နအဖတွေ အင်မတန် ဖြစ်ချင်နေတဲ့ ရွေးကောက်ပွဲ နည်းပေါင်းစုံနဲ့  ဖျက်ဆီးကြမယ်။
မြန်မာပြည်သူပြည်သားအပေါင်း ပြည်တွင်း၊ နယ်စပ်နှင့် နိုင်ငံတကာရှိ ဒီမိုကရေစီအင်အားစုများအပေါင်းတို့ခင်ဗျား -
လေးစားစွာဖြင့် ရေးသားလိုက်ပါသည်။
နအဖက သူတို့ရွေးကောက်ပွဲကို နိုဝင်ဘာ (၇) ရက်နေ့မှာ လုပ်မယ်လို့  ကြေညာလိုက်ပါပြီ။
ထိုနေ့ရောက်ရန် ရက်ပေါင်း (၈၅) ရက် လိုပါသေးသည်။
အာဏာရှင်ကို ဆန့် ကျင်ခဲ့ကြသော ကျောင်းသားပြည်သူများ၏ လှုပ်ရှားမှုများကို ပြန်ကြည့်လျှင် အကြမ်းအားဖြင့် ဘုန်းမော်နေ့မှ တံတားနီနေ့အထိ (၃) ရက်သာ ကြာခဲ့ပါသည်။ ဇူလိုင်ကျောင်းသားအရေးအခင်းများမှ ရှစ်လေးလုံးနေ့အထိ (တစ်လ) သာ ကြာခဲ့ပါသည်။
ဆရာနန္ဒသိန်းဇံပြောသလို ကျနော်တို့ရဲ စိတ်ဓါတ်အင်အားသာရှိလျှင် မီးခင်းတဲ့ ခရောင်းလမ်းကိုတောင် ဖြတ်ကျော်နိုင်ကြမှာ သေချာပါတယ်။
ဒါကြောင့် တတ်နိုင်သမျှ အစွမ်းကုန် စုစည်းကြ၊ နအဖရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံ (အနုနည်း၊ အကြမ်းနည်း ကြိုက်တဲ့နည်းနဲ့) ဖျက်ဆီးကြ။
၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲဥပဒေများကို မီးရှို့ဖျက်ဆီးကြ။ လက်နက်ကိုင်တပ်များအားလုံး ပြည်သူလှုပ်ရှားမှုနှင့် ပူးပေါင်းပါဝင်တိုက်ပွဲဝင်နိုင်အောင် လက်နက်များကို အသင့်ပြင်ထားကြ။
တတ်နိုင်တဲ့နည်းနဲ့ နအဖအမိန့်အာဏာအားလုံးကို မျက်ကွယ်ပြုကြ။ နိုင်ငံရေးပါတီများ ရှဲဒိုးကက်ဘိနက်များ ဖွဲ့ထားကြ။ နအဖနဲ့ ထိပ်တိုက်မတွေ့လိုသူများ ရှောင်ရှားကြ၊ အလိမ္မာသုံးကာ ငြင်းဆန်ကြ။ လူထုလူတန်းစားအားလုံး မဖြစ်ဖြစ်တဲ့နည်းနဲ့  ဖီဆန်တွန်းလှန်ကြ။ အထွေထွေသပိတ်ကို ဆင်နွဲကြ။
ပြည်ချစ်စစ်သည်များ ... စစ်သားအချင်းချင်း စစ်ကျွှန်ဇာတ်သွင်းထားမှုကို တွန်းလှန်ပုန်ကန်ကြ။ ဗိုလ်ချုပ်ယုတ်များကို ပူးကပ်လုပ်ကြံကြ။ ပြည်သူတို့နှင့် ပူးပေါင်းကြ။ ရောက်လေရာအရပ်မှာ နအဖနှင့် နအဖဒေါက်တိုင်များကို ထိပ်တိုက်ရင်ဆိုင်ကြ။
နိုဝင်ဘာ (၇) ရက်၊ ၂၀၁၀ခုနှစ် မှသည် အဆုံးသတ်ပြည်သူ့တိုက်ပွဲဆီသို့ တတ်နိုင်သရွေ့ ပြင်ဆင်ကြ။
စစ်အာဏာရှင်တွေနဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကို ပြုတ်ကျစေရမည်။
ဒီမိုကရေစီ အောင်ကို အောင်ရမည်။
ဒီမိုကရေစီတော်လှန်ရေးသစ္စာဖြင့် -
ရဲထွဋ်။
No comments:
Post a Comment