ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သော ရွေးကောက်ပွဲအသစ်အပေါ် သဘောထား။
“ကျမတို့  နိုင်ငံရဲ့ အတွေအကြုံအရ ဖြည့်စွက်ပြောဆိုလိုတာကတော့ ရွေးကောက်ပွဲကျင်းပပြီးရင် ရွေးကောက်ပွဲရလဒ်ကို အကောင်းအထည် မဖော်တာဟာ ထမင်းစားဖိတ်ပြီး၊ ထမင်းပွဲပြင်၊ စားပွဲမှာထိုင်ခိုင်ပြီးမှ မစားရဘူးဆိုပြီး ထမင်းဟင်းတွေ ပြန်ပြီးသိမ်းသွားသလိုပါပဲ။ ဧည့်သည်တွေကို စော်ကားတဲ့ လုပ်ရပ်ပါ။ ၁၉၉၀ခုနှစ်၊ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်ပေးတာဟာ ပြည်သူတရပ်လုံးကို လိမ်လှည်လှည့်ဖြား စော်ကားရာရောက်တယ်”။
“အာဏာပိုင်တွေဟာ မိမိတို့သဘောမကျတဲ့ ရွေးကောက်ပွဲရလဒ်ဆိုရင် လျစ်လျှူရှုလိုက်၊ လိုချင်တဲ့ ရလဒ်ဖြစ်လာနိုးနိုး ရွေးကောက်ပွဲအသစ်တွေ ကျင်းပလိုက်နဲ့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့  အနာဂတ်နဲ့ ကစားရာ ရောက်ပါလိမ့်မယ်၊ တိုင်းပြည်ရဲ့ အနာဂတ်ဆိုတာဟာ ကစားရမယ့်အရာ မဟုတ်ပါဘူး။ တလေးတစားနဲ့ စောင့်ရှောက်သွားရမယ့်အရာသာ ဖြစ်ပါတယ်။
ဒါကြောင့် ၁၉၉၀ပြည့်နှစ်၊ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်ဘဲ နောက်ရွေးကောက်ပွဲအသစ် ကျင်းပရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်”
“၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အမြန်ဆုံး အကောင်အထည် ဖော်ပေးဖို့ လိုပါတယ်။ ပထမခြေလှမ်းအနေနဲ့ ပြည်သူ့လွှတ်တော်ခေါ်ပေးရလိမ့်မယ်” ။
ဒေါ်အောင်ဆန်းစုကြည်
၁၉၉၈ခုနှစ်၊ မေလ (၂၈) ရက်။
No comments:
Post a Comment