အရောင်ကိုယ်စီ တောက်လွင်သည်၊ ၀တ်ဆင်သည်က ချိတ်ထမီ၊ ကြိုတင်ကာ ကလိုက်မယ်ဟဲ့ သူများတို့  ယိမ်း (သိန်းစိန်က အဖွဲ့ ထိန်း)။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲထဲမှာ လိမ်လည်ဝင်ရောက်အရွေးခံကြဖို့ အတွက် စစ်တပ်ရာထူးတွေ ကမန်းကတန်း ဖြုတ်၊ စစ်ယူနီဖောင်းတွေ ချက်ချင်းချွတ်ပြီး ပုဆိုးတွေ ၀တ်ပြကြရတဲ့ နအဖဗိုလ်ချူပ်ကြီများ၊ နအဖ၀န်ကြီးချူပ်နဲ့  ၀န်ကြီးများကတော့ ခေါင်းဆောင်ကြီး အာဏာရူးနေရာကနေ အကုန်ရူးသွပ်သွားတဲ့ သန်းရွှေရဲ့  စိတ်အလိုကျ ရူးပေါပေါ ခိုင်းသမျှအတိုင်း ချိတ်အ၀တ်အစားတွေ ၀တ်ပြလိုက်ရတော့ နေရင်းထိုင်းရင်း လုံးရာကနေ ပြားရတဲ့ဘ၀ ရောက်သွားပါတော့တယ်။ ဒီလိုဘ၀ပျက်ကြရတာကို ဂုဏ်ယူနေကြတဲ့ အပြုံးလေးတွေ ကိုယ်စီနဲ့  မြင်ရပါသေးတယ်။
ဝတ်ထားကြတဲ့ ချိတ်အရောင်တွေက ပန်းရောင်၊ လိမ်မော်ရောင်၊ အစိမ်းရောင်၊ အ၀ါရောင်၊ အပြာရောင်တောက်တောက်တွေပါ။
ပုံမှာ ဘယ်ဘက်အစွန် နောက်ဆုံးကနေ လမ်းလျှောက်လိုက်လာတဲ့သူက ကြိုင်ကြိုင်အကြိုက် အရောင်လေးဖြစ်တဲ့ မရမ်းသီးရောင်အရင့် လေးနဲ့ ။ သိန်းစိန်ကလည်း အားကျမခံ လိမ္မော်ရောင်လေး ၀တ်ပြထားပါတယ်။
ပုံထဲမှာ ပါတဲ့ နအဖကတော်တွေကတော့ ဘယ်သူ့ က ကိုယ့်ရဲ့ ကတော်တွေဖြစ်မလည်းဆိုတာ နအဖဗိုလ်ချူပ်ကြီးတွေ သိမှာပါ။ သူတို့ ရဲ့  ကတော်တွေက သူတို့ အတွက် အကောင်ဆုံးချိတ်အထည်လေးတွေ ထုတ်ပေးရလို့  နအဖပွဲလမ်းသဘင်တွေမှာ ၀တ်စရာမရှိလို့ တဲ့။
အမူအရာတွေ ဘယ်လို လုပ်ပြလုပ်ပြ၊ အရောင်တွေ ဘယ်လို ပြောင်းပြောင်း အာဏာရူးကြီး သန်းရွှေရဲ့  ပုံစံခွက်ထဲကအတိုင်း မမေ့မလျော့တာကတော့ သတိ သက်သာဆိုတဲ့ မတ်တပ်ရပ်အနေအထားတွေပါဘဲ။
ပေါမှ ပေါနိုင်ပါပေတယ်၊ ရူးမှ ရူးနိုင်ပါပေတယ်၊ ကြောင်မှ ကြောင်နိုင်ပါပေတယ် နအဖတွေရယ်။ မြန်မာပြည်ရဲ့  “သန်း (ရွှေ) (မောင်) အေး သိန်း (စိန်) ယိမ်းအဖွဲ့ ” လို့ အမည်တပ်ပြီး ရုံသွင်းကရင်တော့ အတော်စည်မယ့်ပွဲဖြစ်မှာ မလွဲဘဲ။ ဒါမှမဟုတ်လည်း အလှဖန်တီးရှင်များရဲ့  ဖက်ရှင်ရှိုးမှာ ၀င်ပြိုင်ရင်တော့ ဗိုလ်လုမယ့်သူမရှိ အနိုင်ရမှာ သေချာပါတယ်။
ချိတ်ထမီပေးဝတ်ဖို့  ကျန်နေသူကတော့ သန်းသန်းလို့  ခေါ်တဲ့ သန်းရွှေဘဲ ဖြစ်ပါတော့တယ်။
နအဖတွေရဲ့ ကြိုဆိုပွဲတွေမှာ တန်းစီကြိုဆိုကြရတဲ့ နေရာတွေမှာ အရင်ကတော့ နအဖကတော်တွေ ချိတ်ထမီလေးတွေ အလှအပ၀တ်ပြီး လုပ်ရတဲ့ အလုပ်ဖြစ်ပြီး အခုတော့ သိန်းစိန်တို့  ဥိးဆောင်ပြီး ချိတ်လေးတွေ ၀တ်ပြီး လှတပတနဲ့  အမူအရာမခို့ တရို့ နဲ့  ကြိုဆိုနေရပြီး ဖြစ်ပါကြောင်း သတင်းထူးအဖြစ် ကျော်ဆန်းက ထုတ်ပြန်သင့်နေပါပြီ။
No comments:
Post a Comment