Monday, July 19, 2010

(၆၃) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား ကျင်းပပြီး အာဇာနည်ကုန်းသို့  လမ်းလျှောက်ချီတက်ခဲ့ကြပါသည်။

ယနေ့  ဇူလိုင်လ (၁၉) ရက်နေ့ တွင် ကျရောက်သော (၆၃) နှစ်မြောက် အာဇာနည်နေ့  အခန်းအနားအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ဒုဥက္ကဌ ဦးတင်ဦး၏ နေအိမ်တွင် နံနက် (၉) နာရီ၌ ကျင်းပရာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အဖွဲ့ ဝင်များနှင့် ကျောင်းသားပြည်သူများ တက်ရောက်ကြပါသည်။

































































































ဗိုလ်ချူပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် နံနက် (၁၀) နာရီ (၃၇) မိနစ်တွင် ဥသြဆွဲပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်အလေးပြုကြပါသည်။

























ထိုအချိန်တွင် နအဖမှ ဦးတင်ဦး၏ နေအိမ်ခြံဝန်းအတွင်းသို့  ၀င်ရောက်လာပြီး ပြောဆိုရာတွင် အာဇာနည်ကုန်းသို့  ဗိုလ်ချူပ်အောင်ဆန်းပုံရိပ်ပါ အင်္ကျီများ ၀တ်ဆင်၍ ချီတက်မှု မပြုကြရန် ပြောဆိုပါသည်။ ဗိုလ်ချူပ်အောင်ဆန်းပုံရိပ်ပါ အင်္ကျီများ မ၀တ်ဆင်ဘဲ ရိုးရိုးအင်္ကျီဖြင့် ချီတက်မည်ဆိုပါက နအဖမှ ကားများ စီစဉ်ပေးမည်ဖြစ်ကြောင်း ပြောဆိုရာ အာဇာနည်နေ့ အခမ်းအနားတက်ရောက်သူများမှ ငြင်းပယ်၍ ပန်းခြင်းကိုင်၍ ချီတက်ရန် ဆောင်ရွက်စဉ် ပန်းခြင်းဖြင့် ချီတက်ခြင်းအားလည်း ခွင့်မပြုသဖြင့် ပန်းခြင်းများအား ကိုင်ဆောင်ခွင့်မရကြဘဲ အာဇာနည်ကုန်းသို့  ချီတက်လမ်းလျှောက်ခဲ့ကြပါသည်။









































































ယနေ့ တွင် ကျင်းပသော (၆၃) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား တက်ရောက်သူများမှာ စုစုပေါင်း အယောက် ၃၀၀ ပတ်ဝန်းကျင်ခန့် ရှိကာ အာဇာနည်ကုန်းသို့  ချီတက်ရာတွင် နေ့ လည်ပိုင်းအချိန်၌ ချီတက်လိုက်ပါကြသူများ ရာကျော်ရှိကြောင်း သိရှိရပါသည်။

(သတင်းပေးပို့ လာသော ကိုကိုနှင့် ဒီမိုဝေယံအား ကျေးဇူးတင်ရှိပါသည်)။

No comments: