Tuesday, September 28, 2010

နအဖရဲ့  ကြံ့ ဖွတ်တွေ မဲရဖို့  လိမ်ညာနေကြ။














လွန်ခဲ့တဲ့ စက်တင်ဘာလ (၂၀) ရက်နေ့က မှော်ဘီမြို့နယ် ဖေါင်ကြီးအလွန်က မင်းကုန်ကျွေးရွာ မှာ ရန်ကုန်မြို့တော် မီးပေးဝေရေးဥက္ကဌ ဗိုလ်မှူးကြီး ခင်မောင်စိုး ဟာ ကြံ့ဖွတ်ပါတီ မဲဆွယ်ရေး ကိစ္စ ဆောင်ရွက်ခဲ့ပါတယ်။

ကြံဖွတ်ပါတီဟာ နအဖကျောထောက်နောက်ခံပါတီ ဖြစ်မှန်း သိသာစေလွန်းတယ်။ ငွေဘယ်လောက် ပေါနေလဲတော့ မသိဘူးဗျာ။ တစ်အိမ်ထောင်ကို ကျပ် နှစ်သောင်းကနေ ခြောက်သောင်းအထိ အတိုးမဲ့ ငွေချေးတယ် ဆိုပြီး ငွေတွေ ထုတ်ချေးခဲ့ပါတယ်။ အကျိုးလိုလို့  ညောင်ရေလောင်းမှန်း သိသာပါတယ်။

ငွေချေးရင်းနဲ့ ငွေချေး စာချူပ် ချူပ်သလိုလိုနဲ့ မသိနားမလည်တဲ့ တောနယ်က လူတွေကို လက်မှတ်ထိုးရမယ့် ပုံစံတွေမှာ ကြံ့ဖွတ်ပါတီ အသင်းဝင်ခွင့် ပုံစံတွေကို ဖြည့်စွက် လက်မှတ်ထိုးစေခဲ့ပြီး အသင်းဝင်ပေါင်း ၃၀၀၀ ကျော် စုဆောင်းသွားပါတယ်။ အဲ့ဒီလို မသိလိုက်ဘဲ ကြံဖွတ် ပါတီဝင်ဖြစ်သွားတဲ့ အတွက် အဲ့ဒီလူတွေဟာ အလိုလိုနေရင်း ကြံ့ဖွတ်ကို မဲပေးပြီးသား ဖြစ်သွားစေတယ်လို့လဲ သိရပါတယ်။

ဒီလို မဲ ကို လှည့်ဖြားပြီး လိမ်ညာကောက်ယူနေတာတွေကို အများပြည်သူတွေကို သိအောင် တင်ပြလိုက်ရပါတယ်။ ကြိုတင် မဲတွေ ကောက်၊ လိမ်ညာပြီး မဲတွေ ကောက်နေတယ်ဆိုကတည်းက နအဖတို့ ရဲ့  ရွေးကောက်ပွဲဆိုတာကတော့ ....

No comments: