဲ့  နိုင်ငံတော်အစိုးရကို ဆန့် ကျင်ခြင်း မပြုရဆိုတာကလည်း နိုင်ငံရေးပါတီတွေအပေါ် ပေါ်တင်ကြီး ချူပ်ချယ်လိုက်တာဘဲ။ စောစောက ပြောသလို နိုင်ငံရေးပါတီတစ်ခုဆိုတာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ မည်သည့် အစိုးရ အဖွဲ့ အစည်း မည်သူကိုမဆို တိုင်းပြည်နဲ့  ပြည်သူ့ အကျိုးရှေ့ ရှူပြီး မမှန်ရင် မမှန်သလို၊ မှားနေရင် မှားနေသလို ထုတ်ဖေါ်ပြောကြရမှာဖြစ်သလို ထောက်ခံသင့်ရင် ထောက်ခံရမယ်၊ ဆန့် ကျင်သင့်ရင် ဆန့် ကျင်ရမှာ ဖြစ်တယ်။

နအဖသန်းရွှေ့တို့ နအဖဗိုလ်ချူပ်ကြီးတွေ ကြောက်နေကြတာများ ကြောက်ချေးတွေ ထွက်ထွက်ပြနေပါတော့တယ်။

နအဖ ဒီလိုပြောပုံအရ ဒီလိုချူပ်ချယ်ကန့် သတ်မှုတွေအရဆိုရင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီတွေ နိုင်ငံရေးမလုပ်ရတော့ဘဲ နှုတ်ငုံပိတ် ဥပုသ်စောင့်နေရမယ်နဲ့  တူပါတယ်။

No comments: