Sunday, September 5, 2010

မြန်မာပြည်အရေး တက်ကြွစွာ မှတ်တမ်းတင်ဆောင်ရွက်ပေးခဲ့သည့် မစ္စတာ ဆမ် ကလျာဏီ အား ကြေကွဲဝမ်းနည်းစွာဖြင့် နှုတ်ဆက်ခြင်း။

မြန်မာပြည် ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုတွင် မြန်မာပြည်သူပြည်သား ကျောင်းသားကျောင်းသူများနှင့်အတူ ထိုင်း-မြန်မာနယ်စပ်ဒေသတစ်လျှောက်တွင်လည်းကောင်း ထိုင်းနိုင်ငံအတွင်းတွင်လည်းကောင်း ၁၉၈၈ ခုနှစ်အချိန်ကာလမှ ယခု ကွယ်လွန်ဆုံးပါးသွားသည့်အချိန်ထိတိုင် တက်ကြွစွာဖြင့် ပါဝင်ကူညီခဲ့သော ထိုင်းလူမျိုး မစ္စတာ ဆမ် ကလျာဏီ (အသက် ၅၀ နှစ်) ဆုံးပါးသွားကြောင်း သိရှိရသဖြင့် ကြီးမားသော ဆုံးရှုံးမှုတစ်ခုအဖြစ် ကြေကွဲဝမ်းနည်းစွာ မှတ်တမ်းတင်အပ်ပါသည်။






























မစ္စတာ ဆမ် သည် ၁၉၈၈ ခုနှစ် အချိန်ကာလတွင် ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်ရှိ မြန်မာကျောင်းသား ကျောင်းသူများနှင့်အတူ ရင်းနှီးခင်မင်စွာဖြင့် အတူနေထိုင် ကူ ကူညီဆောင်ရွက်ခဲ့သူဖြစ်ပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့  ၀င်များ၏ ဘ၀ပုံရိပ်များအား မှတ်တမ်းတင်ခဲ့သူ ဖြစ်သည်။

မစ္စတာ ဆမ် သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာပြည်သူများ၏ ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုများ၊ မြန်မာကျောင်းသားကျောင်းသူများ၏ တော်လှန်ရေးဆောင်ရွက်မှုများ၊ နယ်စပ်ဒေသနှင့် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာ့ဒီမိုကရေစီအင်အားစု အဖွဲ့ အစည်းများ၏ လှုပ်ရှားဆောင်ရွက်မှုများကို ဗွီဒီယို ဓါတ်ပုံများဖြင့် မှတ်တမ်းတင်ပေးခဲ့သူလည်း ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ကနဦး ဗွီဒီယိုမှတ်တမ်းဖြစ်သည့် Barefoot Student Army (1992)၊ မြန်မာအမျိုးသမီးများ ကြုံတွေ့ နေရသည့် မတရားမှုများကို မှတ်တမ်းတင်ဖေါ်ပြသည့် Caught in the Crossfire ဗွီဒီယို မှတ်တမ်း၊ မြနမာကလေးစစ်သားများအကြောင်း တင်ပြထားသည့် The Invisible Soldiers (2009) ဗွီဒီယိုမှတ်တမ်း၊ မြေမြုပ်မိုင်းများအကြောင်း ဖေါ်ထုတ်သည့် Burma’s Hidden Killers (2009) တို့ အား မှတ်တမ်းတင်ရိုက်ကူးခဲ့ပါသည်။ ထို့ အတူ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှတ်တမ်းတစ်ခုဖြစ်သည့် Burma VJ (2009) ရုပ်ရှင်မှတ်တမ်းအားလည်း တွဲဘက်ထုတ်လုပ်ခဲ့သူ ဖြစ်ပါသည်။

မစ္စတာ ဆမ် သည် ကွယ်လွန်သည့် အချိန်တိုင်အောင် ၄င်းကိုယ်တိုင် တည်ထောင်ခဲ့သော Image Asia အဖွဲ့ ကြီးအား တာဝန်ယူ ဆောင်ရွက်နေသူ ဖြစ်ပါသည်။

ထိုင်းလူမျိုး မစ္စတာ ဆမ် သည် အာဏာရှင်လက်အောက်မှ မြန်မာပြည်သူပြည်သားများ၏ ဘ၀ကို စာနာသူဖြစ်ပြီး မြန်မာလူမျိုးတစ်ဦးကဲ့သို့  မြန်မာပြည်အရေးကိစ္စအား မြန်မာလူမျိုးများနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ အတူတကွနေထိုင်ကာ ကူညီမှုအပြည့်ပေးသောသူဖြစ်ရုံမက ၄င်းတတ်ကျွမ်းသည့် မှတ်တမ်းပညာရပ်များဖြင့်၎င်း မြန်မာနိုင်ငံ၏ မျက်မှောက်သမိုင်းမှန်အား မှတ်တမ်းတင်ပေးခဲ့သူဖြစ်သည့်အတွက် မစ္စတာ ဆမ် ကွယ်လွန်မှုသည် မြန်မာပြည်သူပြည်သားများအတွက်လည်း ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပါသည်။

