Saturday, June 26, 2010

နှစ်ခါစား နအဖရဲ့  လုပ်ရပ်။

အလုံးရိုက် ကားများကို ယခု စတင် ဖမ်းနေပြန်ပါပြီ။ ပြင်ပလမ်းကြောင်းများမှ နအဖအသိုင်းအ၀ိုင်းများ တရားမ၀င် တင်သွင်းလာသော (စက်ရုံထုတ်) တန်ဖိုးမှာ သိန်း ၂၀/၂၅ သိန်းဝန်းကျင် ပေးရပြီး ပြည်တွင်းသို့  တင်သွင်းလာကာ တန်ဘိုးကို အဆမတန် ဈေး ဆယ်ဆလောက်ဖြင့် ပြည်တွင်းတွင် တရားမ၀င် ရောင်းချခဲ့ပါသည်။

ငွေကြေးချမ်းသာသောသူများ ၀ယ်ယူထားသည့် အလုံးရိုက်ကားများမှာ တနိုင်ငံလုံးတွင် ပြန့် နှံ့ နေပြီး နံပါတ်တူ (၂) စီး (၃) စီး အသုံးပြုနေကြပါသည်။

စစ်အစိုးရအသိုင်းအ၀ိုင်းမှ တရားမ၀င် တင်သွင်းမှု၊ အဆမတန် ဈေးဖြင့် ရောင်းချမှုများကြောင့် သူတို့ အသိုင်းအ၀ိုင်းသာ အမြတ်အစွန်းများစွာ ရရှိခဲ့သည်။

ယခုအခါ ယင်းတရားမ၀င် လိုင်စင်မဲ့ ကားများကို ဖမ်းဆီးပြီး လေလံအဖြစ် ပြန်လည် ရောင်းချမည့် အစီင်္အစဉ် ရှိပါသည်။ ယခင်ကလည်း အဲလိုပဲ လုပ်ခဲ့ခြင်း ဖြစ်ပါသည်။

လေလံအဖြစ် ပြန်လည်ရောင်းချသောအခါ ကားမှာ ကောင်းကောင်း မကောင်းကောင်း ယခု ပြည်တွင်းကားဈေးနှုန်းဖြင့် လေလံပစ်မည်ဖြစ်ပြီး တရားဝင်ကားများအဖြစ် ပြုလုပ်မည် ဖြစ်ပါသည်။

နအဖ၏ အစီအစဉ်မှာ (၂) ခါစား အစီအစဉ် ဖြစ်ပြီး အလွန်ကောက်ကျစ်ယုတ်မာလှပါသည်။

ပြည်သူအများ သိရှိစေရန် ဖေါ်ပြလိုက်ရပါသည်။

(ပေးပို့ လာသော ညီငယ်တစ်ဦးအား ကျေးဇူးတင်ရှိပါသည်)။

No comments: