Thursday, August 12, 2010

အရွယ်ရောက်ပြီး မိန်းမပျို ယောက်ျားပျို လူငယ်များ ပျက်စီးရေးနဲ့  အရွယ်မရောက်သေးသော ကလေးသူငယ်များ အတုခိုးနိုင်စေရေး - ပုံ နအဖ။

ယခုလ သြဂုတ်လ (၇) ရက်နေ့  ရန်ကုန်မြို့  သုဝဏ္ဏအားကစားရုံမှာ Bo Bo Entertainment ကနေ စီစဉ်ကျင်းပခဲ့တဲ့ Acoustic Hip-Hop Show ပွဲမှာ မြင်ရတွေ့ ရတာတွေကတော့ နအဖလက်အောက်က မြန်မာနိုင်ငံမှာ ပျက်ဆီးပေါင်းမြောက်မြားစွာဖြစ်နေရှိနေကြတဲ့အထဲက တစ်ခုဖြစ်ပါတော့တယ်။

လူမြင်ကွင်း အများမြင်ကွင်းမှာတောင် ဒီလိုဝတ်စားဆင်ယင်မှုတွေ လှုပ်ရှားမှုတွေ ဒီလောက်ဖြစ်နေတာမို့  နောက်ကွယ်မှာ မြန်မာမိန်ကလေးတွေ ယောက်ျားလေးတွေ ဖြစ်ချင်တိုင်း ဖြစ်နေ ဘ၀တွေ ပျက်ဆီးချင်တိုင်း ပျက်ဆီးနေတာ ဒီလိုဟာတွေက စတင်လာတာဆိုတာ ပြောဆိုလို့ ရပါတယ်။

စင်ပေါ်မှာ အောက်ခံဘောင်းဘီကအစ မြင်ရအောင် ၀တ်စားဆင်ယင် တင်တွေလှုပ်ပြနေတာ ဒီလိုပွဲမျိုးကို နအဖတွေက ခွင့်ပြုထားပါတယ်။



ဒီလို ခန္ဓာကိုယ်တွေ ပေါ်အောင် ၀တ်ထားပြီး ရမ်းချင်သလို ရမ်း လှုပ်ချင်သလို့ လှုပ်ပြနေတဲ့ မိန်းကလေးတွေရဲ့  နောက်ဘက်က သီချင်းလိုက်ဆိုနေတဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကိုပါ စင်ပေါ်မှာ တွေ့ မြင်နေရတာ အင်မတန် မသင့်တော်တဲ့ လုပ်ရပ်ပါဘဲ။

ဒီလိုလုပ်ရပ်တွေကို လိုလိုလားလား ခွင့်ပြုနေတဲ့ နအဖရဲ့  ဆောင်ပုဒ်အသစ်တွေကတော့ -

တစ်မျိုးသားလုံး စိတ်ဓါတ်နှင့် အကျင့်စာရိတ္တပျက်ပြားရေး။

အမျိုးဂုဏ် ဇာတိဂုဏ် နိမ့်ကျရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အမျိုးသားရေးလက္ခဏာများ ပျောက်ပျက်အောင် အားပေးဆောင်ရွက်ရေး။

အရွယ်ရောက်ပြီး မိန်းမပျို ယောက်ျားပျို လူငယ်များ ပျက်စီးရေးနဲ့  အရွယ်မရောက်သေးသော ကလေးသူငယ်များ အတုခိုးနိုင်စေရေး - ဆိုတဲ့ ဆောင်ပုဒ်များ ဖြစ်ပါတော့တယ်။

No comments: