ဇွန်လ (၁၉) ရက်နေ့ မှာ ကျရောက်မယ့် မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  မွေးနေ့ အတွက် ပြည်သူများမှ မွေးနေ့ ဆုတောင်းပေးကြပါစို့ ။
http://www.ethicaltraveler.org/candles/index.php?id=470
၂၀၀၈ ခုနှစ်ကတည်းကနေ စတင်လာခဲ့တဲ့ အွန်လိုင်း မွေးနေ့ ဆုတောင်းဖြစ်ပါတယ်။ ဇွန်လ (၁၉) ရက်နေ့ မှာ ကျရောက်မယ့် မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  မွေးနေ့ အတွက် မိမိနှစ်သက်ရာ မွေးနေ့ ဆုတောင်းစာသားလေးများ၊ မိမိဖေါ်ပြလိုသော ဓါတ်ပုံများ၊ ပို့ စကဒ်များ ဒီဇိုင်း ကာတွန်း ပန်းချီပုံများ အစရှိတဲ့ မွေးနေ့ ဆူတောင်းလွှာများကို ကိုယ်တိုင်ကိုယ်ကျ ၀င်ရောက်ရေးသား ဖေါ်ပြလို့  ရပါတယ်။ မိမိရဲ့  ဖေါ်ပြတဲ့မွေးနေ့ ဆုတောင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ ရမှာ ဖြစ်သလို မြန်မာပြည်နှင့်တစ်ကွ အခြားသော နိုင်ငံများမှ မြန်မာလူမျိုးများ နိုင်ငံတကာပြည်သူများမှ ဆုတောင်းမှု ပြုထားကြသော မွေးနေ့ ဆုတောင်းများကိုလည်း မြင်တွေ့ ရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့  ချစ်မြတ်နိုးလေးစားတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာလည်း အာဏာရှင်များရဲ့  လူသားမဆန်သောလုပ်ရပ်ကြောင့် နေအိမ်အတွင်းမှာ အကျဉ်းကျခံနေရဆဲဖြစ်ပြီး သူမရဲ့  (၆၅) နှစ်မြောက်မွေးနေ့ ကိုလည်း ပြည်သူများနဲ့ အတူတကွ ဆင်နွဲနိုင်မှာ မဟုတ်သေးပါဖူး။
ဒီအတွက် ကျွန်တော်တို့  ပြည်သူများအနေနဲ့  ကျွန်တော်တို့ ရဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ဆုတောင်းလေးများကို ဖေါ်ပြရေးသားပေးကြမယ်လို့  ယုံကြည်ပါတယ်။ ဒီဆုတောင်းလွှာလေးများဟာ ကျွန်တော်တို့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ထွက်ပေးလာတဲ့ ဆုတောင်းလေးများဖြစ်ပြီး မိခင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  အွန်လိုင်းပေါ်ကနေ မြင်တွေ့ နိုင်ပါလိမ့်မယ်။
အောက်ဖေါ်ပြပါ အင်တာနက်စာမျက်နှာလင့်ခ်မှာ ၀င်ရောက်ကြည့်ရှူပြီး ဆုတောင်းပေးနိုင်ကြပါတယ်။
http://www.ethicaltraveler.org/candles/index.php?id=470
ဇွန်လ (၁၉) ရက်နေ့ မှာ ကျရောက်မယ့် မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ပြည်သူများမှ မွေးနေ့ ဆုတောင်းပေးကြပါစို့ ။
No comments:
Post a Comment