နအဖ လူသတ်ကောင် သံဃာသတ်သမား သန်းရွှေ သေဆုံးချိန်။
နအဖ လူသတ်ကောင် သံဃာသတ်သမား သန်းရွှေ အိန္ဒိယနိုင်ငံကို သွားရောက်တာ နောက်ဆုံးခရီးလို့  ပြောဆိုနေကြတဲ့အတွက် သန်းရွှေ သေဆုံးချိန်ရမယ့်အချိန်ကို သန်းရွှေမွေးတဲ့ မွေးသက္ကရာဇ်နဲ့  သေဆုံးမှုတွက်ချက်တဲ့နေရာမှာ စမ်းသပ်ကြည့်တဲ့အခါမှာတော့ သန်းရွှေဟာ ပုံမှန်အရဆိုရင် ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့  အင်္ဂါနေ့ မှာ သေသင့်တာလို့  ပြပါတယ်။
သို့ ပေမယ့် သေရမယ့်အချိန်ကာလကို အတတ်နိုင်ဆုံး ဆွဲဆန့် ကြည့်ပေးတာတောင် အလွန်ဆုံး နောက်ထပ် (၆) နှစ်ထက် မပိုနိုင်ကြောင်း ပြသပါတယ်။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက် သောကြာနေ့ ထက် မကျော်လွန်နိုင်ကြောင်း ဆိုထားပါတယ်။ ဒီလိုပြသပေမယ့် နောက်ထပ် (၆) နှစ်ထိနေရမယ်လို့  ဆိုလိုတာ မဟုတ်ပါ။
သန်းရွှေ သေဆုံးသင့်ချိန် ၂၀၀၆ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့  ကျော်ကတည်းက ဘယ်ရက် ဘယ်အချိန်မှာမဆို သေဆုံးသွားနိုင်ပါတယ်။
သန်းရွှေဟာ အခုဆိုရင် အသက် (၇၇) ခုနှစ် ရှိနေပါပြီ။ ယခင်တစ်ခေါက် အိန္ဒိယနိုင်ငံကို အလည်ခရီးသွားရောက်ကတည်းက သန်းရွှေကို ဘေးနားကနေ ဆေးလက်ဆွဲအိတ်ကိုင်ပြီး တွဲပေးနေခဲ့ရတာပါ။ အခု အိန္ဒိယနိုင်ငံကို ရောက်ရှိနေချိန်မှာ သန်းရွှေရဲ့  အခြေအနေဟာ ပိုဆိုးနေတဲ့ အနေအထား ရှိပါတယ်။
စောစောက ပြောသလို သန်းရွှေဟာ ပုံမှန်အရဆိုရင် ၂၀၀၆ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့  အင်္ဂါနေ့ မှာ သေဆုံးသင့်ပြီ၊ သို့ ပေမယ့် အလွန်ဆုံး ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက် သောကြာနေ့ ထက် မကျော်လွန်နိုင်ကြောင်း ဆိုထားတဲ့နေရာမှာ သန်းရွှေဟာ မကြာခင်အတွင်းမှာ သေဆုံးတော့မယ်ဆိုတာက ပိုနီးစပ်နေပါပြီ။ ဘာကြောင့် နီးစပ်ရသလည်းဆိုရင် သူသေဆုံးသင့်တဲ့ ၂၀၀၆ ခုနှစ်ရဲ့  နောက်တစ်နှစ်ဖြစ်တဲ့ ၂၀၀၇ ခုနှစ်မှာ ရွှေဝါရောင်တော်လှန်ရေးဆိုတဲ့ သံဃာတော်များ အေးချမ်းစွာ လမ်းလျှောက် မေတ္တာပို့ ချီတက်မှုကို အကြမ်းဖက် ရိုက်ပုတ်သတ်ဖြတ်မှု ပြုလုပ်ခဲ့လို့ ဘဲ ဖြစ်ပါတယ်။
အကုသိုလ်ပေါင်း မြောက်မြားစွာ ကျူးလွန်ခဲ့တဲ့ နအဖခေါင်းဆောင်ကြီး သန်းရွှေဟာ သေခါနီးဖြစ်ချိန် ကျရောက်နေပြီးဖြစ်တာတောင် တရားအစစ်အမှန်ကို မရသေးတဲ့အတွက် အိုနာသေဘေးဆိုတဲ့ သေခြင်းတရားကို အကြောက်ကြီး ကြောက်နေပါပြီ။ ဒီလို အကြောက်ကြီး ကြောက်နေတဲ့အတွက်လည်း အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာကို ဘုရားသွားရှိခိုး တရားထိုင်မှ ကုသိုယ်ရမယ် အပါယ်ငရဲမရောက်နိုင်ဖူးဆိုတဲ့ အတွေးလွဲမှားစွာနဲ့  ဖြစ်နေတာ ဖြစ်ပါတယ်။
သန်းရွှေရဲ့  အတွင်းစိတ်မှာ ကိုယ့်ကိုကိုယ် သေရမှာ ကြောက်နေရုံမက အခြားသော လောဘ ဒေါသ မောဟတွေဟာ အမှောင်ဖုံးလွမ်းနေဆဲ ဖြစ်တဲ့အတွက် အချိန်စက္ကန့် ပိုင်းနဲ့ အမျှ ခန္ဓာကိုယ်တွင်းမှာ ပူလောင်နေတယ်ဆိုတာ သန်းရွှေရဲ့  တရားမရှိတဲ့ ရုပ်အသွင်အပြင်ကို ကြည့်ရင် မြင်နိုင်မှာ ဖြစ်ပါတယ်။
သန်းရွှေ ဘယ်အချိန်ဘဲသေသေ ပြုလုပ်ခဲ့သမျှ မကောင်းမှုတွေရဲ့  ဆိုးကျိုးကိုတော့ ဘာနဲ့ မှ ချေဖျက်လို့  ရမှာ မဟုတ်ပါဖူး။ အပါယ်ငရဲကို လားမှာ သေချာပါတယ်။ သေဆုံးပြီးချိန်နောက်မှာလည်း လူ့ သမိုင်းကြောင်းမှာ သန်းရွှေဆိုသူသည် တိုင်းပြည်နဲ့  ရဟန်းရှင်လူပြည်သူအပေါင်းကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခဲ့သူအဖြစ် နာမည်ဆိုးနဲ့  ထင်ကျန်နေမှာ ဖြစ်ပါတယ်။ သန်းရွှေရဲ့  မိုက်ဆိုး မိုက်ပြစ် နောက်ဆက်တွဲတွေကို သန်းရွှေရဲ့  မျိုးဆက်တစ်လျှောက်လုံးက ခံကြရဦးမှာပါ။ နအဖခေါင်းဆောင်ကြီး သန်းရွှေရဲ့  နောက်ဆုံးခရီးမှာတောင် အသေဖြောင့်မှာ မဟုတ်ဖူးဆိုတာ သန်းရွှေ မသေခင် သိသွားမှာ ဖြစ်ပါတယ်။
သန်းရွှေလို လူတစ်ယောက် မကောင်းမှုကြောင့် လူ့ လောကတစ်ခု သေကြေပျက်စီးဒုက္ခရောက်ကြရတဲ့ ဘ၀ပေါင်းမြောက်မြားစွာ ဖြစ်ခဲ့ရပါတယ် ဖြစ်နေရပါတယ်။ ထိုအတူ သန်းရွှေလို အသွင်တူသူတွေကြောင့်လည်း မြန်မာပြည်သူတွေ အသက်သွေးတွေ မြေကျရ ဘ၀တွေ ပျက်ဆီးရနဲ့  ဖြစ်နေဆဲ ဖြစ်ပါတယ်။
မည်သို့ ပင်ဆိုစေ သက်ရှိသတ္တ၀ါတစ်ဦးအတွက် သေဆုံးကြရမှာ မလွဲမရှောင်နိုင်တဲ့ သင်္ခါရတရားလို့  ဆိုရပေမယ့် မသေခင်မှာ ခံစားရတဲ့ ဒုက္ခ၊ သေဆုံးခါနီးမှာ ကြုံတွေ့ ရတဲ့ ဒုက္ခနဲ့ သေဆုံးပြီးနောက်ပိုင်းမှာ ဖြစ်ပျက်မယ့် ဒုက္ခတို့ မှာ ကွာခြားနေဦးမှာပါ။
မကောင်းမှု ပြုလုပ်သူတစ်ဦးအတွက် သေခါနီး ကြုံတွေ့ ရမယ့် ဒုက္ခကို ထိတ်လန့် ကြောက်လန့် ပြီး မည်မျှပင် ဖြေသိမ့်ဆေးလည်း ကူသော်ငြားလည်း မကောင်းမှုတွေအတွက် ဆိုးကျိုးဒဏ် ခံရမှာ မလွဲမသွေဖြစ်ကြောင်း နအဖခေါင်းဆောင်ကြီး သန်းရွှေ ကြားသိစေရန် ဖေါ်ပြအပ်ပါတယ်။
နအဖ လူသတ်ကောင် သံဃာသတ်သမား သန်းရွှေ သေဆုံးတဲ့အခါမှာတော့ ၀မ်းသာဝမ်းနည်း ဖြစ်ကြရဦးမှာပါ။ ၀မ်းသာကြမှာကတော့ တိုင်းပြည်နဲ့  လူမျိုးကို ဒုက္ခမျိုးစုံပေး၊ ဘာသာ သာသနာနဲ့  သံဃာတော်ကို စော်ကား၊ ရဟန်းရှင်လူ ပြည်သူအပေါင်းရဲ့  မျက်ရည် သွေးကျအောင်လုပ်သူ တစ်ဦး ဇိဝိန်ချူပ်သွားတာအတွက် ၀မ်းသာကြမယ်လို့  ဆိုနိုင်သလို၊ တိုင်းပြည်နဲ့  လူမျိုး အားဏာရူးတွေလက်အောက်က လွတ်မြောက်ပြီး မိုက်ရိုင်းယုတ်မာသူတွေကို မသေခင် ထိုက်တန်တဲ့ ပြစ်ဒဏ်မခတ်လိုက်ရတာအတွက် ၀မ်းနည်းရတာ ဖြစ်ပါလိမ့်မယ်။
နအဖ လူသတ်ကောင် သံဃာသတ်သမား သန်းရွှေ သေဆုံးရမယ့်အချိန်ကာလဟာ ပုံမှန်အရဆိုရင် ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့  အင်္ဂါနေ့  ဖြစ်ခဲ့ပါတယ်။
နအဖ လူသတ်ကောင် သံဃာသတ်သမား သန်းရွှေအတွက် အလွန်ဆုံးဆွဲဆန့် ထားတဲ့ သေဆုံးချိန် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက် သောကြာနေ့ ထက် မကျော်လွန်နိုင်ပါကြောင်း ဆိုထားပါတယ်။
နအဖ လူသတ်ကောင် သံဃာသတ်သမား သန်းရွှေ အမှန်တကယ် သေဆုံးမှာကတော့ မကြာခင် အချိန်ကာလတိုတိုလေးမှာ ဖြစ်ပါကြောင်း သန်းရွှေ ပြုလုပ်ခဲ့သမျှသော မကောင်းကျိုးတရားတွေကြောင့် ဖြစ်ပါတော့တယ်။
No comments:
Post a Comment