ရန်ကုန်တိုင်းအတွင်း တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ်များ၏ ဆောင်ရွက်မှု။
သြဂုတ်လ (၈) ရက်နေ့ တွင် ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသော ကျောင်းသား၊ လူငယ်များအင်အားစုများက ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အကြိုလှုပ်ရှားမှုအဖြစ် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲဆန့် ကျင်ရေးပို့ စ်ကတ်ဒ်နှင့် ဓါတ်ပုံများကို ရန်ကုန်တိုင်းအတွင်းတွင် ရှိသော ဘုန်းတော်ကြီးစာသင်တိုက်များကို အဓိကထားရ်ျ ဖြန့် ဝေခဲ့ ကြကြောင်း သိရှိရသည်။
၎င်းလှုပ်ရှားမှုကို အဆိုပါကျောင်းသားအင်အားစုများနှင့်  ချိတ်ဆက်ဆောင်ရွက်နေသော သံဃာတော်အရှင်သူမြတ်အချို့ က ကူညီဆောင်ရွက်ပေးခဲ့ ကြောင်းလှုပ်ရှားမှုတွင် ပါဝင်ခဲ့ သောကျောင်းသားလူငယ်တစ်ဦးက ပြောကြားခဲ့ သည်။ "ရန်ကုန်တိုင်းအတွင်းမှာပါဝင်တဲ့ လှိုင်မြို့ နယ်၊ မင်္ဂလာတောင်ညွန့် မြို့ နယ်၊ဒေါပုံမြို့ နယ်၊သာကေတမြို့ နယ်၊သုံးခွမြို့ နယ်နှင့် သန်လျင်မြို့ နယ်တို့ မှာရှိတဲ့  စာသင်တိုက်တွေကို အဓိကထားပြီး ဖြန့် ဝေခဲ့ ပါတယ်။
စာသင်တိုက်တွေကို အဓိကထား ဖြန့် ဝေရတဲ့ ရည်ရွယ်ချက်ကတော့  ဒီနအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲဟာ ပြည်သူတွေအတွက်၊ နိုင်ငံအတွက် ချောက်ကမ်းပါးကို တွန်းပို့ မယ့် ကိစ္စတစ်ခုပါဆိုတဲ့  message ကို စာသင်သား သံဃာတော်တွေကတစ်ဆင့်  သူတို့ ဆွမ်းခံကြွနေတဲ့ ပြည်သူတွေဆီကို ရောက်အောင်လို့ ပြုလုပ်ရတာ ဖြစ်ပါတယ်။
ဖြန့် ဝေတဲ့ ပို့ စ်ကတ်ဒ်နဲ့ စတစ်ကာတွေမှာ ပြည်တွင်းစစ်ဖြစ်အောင် ပြုလုပ်မယ့်  ၂၀၁၀ ရွေးကောက်ပွဲကို ဆန့် ကျင်ကြဆိုတဲ့ စာသားတွေရယ်၊ တရားဝင်စစ်ကျွန်ဖြစ်စေမယ့်  ၂၀၁၀ ရွေးကောက်ပွဲကို ဆန့် ကျင်ကြဆိုတဲ့  စာသားတွေရယ်၊ ရွေးကောက်ပွဲမှာ မဲမထည့် ပဲနေတာဟာလဲ ပြည်သူတွေရဲ့  ကိုယ်ပိုင်အခွင့် အရေးပဲဆိုတဲ့ စာသားတွေရယ် ရေးထားပါတယ်" ဟု အဆိုပါကျောင်းသားလူငယ်မှ ပြောကြားသွားခဲ့ သည်။
ရန်ကုန်တိုင်းအတွင်း တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ်များ။
No comments:
Post a Comment