Monday, June 14, 2010

ကမ္ဘာ့ဖလားဘောလုံးပွဲစဉ် ကြည့်နေစဉ် မီးပျက်လို့  ဆန္ဒပြကြမှု ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ပွားခဲ့။
























လွန်ခဲ့တဲ့ စနေနေ့ က ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်ဖြစ်တဲ့ အာဂျင်တီးနားနဲ့ နိုင်ဂျီးရီးယား ဘောလုံးကန်နေစဉ်အတွင်းမှာ မီးပျက်သွားလို့ ဆိုပြီး စိတ်ပျက်ဒေါသူပုန်ထကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘောလုံးဝါသနာရှင် ရာပေါင်းမြောက်များစွာဟာ လမ်းတွေကို ပိတ်ဆို့ ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ညဘက်အချိန် ၂ နာရီကျော်ကျော်တိုင်အောင် လမ်းတွေပိတ်ဆို့ ဆန္ဒပြကြလို့  ကားတွေပိတ်ဆို့ ကုန်ပါတယ်။ ဒိမီးပျက်ရတာနဲ့  ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့  လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့  ဂက်စ်ဓါတ်ငွေ့  မလုံလောက်လို့  ဖြစ်ကြောင်း သိရှိရပါတယ်။

ဒီလို ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်တွေ ပြသနေတဲ့နေ့ ရက်တွေမှာ မီးပျက်လို့ ဆိုပြီး ဆန္ဒပြမှုတွေဟာ အရင်နေ့ ကတည်းက အစပျိုးခဲ့ပါတယ်။ ကမ္ဘာ့ဖလားဘောလုံးပွဲ ဖွင့်ပွဲအခမ်းအနားကို မီးပျက်လို့  မကြည့်လိုက်ရတဲ့ ပြည်သူတွေထဲက ဦးရေ ၃၅ ယောက်လောက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်လူတစုဟာလည်း လျှပ်စစ်ရုံးတစ်ရုံးကို ခဲတွေနဲ့ ပစ်ပေါက်ပြီး အထွေထွေမန်နေဂျာကို ကြိမ်းမောင်းခဲ့ကြပါတယ်။

ထို့ အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနှံ့ မှာလည်း မီးပျက်မှုတွေကြောင့် ကမ္ဘာ့ဖလားဘောလုံးပွဲစဉ် မကြည့်ရတဲ့ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေဟာ အစိုးရအဆောက်အဦးတွေကို ခဲတွေနဲ့  ပစ်ပေါက်ခဲ့ကြကြောင်း၊ ပြုတင်းပေါက်တွေ တံခါးတွေကို ရိုက်ချိုးခဲ့ကြကြောင်း သိရှိရပါတယ်။

(ကျွန်တော်တို့  မြန်မာပြည်မှာ ကမ္ဘာ့ဖလားဘောလုံးပွဲတွေကို ကြည့်နိုင်ဖို့  အခွင့်အရေး အခြေအနေ မရကြတဲ့ ပြည်သူတွေ အများကြီးဖြစ်နေချိန်မှာ နအဖခေါင်းဆောင်ကြီး သန်းရွှေတို့  ဗိုလ်ချုပ်ကြီးမိသားစုတွေကတော့ မီးရောင်ထိန်ထိန်အောက်မှာ တီဗွီကြီးတွေနဲ့  အပန်းပြေ ကြည့်နိုင်နေရုံသာမက၊ သန်းရွှေရဲ့  မြေး ဘောလုံးပွဲတိုင်းကို လက်လွတ်မပေးတဲ့ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်ကတော့ တောင်အာဖရိကနိုင်ငံမှာ ကမ္ဘာ့ဖလားဘောလုံးပွဲတွေ သွားရောက်ကြည့်ရှူနေကြောင်း သတင်းတွေ ထွက်ပေါ်နေကြောင်း သိရှိရပါတယ်)။

No comments: