Monday, August 16, 2010

နအဖလက်အောက်က စည်ပင်သာယာက ဒီလိုဘဲလား။

ယခင်တိုင်စာဖြစ်သည့် “ကော့သောင်းမြို့ က စည်ပင်ဝန်ထမ်း ဒေါ်ကေသွယ်၏ မတရားလုပ်ရပ်အား မကျေနပ်။” (http://www.niknayman-niknayman.co.cc/2010/08/blog-post_15.html) အား ကော့သောင်းတာဝန်ရှိသူများမှ အရေးယူဆောင်ရွက်ပေးမှု မရှိသည်ကို တွေ့ရှိရပါသည်။ ဒေါ်ကေသွယ်လွင် (စည်ပင်ဝန်ထမ်း) မှာ ရွာသူရွာသားများအပေါ်တွင်လည်း ရိုင်းစိုင်းမောက်မာစွာ ဆက်ဆံပြောဆိုလာပါသည်။

ငါဟာဝန်ထမ်းဖြစ်တယ် နင်တိုရွာကိုေ-ာက်ဂရုစိုက်စရာမလိုဘူး ဟူသော စကားမှာ ရွာထဲတွင် ပေါ်ပျူလာအဖြစ် ပြောဆိုနေကြပါသည်။ ကျေးရွာကို စော်ကားခြင်း ဖြစ်ပါသည်။

စည်ပင်ဝန်ထမ်းတစ်ယောက်ဆိုသော်ငြားလည်း ဒေါ်ကေသွယ်လွင်သည် တရားမ၀င် (၂ ) လုံး (၃) လုံးဒိုင် (ဒိုင်ကြီး) အဖြစ် ပြင်ပစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေပါသေးသည်။ လက်ရှိမျက်မြင်အရ ဒေါ်ကေသွယ်လွင် ပိုင်ဆိုင်မှုများမှာလည်း (၂) ထပ်တိုက်တစ်လုံးနှင့် ဆလွန်းကားတစ်စီး ပိုင်ဆိုင်ထားပါသည်။

လက်ရှိရွာတွင် လုပ်ကိုင်နေသေား မီးစက်နှစ်လုံးကို ကြံ့ဖွံ့အမည်ခံဖြင့် ရေလုပ်သားရွာသူရွာသားများအပေါ်တွင် ဓာတ်အားခကျသင့်ငွေများကို ထိုင်းဘတ်ငွေဖြင့်သာ မတရား ကောက်ခံပါသည်။ ထိုသို့ ဝန်ထမ်းအရေခြုံ မတရားစီးပွားရေးသမား လောင်းကစားဒိုင် လုပ်ကိုင်နေသည်ကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် သိသာထင်မြင်စေရန် ယခုရောက်ရှိနေရာမှ မိမိရပ်ရွာအကျိုးသယ်ပိုးသောအားဖြင့် တင်ပြပေးလိုက်ရပါသည်။

(ရေးသားသူ - ကော့သောင်းသား)။

No comments: