Sunday, June 20, 2010

မြန်မာပြည်သူ ကမ္ဘာ့ပြည်သူတွေအားလုံးက လေးစားမြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံအား လူမြင်ကွင်းရှေ့ မှာ ခြေထောက်ဖြင့် ကန်ပြသော နအဖကောင် ငမိုက်သား။

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ရိုးသားဖြူစင်တဲ့ဂုဏ်သိက္ခာ၊ ပြည့်ဝထူးချွန်တဲ့ အရည်အချင်း၊ မြင့်မြတ်ခိုင်မြဲတဲ့ သူရသတ္တိ၊ တည်ကြည်ဖြောင့်မတ်တဲ့ စိတ်နေစိတ်ထား၊ လေးစားဂုဏ်ပြထိုက်တဲ့ ပြည်သူ့ အတွက်ဆောင်ရွက်မှုတွေကို နအဖအာဏာရူးတွေနဲ့  လက်ပါးစေတွေအနေနဲ့  ကောင်းကင်နဲ့  မြေကြီး နံ့ သာဆီနဲ့  အီးပမာ ကွာခြားလွန်းတာကြောင့် ဒေါ်အော်ငဆန်းစုကြည်အပေါ် ယုတ်မာသောနည်းပေါင်းများစွာနဲ့  နောက်ကွယ်ကတစ်မျိုး ဗြောင်ကြကြတစ်မျိုး တိုက်ခိုက်ပုတ်ခတ်လေ့ရှိခဲ့ကြပါတယ်။ လုပ်ကြံဖန်တီးမှုပေါင်းမြောက်မြားစွာနဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဂုဏ်သိက္ခာကို ထိပါးစော်ကားကြပါတယ်။

အာဏာရူးတွေ ပြည်သူ့ အာဏာကို လက်နက်နဲ့  ခြိမ်းခြောက်အနိုင်ကျင့်ပြီး ရွှေပလ္လင်ပေါ် ခွေးလေခွေးလွှင့်တစ်ကောင် တက်ထိုင်သလို လုပ်ခဲ့ကတည်းက သူတို့ ရဲ့  ၀ါဒဖြန့် သတင်းညာစာစောင်တွေထဲကနေ ပုတ်ခတ်ရေးသားတာတွေ ဖေါ်ပြခဲ့တာမျိုး လုပ်ခဲ့ကြတယ်၊ တီဗွီတွေ ရေဒီယိုတွေကနေ ရိုင်းစိုင်းတဲ့စကားလုံးတွေနဲ့  စောင်းမြောင်းအသံလွှင့်ပြောကြားတာတွေ ပြုလုပ်ခဲ့ကြတယ်။ ဒီထက်ပိုပြီး အင်တာနက်စာမျက်နှာတွေမှာလည်း ပုတ်ခတ်စကားတွေ အတင်းအဖြင်းစကားတွေ လုပ်ကြံဖန်တီးတဲ့ ဖြစ်ရပ်တွေကိုပါ ဖေါ်ပြရုံတင်မက အင်မတန်ရိုင်းစိုင်းစွာနဲ့  အမျိုးသမီးကောင်းတစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပုံရိပ်တွေကို မဖွယ်မရာပုံတွေဖြစ်အောင် ဖန်တီးပြသမှုတွေ လုပ်ခဲ့ကြတယ်။ ဒီလိုလုပ်ရပ်တွေအားလုံးကို နအဖခေါင်းဆောင်ကြီးတွေရဲ့  ဦးဆောင်မှုနဲ့  နအဖလက်ပါးစေတွေက သခင်အားရ ကျွန်ပါးဝပီပီ နောက်ကွယ်ကနေ တိုက်ခိုက်လုပ်ဆောင်ခဲ့ကြတယ်။

ဒီလိုနဲ့  နောက်ကွယ်ကနေ ယုတ်မာလို့  အားမရသေး ဒေါ်အောင်ဆန်းစုကြည်ရဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် လူထုစည်းရုံးရေး ခရီးစဉ်ဖြစ်တဲ့ ဒီပဲယင်းမှာ ကိုယ်ထိလက်ရောက် အသက်အန္တရာယ်ကို ထိခိုက်အောင် လုပ်ကြံတဲ့အထိ ဒေါ်အောင်ဆန်းစုကြည်အပေါ် လုပ်ဆောင်ခဲ့ကြတယ်။

ယခုလည်း မြန်မာပြည်သူတွေ ကမ္ဘာ့ပြည်သူတွေအားလုံးက ချစ်မြတ်နိုးလေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  (၆၅) နှစ်မြောက်မွေးနေ့  အခမ်းအနားတွေကို မတရားနေအိမ်အကျဉ်းချခံနေရဆဲဖြစ်တဲ့ မွေးနေ့ ရှင်ကိုယ်စား အားလုံးက ကိုယ်ချင်းစာကြတဲ့အနေနဲ့  ပြည်တွင်းပြည်ပ နေရာဒေသအနှံ့ မှာ ကျင်းပဂုဏ်ပြုနေကြတာကို မနှာလို မရှူရက်နိုင်နေကြတဲ့ နအဖအာဏာရူးတစ်သိုက်နဲ့  လက်ပါးစေ ကျွန်ပါးဝခွေးတစ်စုက သူတို့ ရဲ့  ရိုင်းစိုင်းမှုတွေ ယုတ်မာမှုတွေကို မအောင့်အီးထားနိုင်လောက်အောင် ထုတ်ဖေါ်ရိုင်းစိုင်းပြပါတော့တယ်။



































မြန်မာပြည်သူတွေ အားလုံးက ချစ်မြတ်နိုးလေးစားရတဲ့၊ ကမ္ဘာတစ်ဝန်းလုံးက နိုင်ငံတကာ အစိုးရတွေအပါအ၀င် ကမ္ဘာ့ပြည်သူတွေအားလုံးက လေးစားဂုဏ်ပြုကြတဲ့ ဒေါ်အောင်ဆန်းစုကြည်လို အမျိုးသမီးကောင်းတစ်ဦးရဲ့  ဓါတ်ပုံကို ခြေထောက်နဲ့  လူမြင်ကွင်းရှေ့ မှာ ပေါ်တင် ခြေထောက်နဲ့  ကန်ပြရဲတဲ့ နယူးယောက်မြို့ က နအဖကောင်စစ်ဝန်ရုံး ၀န်ထမ်း ငမိုက်သားရဲ့  ရိုင်းစိုင်းတဲ့လုပ်ရပ်ကို အမေရိကနအစိုးရထံ အသိပေးတိုင်ကြားကြပြီး နအဖသံတမန်တစ်ဦးရဲ့  မယဉ်ကျေး မဖွယ်ရာမှုကို ထုတ်ဖေါ်ကြပါ။

ကျွန်တော်တို့  မြန်မာပြည်သူတွေအနေနဲ့  ဒီလူယုတ်မာကို တွေ့ ရာ သင်္ချိုင်း ဒါးမဆိုင်းကြဘဲ ပြည်သူကနေ ပြစ်ဒဏ်ခတ်လိုက်ကြပါစို့ ။

(ဒီငမိုက်သားရဲ့  ရိုင်းစိုင်းမှုလုပ်ရပ်ကို ဓါတ်ပုံသက်သေအထောက်အထားနှင့်တစ်ကွ ဖေါ်ထုတ်ပြသပေးလာသော မိတ်ဆွေအား အထူးကျေးဇူးတင်ရှိပါသည်)။

No comments: