ယနေ့  ကျင်းပသော မ၀င်းမော်ဦး ကွယ်လွန်ခြင်း (၂၂) နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား။
၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၉) ရက်နေ့  - လက်နက်ကိုင်အကြမ်းဘက်အာဏာရူးတို့ မှ ပြည်သူ့ အာဏာကို မတရားသိမ်းပိုက်ခဲ့သည့်နေ့  နောက်တစ်နေ့ တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ပြသနေကြသော ရဟန်းရှင်လူကျောင်းသားပြည်သူများအား ရက်ရက်စက်စက် ပစ်သတ် သတ်ဖြတ်ခဲ့ရာတွင် ကျောင်းသူငယ်လေး မ၀င်းမော်ဦးအပါအ၀င် ပြည်သူပေါင်း ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြရပါသည်။
ထိုသို့ သော အပြစ်မဲ့သည့် ပြည်သူပြည်သားများ အသက်ဆုံးရှုံးခဲ့ကြရသည့် ယနေ့  စက်တင်ဘာလ (၁၉) ရက်နေ့  နှစ်ပတ်လည်နေ့ တွင် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးကာလအတွင်း ကျဆုံးခဲ့ကြသော ရဟန်းရှင်ပြည်သူများနှင့်တစ်ကွ အာဇာနည်သူရဲကောင်း ကျောင်းသားကျောင်းသူများအား ဦးညွှတ်ဂုဏ်ပြုရင်း ကျောင်းသူငယ်လေး မ၀င်းမော်ဦး၏ မိဘများနေအိမ်တွင် မ၀င်းမော်ဦး၏ ကွယ်လွန်ခြင်း (၂၂) နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားအား ကျင်းပခဲ့ပါသည်။
ယနေ့ ကျင်းပခဲ့သော မ၀င်းမော်ဦး၏ ကွယ်လွန်ခြင်း (၂၂) နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားတွင် မ၀င်းမော်ဦး အဘွားဖြစ်သူ ဒေါ်နီ (အသက် ၈၈ နှစ်) မှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတွင် ရဟန်းသံဃာတော်များနှင့်အတူ (၃) ရက်တိုင်တိုင် ဆန္ဒပြလမ်းလျှောက်ခဲ့သူ ဖြစ်ပါသည်။ ထိုသို့  လမ်းလျှောက်ဆန္ဒပြစဉ် ၂၀၀၇ ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့ တွင် သံဃာတော်များအား နအဖအာဏာရူး လက်ပါးစေများမှ အကြမ်းဘက်နှိမ်နင်းသတ်ဖြတ်ပြုလုပ်နေစဉ် အဘွား ဒေါ်နီအား ရွှေတိဂုံဘုရား အရှေ့ ဘက်မုခ်၌ သံဃာတော်တစ်ပါးမှ နီးစပ်ရာတိုက်တစ်ခုပေါ်သို့  ပွေ့ ချီတက်ပြေးရှောင်ပုံးခဲ့ရ၍ အသက်ဘေးအန္တရာယ်မှ ကင်းလွတ်ခဲ့ရပါသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၉) ရက်နေ့  ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအတွင်း ကျဆုံးခဲ့ရသော မ၀င်းမော်ဦး၏ အဘွားဖြစ်သူ ဒေါ်နီနှင့်အတူ မ၀င်းမော်ဦး၏ ဖခင် ဦးဝင်းကြူနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အလုံမြို့ နယ် လူငယ်၊ အကြမ်းမဘက် အမျိုးသားလှုပ်ရှားမှုအဖွဲ့  ဦးဆောင်သူ ကိုလူမော်လတ်တို့ အား ယနေ့  အောက်မေ့ ဖွယ်အခမ်းအနားတွင် အတူတကွ တွေ့ မြင်ရစဉ် ဖြစ်ပါတယ်။
(ပေးပို့ လာသော ရွှေကျောင်းသားအား ကျေးဇူးတင်ရှိပါသည်)။
No comments:
Post a Comment