မစ္စတာ ဆမ် သည် ၄င်း၏ တန်ဖိုးမဖြတ်နိုင်သော မှတ်တမ်းဓါတ်ပုံများအား သူ၏ Facebook တွင် ကြီးမားသောစေတနာဖြင့် ပြန်လည်ဖေါ်ပြပေးခဲ့ခြင်းအားဖြင့် မြန်မာကျောင်းသူကျောင်းသား တော်လှန်ရေးအင်အားစုများ၏ ပုံရိပ်လွှာများအား အတင်ကရ အမှတ်တရဖြစ်စေခဲ့ပါသည်။

ယခုလို မစ္စတာ ဆမ် ကွယ်လွန်ဆုံးပါးသွားကြောင်း သိရှိလိုက်ရတဲ့အတွက် မစ္စတာ ဆမ်၏ မိတ်ဆွေများအနေနဲ့  စိတ်မကောင်းစရာ သတင်းအတွက် တုန်လှုပ်မိကာ ကြေကွဲဝမ်းနည်းကြရတယ်ဆိုတာ သူ့ ရဲ့  Facebook (http://www.facebook.com/album.php?aid=5103&id=100000906672776#!/profile.php?id=100000906672776) စာမျက်နှာမှာ တွေ့ ရှိ ကြရမှာ ဖြစ်ပါတယ်။






























































































ကျွန်တော် နစ်နေမန်း၏ ဘလော့စာမျက်နှာတွင်လည်း မစ္စတာဆမ်၏ မှတ်တမ်းဓါတ်ပုံများအား လိုလားနှစ်ခြိုက်စွာ ဖေါ်ပြခွင့်ပြုခဲ့သော မိတ်ဆွေကြီး ဆမ်အား ကျေးဇူးတင်ရှိကာ အထူးအမှတ်တရဖြစ်နေမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့ ရဲ့  မိတ်ဆွေ အကိုတော်ကြီး ဆမ် ကလျာဏီရဲ့  နောက်ဆုံးခရီးအား သွားရောက်နှုတ်ဆက်လိုကြသူများအတွက် အောက်ဖေါ်ပြပါ နေရာအား ဖေါ်ပြအပ်ပါတယ်။ ယနေ့ မှ စပြီး ညစဉ် (၇) နာရီခွဲအချိန်တိုင်း သောကြာနေ့  စက်တင်ဘာလ (၁၀) ရက်နေ့ ထိတိုင်အောင် Funeral Ceremony ကို ကျင်းပမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ (၁၁) ရက်နေ့ မှာ ထိုင်းဘုန်းကြီးကျောင်း Wat Chang Taem မှာ သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။
Just to let people know funeral ceremony everynight 7.30 PM till Friday Sep 10, at Wat Chang Taem on Prapokklao Road, Chiang Mai. Cremation Saturday 11th

ကျွန်တော်တို့ ရဲ့  အကိုတော်ကြီး ဆမ် ကောင်းရာသုဂတိ ရောက်ပါစေလို့  ဆုတောင်းရင်း ဆမ်ရဲ့  မှတ်တမ်းပုံရိပ်များနှင်အတူ ဆမ်၏ ပုံရိပ်သည်လည်း ကျွန်တော်တို့  ရင်ထဲ ကျွန်တော်တို့  လှုပ်ရှားမှု မှတ်တမ်းထဲတွင် ထာဝစဉ် တည်ရှိနေမည့်ဖြစ်ကြောင်း ဆမ် သိပါစေဗျာ ….































ကျွန်တော်တို့ ရဲ့  အကိုတော်ကြီး ဆမ် ကောင်းရာသုဂတိ ရောက်ပါစေလို့  ဆုတောင်းရင်း ဆမ်ရဲ့  မှတ်တမ်းပုံရိပ်များနှင်အတူ ဆမ်၏ ပုံရိပ်သည်လည်း ကျွန်တော်တို့  ရင်ထဲ ကျွန်တော်တို့  လှုပ်ရှားမှု မှတ်တမ်းထဲတွင် ထာဝစဉ် တည်ရှိနေမည့်ဖြစ်ကြောင်း ဆမ် သိပါစေဗျာ ….

နစ်နေမန်း။

No comments: