၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအတွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့  မိန့် ခွန်းပြောမှု ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်၊ ရန်ကုန်မြို့  ရွှေတိဂုံဘုရား အနောက်ဘက်မုဒ်မှာ မြန်မာပြည်သူလူထု စုစုပေါင်း (၅) သိန်းကျော်တက်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မိန့် ခွန်းပြောမှု ဖြစ်ပါတယ်။
ပထမဦးဆုံး မြန်မာပြည်သူလူထုကို မိန့် ခွန်း စတင်ပြောကြားပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ စတင်ပြီး မြန်မာပြည် ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုကြီး ပါဝင်ဦးဆောင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဆုံးဖြတ်ချက်ကို တရားဝင် ပြည်သူလူထုအား အသိပေးခဲ့ပါတယ်။
တစ်နိုင်ငံလုံးက မြန်မာပြည်သူလူထုအပေါင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မိန့် ခွန်းကို နားထောင်ပြီးကြပြီး နောက်နေ့ တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်ရဲ့  လူထုခေါင်းဆောင်အဖြစ် သောင်းသောင်းဖြဖြ ကြိုဆိုထောက်ခံခဲ့ကြပါတယ်။ ရဟန်းရှင်လူ ကျောင်းသားပြည်သူတစ်ရပ်လုံးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဦးဆောင်မှုကို ခံယူခဲ့ကြပါတယ်။
၁၉၈၈ ခုနှစ်ရဲ့  ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးရဲ့  သမိုင်းကြောင်းတွေဟာ ကမ္ဘာတည်သရွေ့  အစဉ်တည်မြဲနေမှာ ဖြစ်ပါကြောင်းနဲ့  ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း အသက်စွန့် လွှတ်ခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းအား ဦးညွှတ်အလေးပြုအပ်ပါတယ်။
လေးစားလျက် -
နစ်နေမန်း။
(ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ မိန့် ခွန်းစကားတွေကို သေသေချာချာ နားဆင်ကြည့်နိုင်ရန်အတွက် အသံအနည်းငယ်မြှင့်၍ နားထောင်ကြည့်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်)။
No comments:
Post a Comment