မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသော အ၀တ်အစားအဆင်အယင် အသွင်အပြင်နဲ့  နအဖတို့ ၏ မမြင်ချင်ယောင်ဆောင်မှုများ။
မကြာသေးခင်က ရုပ်ရှင်မင်းသမီး အိန္ဒြာကျော်ဇင်နဲ့  ၀တ်မှုံရွှေရည်တို့  ဘောင်းဘီတိုနဲ့  စကပ်အတို ၀တ်ဆင်ထားတဲ့ ပုံတွေကို ပါလို့ ဆိုပြီး နအဖစာပေစီစစ်ရေးကနေ ပေါ်ပြူလာစာစောင်ကို ထုတ်ဝေခွင့်ရပ်ဆိုင်းထားခဲ့တယ်လို့  ပြောဆိုနေကြပါတယ်။
တကယ်တမ်းမှာ ဒီထက်ပိုဆိုးတဲ့ပုံတွေ လုပ်ဆောင်မှုတွေ အများအပြားရှိနေကြောင်းနဲ့  နအဖက မတားမြစ်ဘဲ ခွင့်ပြုခဲ့တာ ရှိနေကြောင်း ပြောဆိုကြပါတယ်။ (မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်ပျက်ပြားစေတဲ့ ၀တ်စားဆင်ယင်မှုနဲ့  အသွင်အပြင်တွေကို အောက်မှာ ဆက်လက်ဖေါ်ပြထားပါတယ်)။
အနုပညာရှင်ဆိုတာ တိုင်းပြည်နဲ့  လူမျိုးရဲ့  အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ပြီး ပြည်သူတွေအတွက် စံပြရမယ့်သူတွေ ဖြစ်ရမယ့်အစား ဒီလို မြန်မာ့ယဉ်ကျေးမှုကို ပျက်ပြားစေတဲ့ ၀တ်စားဆင်ယင်မှုတွေ အသွင်အပြင်တွေကို လုပ်ဆောင်ပြနေတာဟာ မသင့်တော်ပါဖူး။
မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိခိုက်ပျက်ပြားစေသော ၀တ်စားဆင်ယင်မှုများနဲ့  လုပ်ဆောင်မှုများကို ပြုလုပ်နေကြတဲ့ သူတွေ အနုပညာလောကထဲမှာ ပိုပြီး လက်လွတ်စပယ်များပြားလာတာကို နအဖတွေ သိလျက် မြင်လျက်နဲ့  မမြင်ချင်ယောင်ဆောင်ပြီး သူတို့  အလိုကျသူတွေကိုတော့ လွှတ်ထားပေးတဲ့သူတွေ ရှိသလို၊ သူတို့  အလိုမကျသူတွေကိုတော့ ပိတ်ပင်တားဆီးတာတွေဟာ တစ်သွေးတစ်သားတည်းသော တားမြစ်ပိတ်ပင်မှု မဟုတ်ဘဲ ခွဲခြားဆက်ဆံတာ သိသာထင်ရှားပါတယ်။
ဒီလိုခွဲခြားဆက်ဆံတာဟာ နအဖတွေ အလိုကျ ၀ါဒဖြန့် ချီရေးတွေမှာ အားတက်သရော လုပ်ပေးသူတွေ၊ နအဖတွေကို ဖေါ်လံဖားပြီး ဆက်ဆံသူတွေကိုတော့ ဘာဘဲလုပ်လုပ် ဘာဘဲဝတ်စားဆင်ယင် ဘာဘဲပြောပြော သိသိကြီးနဲ့  လွှတ်ပေးထားပါတယ်။ ထို့ အတူဘဲ အနုပညာလောကထဲက အချို့ သောသူများဟာလည်း ဒီအခွင့်အလမ်းတွေ ရထားတာကြောင့် ထင်ရာလုပ်နေတော့တာတွေ တွေ့ မြင်နေရပါတယ်။
အောက်ဖေါ်ပြပါ ပုံတွေကို ကြည့်ရင် မြန်မာ့ယဉ်ကျေးမှုကို ထိပါးပျက်ပြားစေတဲ့ ၀တ်စားဆင်ယင်မှုနဲ့  အသွင်အပြင်တွေကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်ပျက်နေကြတာ အခုလတ်တလောမှ မဟုတ်ဘဲ ကြာမြင့်နေပြီဖြစ်ပါတယ်။
နအဖတွေ ပြောပြောနေတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့  အမျိုးသားဂုဏ်သိက္ခာ မြင့်မားရေး စောင့်ရှောက်ထိန်းသိမ်းမှုဆိုတာ လက်တွေ့ နဲ့ အပြော မကိုက်ညီဖူးဆိုတာ ထင်ထင်ရှားရှား သက်သေပြနေပါတယ်။
နအဖတွေ ပြောပြောနေတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့  အမျိုးသားဂုဏ်သိက္ခာ မြင့်မားရေး စောင့်ရှောက်ထိန်းသိမ်းမှုဆိုတာ လက်တွေ့ နဲ့ အပြော မကိုက်ညီဖူးဆိုတာ ထင်ထင်ရှားရှား သက်သေပြနေပါတယ်။
No comments:
Post a Comment